ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ယမားဆည်လက်တံကျိုးလို့ ကျေးရွာနှစ်ဆယ်ခန့်က ဒေသခံတွေ ညတွင်းချင်းပြောင်းရွှေ့ခဲ့ရ

မေ၊ ၁၅   စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲနယ်အစပ်က မနေ့ညမြောက်ယမား ဆည်လက်တံကျိုးလို့ ကျေးရွာနှစ်ဆယ်ခန့်က ဒေသခံတွေ ညတွင်းချင်းပြောင်းရွှေ့နေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။   “ မနေ့က ညပိုင်းက ဆည်လက်တံကျိုးတာ မုန်တိုင်းကြောင့်၊ မိုးက ၁၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာစစ်ကောင်စီတပ် မီးရှို့သွားတဲ့ရွာကိုငြိမ်းဖို့ပြန်ဝင်လာသူတဦး အသတ်ခံရ

မတ်၊ ၆ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ထန်းတောကြီးကျေးရွာကိုဒီကနေ့နေ့လည်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့ပြီးနောက်ရွာကိုမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တဦးရဲ့ဖခင်ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ပြီးတနာရီလောက်အကြာမှာပဲမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့အသက်သုံးဆယ်ကျော်အရွယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်ရဲ့ဖခင်ဟာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီးအခုလိုသတ်ဖြတ်ခံခဲ့ရတာလို့သိရပါတယ်။ “ထန်းတောကြီးရွာမီးလောင်တာကိုငြိမ်းဖို့သွားတာ မိသွားတာကိုစာသင်ကျောင်းမှာ လက်တွေခြေတွေကိုကြိုးတုပ်ပြီးပစ်သတ်ပြီးအမှိုက်ပုံထဲမှာ ထားခဲ့တာ။သူ့သားရဲဘော်လေးကလဲဆယ်တန်းကျောင်းသားကနေပြည်သူ့ကာကွယ်ရေးတပ်သားဖြစ်လာတာ။သတ်ပြီးမှကျေးစာကျကိုဆက်ဝင်တာ။ခုတော့တခြားရွာကိုရောက်နေပြီ။ပြေးနေရတာရွာ ငါးရွာမကဘူး။လမ်းမှာဆိုင်ကယ်ပါတာတောင် ဆီပြတ်တဲ့သူကပြတ်၊မသိတဲ့သူတွေအိမ်လဲတောင်းပန်ပြီးဝင်အိပ်ရ၊ဒါနဲ့ဆိုရွာကိုမီးရှို့တာငါးခါရှိပြီ”လို့ထန်းတောကြီးဒေသခံတဦးက DNA ကိုပြောပါတယ်။ သေဆုံးသူရဲ့သားဖြစ်သူဟာဆယ်ကျော်သက်အရွယ် ဆယ်တန်းကျောင်းသားတဦးဖြစ်ပြီးလက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲမှာစစ်ကောင်စီတပ်တွေကိုခုခံတော်လှန်နေသူတဦးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ထန်းတောကြီး၊ကျေးစာကျ၊ဘိစန၊မျက်ရွှေနီရွာတွေကဒေသခံထောင်ဂဏန်းခန့်ဟာစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။

နိုင်ငံရေး

ချောင်းဦးနဲ့ ယင်းမာပင်မှာ စစ်ကောင်စီတပ်က ရွာတွေကိုမီးရှို့၊ ကလေးတဦးအပါအဝင် သေဆုံးသူတွေလည်းရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ခင်မွန်ရွာနဲ့ ယင်းမာပင်မြို့နယ်က မြောက်နုံးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၃ရက် မနေ့က မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   စစ်ကောင်စီတပ်တွေက ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို မနေ့က မနက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာ စစ်ကောင်စီက အိမ်ခြေ ခြောက်ရာခန့်မီးရှို့၊ ဒေသခံတွေ ထွက်ပြေးနေရ

