ယင်းမာပင်၊မိုးကောင်းမှာ ညတိုက်ပွဲ ဆင်နွှဲ

ယင်းမာပင်၊မိုးကောင်းမှာ ညတိုက်ပွဲ ဆင်နွှဲ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊မိုးကောင်းရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ မိုးကောင်းကျေးရွာမှာ အကြမ်းဖက်စစ်အင်အား၁၀၀ဝန်းကျင်ရှိပြီး မေ၂၂ရက်နေ့ ည၇နာရီကနေ၈နာရီအထိ ရှော့တိုက်ဒုံး၊လက်နက်ကြီး၊လက်နက်ငယ်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အကြမ်းဖက်စစ် တပ်ဘက်ကသေဆုံးထိခိုက်မှုရှိပေမဲ့ အရေအတွက်ကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲကို အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်းနဲ့အတူ ဒေသတွင်း တော်လှန်ရေးအင်အားစုအ ချို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

Read More
ယင်းမာပင်-ဆားလင်းကြီး ၄၃၈ ရက်မြောက် ရွာပေါင်းစုံသပိတ်

ယင်းမာပင်-ဆားလင်းကြီး ၄၃၈ ရက်မြောက် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ၄၃၈ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်ခဲ့ ကြပါတယ်။ ဒီနေ့စစ်ကြောင်းကို လက်ပံတောင်းတောင် ပင်မသပိတ်ဦးဆောင်သူတွေ ဝန်းရံချီတက်ကာ နိုင်ငံရေးတရား ဟောခဲ့ပါတယ်။

Read More
ယင်းမာပင်ဆားလင်းကြီးမှာ Chevron ကိုရပ်တန့်ပေးဖို့ Photo Campaign ပြုလုပ်

ယင်းမာပင်ဆားလင်းကြီးမှာ Chevron ကိုရပ်တန့်ပေးဖို့ Photo Campaign ပြုလုပ်

ဒီနေ့ မေလ ၂၁ ရက်နေ့မှာ ယင်းမာပင်ဆားလင်းကြီးက ရွာပေါင်းစုံလူထုစုဝေးပြီး အကြမ်းဖက်စစ်အုပ်စုကို စီးဆင်းမယ့် Chevron ကုမ္မဏီ အခွန်ငွေများကို ရပ်တန့်ပေးဖို့ Photo Campaing ပြုလုပ်ခဲ့ပါတယ်။ ဆားလင်းကြီးမြို့ မြောက်ခြမ်းနဲ့ ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကိုလည်း ၄၃၇ ရက်မြောက်နေ့အဖြစ် ဆန့်ကျင်ချီတက်မှုကို ဒီနေ့ မေ ၂၁ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

Read More
ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်

ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်

ဒီနေ့ မေလ ၂ ရက်နေ့မှာ စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၄၁၈ ရက်မြောက်နေ့အဖြစ် ရွာပေါင်းစုံသပိတ် ချီတက်ခဲ့ကြပါတယ်၊ အဆိုပါ သပိတ်စစ်ကြောင်းကို ဆားလင်းမြို့နယ် မြောက်ခြမ်းနဲ့ ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်က ကျေးရွာလူထုတွေ ပူးပေါင်းချီတက်ခဲ့ကြတာပါ။

Read More
ဘန့်ဘွေးရွာကို စစ်ကူလာတဲ့ စစ်ကားနှစ်စီး မိုင်းဆွဲခံရ

ဘန့်ဘွေးရွာကို စစ်ကူလာတဲ့ စစ်ကားနှစ်စီး မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာကို စစ်ကူလာတဲ့ စစ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်က ဘန့်ဘွေးရွာကို စစ်ကူထွက်လာတဲ့ စစ်အုပ်စုရဲ့ ကားနှစ်စီးကို ချိုချိုမိုင် ယင်းမာပင်-ကနီ တပ်ပေါင်းစုကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ ဘန့်ဘွေးကျေးရွာ စခန်းချထားတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ မနက်…

Read More
ယင်းမာပင် စစ်အုပ်စုစခန်း တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ်သား ၄ ဦးသေ

