ရုရှားဆီ လက်နက်ရောင်းနေကြောင်း စွပ်စွဲချက်တွေကို မြောက်ကိုရီးယား ငြင်းဆို 

 ရုရှားဆီ လက်နက်ရောင်းနေကြောင်း စွပ်စွဲချက်တွေကို မြောက်ကိုရီးယား ငြင်းဆို 

ရုရှားဆီ လက်နက်တွေ တင်ပို့ရောင်းချပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယားက ငြင်းပယ်သွားခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ လက်နက်တွေ ပြုန်းတီးမှု များပြားလွန်းတာကြောင့် မြောက်ကိုရီးယားဆီကနေ ဖြည့်တင်း ဝယ်ယူဖို့ ချိတ်ဆက်လာရကြောင်း အမေရိကန် အစိုးရ အရာရှိ တချို့က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားအတွက် ဒုံးကျည်နဲ့ လက်နက်ကြီး ကျည်ဆန်တွေ တင်ပို့ဖွယ် ရှိနေတယ်လို့ အမေရိကန်က ယူဆထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ သူတို့ဟာ ရုရှားဆီ…

Read More
ဖျားနာမှုအသစ်တွေက ကိုဗစ်မဟုတ်ဘူးလို့ မြောက်ကိုရီးယား ထုတ်ပြန်

ဖျားနာမှုအသစ်တွေက ကိုဗစ်မဟုတ်ဘူးလို့ မြောက်ကိုရီးယား ထုတ်ပြန်

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသမှာ နောက်ထပ်တွေ့ရှိခဲ့တဲ့ ဖျားနာလူနာတွေဟာ အစောပိုင်းက စိုးရိမ်ထားသလို ကိုရိုနာဗိုင်းရပ်ကူးစက်မှုမဟုတ်ဘဲ တုပ်ကွေးသာဖြစ်တယ်လို့ မြောက်ကိုရီးယားက ဒီကနေ့ ဩဂုတ်လ ၂၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ကိုဗစ်သံသယရှိလူနာ ၄ ဦး ဖျားနာပြီးတဲ့နောက် Ryanggang ပြည်နယ်ရှိ တချို့နေရာတွေကို လော့ဒေါင်း ချထားလိုက်ပြီလို့ ပြောကြားပြီး တစ်ရက်အကြာမှာပဲ မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်မီဒီယာ KCNA ရဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အိုမီခရွန် ဖြစ်ပွားမှုကို…

Read More
အမေရိကန် – တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

အမေရိကန် – တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

မြောက်ကိုရီးယားဟာ ဩဂုတ်လ ၁၇ရက်နေ့ အစောပိုင်းက အနောက်ဘက်ကမ်းရိုးတန်းမြို့ အွန်ချွန်း ကနေ ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုပါတယ်။ တောင်ကိုးရီးယားနဲ့ အမေရိကန် စစ်အာဏာပိုင်တွေက ဒုံးကျည်ပစ်လွှတ်လိုက်တဲ့ အကွာအဝေးအပါအဝင်  ပျံသန်းမှု အသေးစိတ်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနေတယ်လို့  ဆိုပါတယ်။ အချိန်အတော်ကြာ ရပ်ဆိုင်းထားရတဲ့ စစ်ရေးလေ့ကျင့်မှု Ulchi Freedom Shield အတွက် ပြင်ဆင်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က လေးရက်ကြာ အကြိုပူးတွဲလေ့ကျင့်မှုတွေကို ဩဂုတ်လ ၁၆…

Read More
နျူဖျက်သိမ်းရေးအပေါ်  ကုလအကြီးအကဲရဲ့ ထောက်ခံချက်ကို မြောက်ကိုရီးယား ဝေဖန်