မတ်၊ ၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီကဖေဖော်ဝါရီ၂၈ရက်နေ့ညနေပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးပြီးလေကြောင်းကတိုက်ခိုက်သလို အိမ်ခြေ၆၀၀လောက်မီးရှို့ခဲ့တာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်လို့သိရပါတယ်။ “မနေ့ညနေကစစ်ကြောင်းထိုးတာသူတို့ဘက်ကအထိနာတယ်ထင်တယ် ။ဒီနေ့လေကြောင်းနဲ့ပါလာတိုက်တယ် ။ကုန်း​ရွာ ကအိမ်ခြေ ၆၀၀ကျော်လောက်မီးရှို့သွားတယ်။ ကိုယ့်ဘက်က၂ဦးသေနတ်မှန်ထားတာတော့ရှိတယ် ။သူတို့ဘက်ကအကျအဆုံးများနိုင်တယ်။ကြီးကြီးမားမာတွေမို့လာသယ်သွားတာဖြစ်မယ်”လို့ယင်းမာပင်မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဦးဇော်ထူးအောင်က DNAကိုပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကုန်းရွာထဲကဒေသခံနှစ်ဦးကိုလဲမီးရှို့သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတွေကိုတွေ့ရတယ်လို့သိရပါတယ်။ လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးမီးရှို့နေတာကြောင့်ယင်းမာပင်မြို့ အနောက်ဘက် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးကပြောင်းပြာရွာ ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်စစ်ကြောင်းထိုးနေလို့ ယင်းမာပင်ဒေသခံ ငါးထောင်ကျော် စစ်ရှောင်နေရ

ဖေဖော်ဝါရီ၊ ၂၄ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးနေလို့ အနီးနားကျေးရွာတွေက ဒေသခံငါးထောင်ကျော်လောက် စစ်ရှောင်နေရတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ တာဝန်ခံ ကိုဇော်ထူးအောင်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ  ဖေဖော်ဝါရီ ၂၃ ရက်မနေ့ညပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မြို့ကိုနှစ်ဖက်ဘက်ညှပ်စစ်ကြောင်းထိုးနေလို့ ဒေသခံခြောက်ထောင်ကျော် စစ်ရှောင်နေရ

ဖေဖေါ်ဝါရီ ၊ ၂၂ စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ကို ဖေဖော်ဝါရီ ၂၂ရက်၊ ဒီကနေ့မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေလို့ ကျေးရွာ (၂၀)ခန့်က လူပေါင်းခြောက်ထောင်ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   စစ်ကောင်စီတပ်တွေဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မြို့နယ် ပြည်သူတရားရုံးက တနှစ်နီးပါးအတွင်း အမှုပေါင်း ခုနစ်ဆယ်ကျော် စီရင်ခဲ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူ့တရားစီရင်ရေးအဖွဲ့က တနှစ်နီးပါးအတွင်း အမှုပေါင်း ၇၀ ကျော်လောက်ကို စီရင်နိုင်ခဲ့တယ်လို့ ယင်းမာပင် ပအဖတာဝန်ခံ ကိုဇော် ထူးအောင်က DNA ကိုပြောပါတယ်။ အဲဒီနယ်မှာ အုပ်ချူပ်ရေးအဖွဲ့အစည်းနဲ့ မသက်ဆိုင်ဘဲ အမှီအခိုကင်းတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စခန်းသိမ်းတိုက်ပွဲပြန် PDF တွေကို အောင်သပြေနဲ့ကြို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေကြားက ကျောက်မျက်တောင်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ဒေသကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ (၁၉)ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။   အခုပုံတွေကတော့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး ပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ကြိုဆိုနေကြတဲ့ ပုံရိပ်တွေဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မြို့နယ်မှာ အခွန်မဆောင်ထားတဲ့ သစ်လုံး နဲ့ သစ်ခွဲသားဖမ်းဆီးရမိပါက ဆုကြေးပေးမယ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူအုပ်ချူပ်ရေးအဖွဲ့တွေကို တရားဝင်အခွန်ဆောင်ထားခြင်းမရှိဘဲ သယ်ယူနေတဲ့ သစ်နဲ့သစ်ခွဲသားတွေကို ဖမ်းဆီးရမိပါက ဆုချီးမြင့်မယ်လို့ ယင်းမာပင် ပကဖ တာဝန်ခံ ကိုဇော်ထူးအောင် က DNA ကိုပြောပါတယ်။ NUG အစိုးရ ဝန်ကြီးဌာနလမ်းညွှန်ချက်အရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်နယ်က ပြည်သူ့ ဘောလုံးပွဲ

စစ်ကိုင်းတိုင်း၊ယင်းမာပင်နယ်က ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ စိုးမိုးနယ်မြေအတွင်းမှာ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ယှဉ်ပြိုင်ကြတဲ့ ဖူဆယ် ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ရက် မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စိုးမိုးနယ် မြေအတွင်းက ကျေးရွာတွေ၊PDF ခရိုင်တပ်ရင်း၊ တပ်ဖွဲ့တွေက [ဆက်လက်ဖတ်ရှုရန်]