ယင်းမာပင် စစ်အုပ်စုစခန်း တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ်သား ၄ ဦးသေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ သွားရောက်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၄ နာရီလောက်မှာ အင်အား ၁၀၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို KLG PDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနီ PDF က သတင်းထုတ်ပြန်ပါတယ်။ ‘စစ်ခွေးတွေက ကျွန်တော်တို့ စစ်ကိုင်းတိုင်းကို…

Read More
ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ အကြမ်းဖက်စစ်တပ်ပစ်လို့ ကားပေါ်က ကလေးငယ်တစ်ဦးသေ

ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ အကြမ်းဖက်စစ်တပ်ပစ်လို့ ကားပေါ်က ကလေးငယ်တစ်ဦးသေ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာခရီးသွားကားတစ်စီးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ၁၇ရက်နေ့ မနက်၉နာရီလောက်မှာ ဖိုလ်ဝင်တောင်လမ်းခွဲအနီး နှစ်ထပ်တက်အဆင်းမှာအကြမ်းဖက်စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်ခရီးသွားကားအတွင်းထဲက ကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိပြီး သေဆုံးခဲ့တယ်လို့ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ ခရီးသွားပြည်သူကားကို ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်တပ်ဟာ မတ်လ၁၆ရက်နေ့တုန်းက အင်ကြင်းတောင်တောရဘုန်းတော်ကြီးကျောင်းမှာညအိပ်စခန်းချခဲ့တဲ့သူတွေထဲက နောက်ကျန်နေရစ်ခဲ့တဲ့သူတွေလို့သိရပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ ညောင်ပင်ကြီး-ယင်းမာပင်လမ်းပိုင်းပေါ်အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေကို စုံစမ်းပြီးမှ ခရီးသွားလာကြဖို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အကြံပြုပါတယ်။

Read More
ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာကို စစ်အုပ်စု ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူတစ်ဦး ကျည်ထိမှန်

ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာကို စစ်အုပ်စု ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူတစ်ဦး ကျည်ထိမှန်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ထန်းဇင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုတွေပါ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူတစ်ဦး ကျည်ဆံထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်အုပ်စုက ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးကာ…

Read More
အသက် ၁၉ နှစ်အရွယ် PDF ရဲဘော်တစ်ဦး ယင်းမာပင်တိုက်ပွဲမှာ ကျဆုံး

အသက် ၁၉ နှစ်အရွယ် PDF ရဲဘော်တစ်ဦး ယင်းမာပင်တိုက်ပွဲမှာ ကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာ People’s Defence Force – South Monywa ကအသက် ၁၉ နှစ်အရွယ် ရဲဘော်လင်းခန့်ကျော် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ရဲဘော်လင်းခန့်ကျော်ဟာ မတ်လ ၁၁ ရက်နေ့၊ အကြမ်းဖက်စစ်တပ်နဲ့တိုက်တဲ့ ယင်းမာပင်တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်းရဲရင့် မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ People’s Defence Force – South Monywa က ထုတ်ပြန်ပါတယ်။ ‘စစ်ခွေးတွေက ကျွန်တော်တို့ စစ်ကိုင်းတိုင်းကို…

Read More
မိုင်းမတော်တဆဖြစ်ပြီး ပြည်သူ့ရဲဘော် ၂ ဦးကျဆုံး

မိုင်းမတော်တဆဖြစ်ပြီး ပြည်သူ့ရဲဘော် ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မိုင်းပြန်ရှင်းလင်းရင်း မတော်တဆဖြစ်ပြီး Golden Star Forceက ပြည်သူ့ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ Golden Star Force က ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးလာမယ့် လမ်းကို အစောပိုင်းမှာ မိုင်းထောင်ထားထားခဲ့တာဖြစ်ပြီး စစ်အုပ်စုက ရောက်မလာတာကြောင့် မိုင်းတွေ ပြန်လည်ဖြုတ်သိမ်းစဉ်မှာ အခုလို ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ကျဆုံးသွားသူ ၂ ဦးမှာ ရဲဘော် ထက်နိုင်လင်းနဲ့…

Read More