နျူဖျက်သိမ်းရေးအပေါ်  ကုလအကြီးအကဲရဲ့ ထောက်ခံချက်ကို မြောက်ကိုရီးယား ဝေဖန်

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေးကို ထောက်ခံတယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်ကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ်လ ၁၄ရက်နေ့မှာ ကန့်ကွက် ဝေဖန်လိုက်ပါတယ်။ အဲဒီမှတ်ချက်တွေဟာ သမာသမတ်ကျမှုနဲ့ တရားမျှတမှု ကင်းမဲ့နေတယ်လို့ မြောက်ကိုရီးယားက ပြောဆိုထားတာပါ။ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနဲ့ တွေ့ဆုံချိန် မြောက်ကိုရီးယားအပေါ် နျူကလီးယားလက်နက် လုံးဝ ဖျက်သိမ်းဖို့ အားထုတ်နေတာတွေကို အပြည့်အဝ ထောက်ခံတယ်လို့ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရပ်က…

Read More
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ခရီးစဉ်အပေါ် မြောက်ကိုရီးယားနဲ့ ရုရှား ကန့်ကွက်ရှုတ်ချ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ခရီးစဉ်အပေါ် မြောက်ကိုရီးယားနဲ့ ရုရှား ကန့်ကွက်ရှုတ်ချ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ အမေရိကန်ရဲ့ စဉ်းစားဆင်ခြင်မဲ့တဲ့ ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်လို့ဆိုပြီး မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ်လ ၃ရက်နေ့မှာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ နန်စီ ပယ်လိုစီ ဟာ ဩဂုတ်လ ၂ရက်နေ့ ညပိုင်းမှာ ထိုင်ဝမ်ကို ရောက်ရှိလာတာတာဖြစ်ပါတယ်။ ခုခရီးစဉ်ဟာ တရုတ်နိုင်ငံက သူ့ရဲ့ သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းအတွက် အမေရိကန်ရဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်ကို ပြသနေတာဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။…

Read More
မြောက်ကိုရီးယား ဟက်ကာတွေက ဆေးရုံနဲ့ကျန်းမာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်ပြော

မြောက်ကိုရီးယား ဟက်ကာတွေက ဆေးရုံနဲ့ကျန်းမာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်ပြော

မြောက်ကိုရီးယားကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ အမေရိကန်နိုင်ငံရှိ ဆေးရုံတွေနဲ့ တခြားကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့  အဖွဲ့အစည်းတွေကို ransomware ဗိုင်းရပ်နဲ့ တိုက်ခိုက်နေတယ်လို့  FBI ကသတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယား ဟက်ကာသမားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍကို အနည်းဆုံး ၂၀၂၁ ခုနှစ် မေလကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး  “Maui” ransomware ကို အသုံးပြုနေခဲ့တယ်လို့ ဇူလိုင်လ ၆ရက်နေ့က ထုတ်ပြန်ခဲ့တဲ့အကြံပေးချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလိုတိုက်ခိုက်ခံရပြီဆိုရင် ဆာဗာထဲဝင်ခွင့်ရဖို့ ဟက်ကာတွေက အခကြေးငွေပေးဆောင်ဖို့ အကြပ်ကိုင် တောင်းဆိုနိုင်တယ်လို့…

Read More
သံသယရှိဖွယ် မြောက်ကိုရီးယားဘက်က ဆည်ရေလွှတ်မှုကြောင့်  နယ်စပ်အနီး တောင်ကိုရီးယား ခရီးသွားတွေ ဘေးလွတ်ရာရွေ့ပြောင်းရ

သံသယရှိဖွယ် မြောက်ကိုရီးယားဘက်က ဆည်ရေလွှတ်မှုကြောင့်  နယ်စပ်အနီး တောင်ကိုရီးယား ခရီးသွားတွေ ဘေးလွတ်ရာရွေ့ပြောင်းရ

တောင်ကိုရီးယားနိုင်ငံရှိ Imjin မြစ်ရေမြင့်တက်လာတာကြောင့် မြစ်ကမ်းကအနီး အပန်းဖြေ ခရီးထွက်လာသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ တာဝန်ရှိသူတွေက ဇူလိုင်လ ၅ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီမြစ်ရေကြီးမှုဟာ မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်အနီးမှာရှိတဲ့ ဆည်တစ်ခုထဲက ရေတွေကို လွှတ်လိုက်ပုံရတယ်လို့ ဆိုထားပါတယ်။  တောင်ကိုရီးယားနိုင်ငံတောင်ဘက် Yeoncheon ခရိုင်ရှိ မြစ်ရေမျက်နှာပြင်ဟာ ဇူလိုင်လ ၄ရက်နေ့ မွန်းလွဲပိုင်းမှာ ၁ မီတာ ကျော်လွန်သွားခဲ့တာကြောင့် မြစ်ကမ်းပါးမှာရှိတဲ့ ခရီးသွားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ လိုအပ်တယ်လို့ အစိုးရအချက်အလက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။…

Read More
တောင်ကိုရီးယားနယ်စပ်အနီးကနေ ကိုဗစ်စတင်ပြန့်ပွားခဲ့တာလို့ မြောက်ကိုရီးယားပြော

တောင်ကိုရီးယားနယ်စပ်အနီးကနေ ကိုဗစ်စတင်ပြန့်ပွားခဲ့တာလို့ မြောက်ကိုရီးယားပြော

တောင်ကိုရီးယားနဲ့ နယ်စပ်အနီးမှာရှိတဲ့ နိုင်ငံရပ်ခြားပစ္စည်းတွေကို ထိတွေ့မိတဲ့လူနာတွေကနေ နိုင်ငံတွင်းမှာ ပထမဆုံး ကိုဗစ်ရောဂါဖြစ်ပွားမှု စတင်ခဲ့တာလို့ မြောက်ကိုရီးယားက ဇူလိုင် ၁ရက်နေ့မှာ အခိုင်အမာပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား နယ်နိမိတ်တစ်လျှောက်မှာရှိတဲ့နယ်မြေတွေမှာ  မိုးပျံပူဖောင်းတွေ ၊ လေထဲကတစ်ဆင့်ရောက်တာတဲ့ နိုင်ငံရပ်ခြားပစ္စည်းတွေကို သတိထားကိုင်တွယ်ဖို့ ပြည်သူတွေကို သတိပေးထားတယ်လို့  မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ KCNA သတင်းဌာနအနေနဲ့ တောင်ကိုရီးယားလို့ တိုက်ရိုက်ဖော်ပြထားတာ မရှိပေမယ့် မြောက်ကိုရီးယားကနေထွက်ပြေးလာသူတွေနဲ့  တက်ကြွလှုပ်ရှားသူတွေဟာ တောင်ကိုရီးယားဘက်ကနေ လက်ကမ်းစာစောင်တွေ…

Read More
မြောက်ကိုရီးယားက ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးအဖြစ် နျူဆိုင်ရာညှိနှိုင်းရေးမှူးခန့်အပ်

မြောက်ကိုရီးယားက ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးအဖြစ် နျူဆိုင်ရာညှိနှိုင်းရေးမှူးခန့်အပ်

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိပ်တန်းနျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦးကို ခန့်အပ်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန်လ ၁၀ရက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုယ်တိုင်ဦးစီးကျင်းပတဲ့  ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ သံတမန် Choe Son Hui ကို  ခန့်အပ်လိုက်တာလို့ စိုးရပိုင်မီဒီယာဖြစ်တဲ့ KCNA မှာ ပြောထားပါတယ်။ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖီဆန်တဲ့အနေနဲ့ မြောက်ကိုရီးယားက သူ့ရဲ့ လက်နက်စမ်းသပ်ရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန်…

Read More
မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုပိုဆိုးလာနေတယ်လို့ WHO ပြော

မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုပိုဆိုးလာနေတယ်လို့ WHO ပြော

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အခြေအနေ ပိုပြီးဆိုးရွားလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOအနေနဲ့ ယူဆကြောင်း ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။ ကိုဗစ်ကူးစက်မှု တဖြည်ဖြည်းလျော့ကျလာပြီလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက ကြေညာထားပေမယ့် WHO က အခုလို ထုတ်ပြန်လိုက်တာပါ။ “မြောက်ကိုရီးယားရဲ့ မြေပြင်အခြေအနေဆိုင်ရာ အချက်အလက်အကြမ်းတွေ ရရှိထားတယ် ပြုံယမ်းအာဏာပိုင်တွေကိုလည်း နောက်ထပ်အချက်အလက်တွေ တောင်းဆိုထားတယ်”လို့  ဇွန်လ ၁ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ WHO အကြီးအကဲ Dr. Mike Ryan က  ပြောခဲ့တာပါ။…

Read More