မေ၊ ၂၉ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်က ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနဲ့ ကနဲလေးစခန်း စတဲ့ စစ်ကောင်စီရဲ့ စခန်းသုံးခုကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတဦး အပါအဝင် ကိုးဦးထက်မနည်း သေဆုံးတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ အဲဒီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက မေလ ၂၃ ရက်ကတည်းက စတင်တိုက်ခိုက်နေတာလို့ သိရပါတယ်။…
Read Moreဧပြီ၊ ၁၉ ကရင်ပြည်နယ်၊ မြဝတီမြို့ပြင် သင်္ဃန်းညီနောင်အဝေးပြးလမ်းမကြီးဘေးနားမှာ တိုက်ပွဲပြင်းထန်နေသလို မဲကနယ်ဒေသတဝိုက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ မြဝတီမြို့ မဲကနယ်ရွာတဝိုက်ကို ဒီကနေ့ မနက် ၆ နာရီကျော်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဘက်ပစ်ခတ်မှုအတွင်းစစ်ကောင်စီဘက်က တေတေခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားပြီး ဂျက်ဖိုက်တာလေယာဥ်၊ Mi – 35…
Read Moreဧပြီ၊ ၁၈ ကရင်ပြည်နယ်၊ မြဝတီမြို့ မဲကနယ်တဝိုက်မှာ စစ်ကောင်စီတပ်သားတွေက KNU ဝတ်စုံတွေဝတ်ပြီး ပုံမှား ရိုက်ထိုးစစ်ဆင်လာရာက ဒီကနေ့မနက်ပိုင်းကနေ လက်ရှိအထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ Venom PDF စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မဲကနယ် ဒေသမှာ ဒီကနေ့မနက်အစောပိုင်းကစလို့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပြီး မနက်ပိုင်းက တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကာ လက်နက်နှစ် လက်သိမ်း ဆည်းနိုင်ခဲ့တယ်လို့…
Read Moreဧပြီ၊ ၄ ကရင်ပြည်နယ်၊မြဝတီမြို့ အာရှလမ်းမပေါ်က ဒေါနတောင်ကြားနဲ့ သင်္ဃန်းညီနောင်မြို့သစ်ထိပ်နားမှာ စစ် ကောင် စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ ဒီကနေ့နေ့လယ်ပိုင်းကစလို့တိုက်ပွဲဖြစ်နေပြီး အာရှလမ်းမလည်း ဖြတ်သန်းသွား လာလို့မရဘဲ ပိတ်ထားတယ်လို့ မြဝတီဒေသခံတွေက DNA ကိုပြောပါတယ်။ “တိုက်ပွဲကနေ့လယ်နှစ်နာရီ လောက်ကစဖြစ်တာ၊ ဘယ်ကပစ်လဲတော့မသိဘူး၊ အဲ့ဒီမှာတွဲကားလေးစီးဘီးတွေ ပေါက်ပြီးလမ်းပေါ်တင်နေတယ်၊ပိတ်တာကတော့ညနေလေးနာရီလောက်ကပိတ်တယ်လို့သိရတယ်၊ခုကဘယ်မှမထွက်ရဲဘူး၊ခုထိလဲစက်လက်သံတွေရောလက်နက်ငယ်သံတွေရောတောက်လျှောက်ကြားနေရတယ်”လို့ သူက ပြောပါတယ်။ သင်္ဃန်းညီနောင်မြို့သစ်ထိပ် အာရှလမ်းမပေါ်က ချစ်ကြည်ရေးဆီဆိုင်အနီးမှာ တွဲကားတွေက လမ်းမပေါ်မှာ ကန့် လန့်ခံပိတ်ဆို့နေပြီး ပစ်ခတ်မှုတွေလည်းဆက်တိုက်ဖြစ်နေတာကြောင့် မြဝတီနဲ့…
Read Moreမတ်၊ ၂၆ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့မှာ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်အာရှလမ်းကမဖြတ်ဖို့ ကာကွယ်ရေးတပ်တွေက မနေ့ မတ်လ ၂၅ ရက်နေ့ကနေ စတင်ထုတ်ပြန်ထားသလို ဖြတ်သန်းသွားလာသူတွေကို မနေ့ညနေပိုင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ခရီးသွားယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မနေ့ညနေပိုင်းကလည်း အာရှလမ်းပေါ်ကို ခရီးသည်တင်ကားတစီး ဖြတ်သွားရာမှာ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်လိုက်တာကြောင့် ခရီးသည်တဦး သေဆုံးခဲ့တယ်လို့ အဲဒီလမ်းမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။ ” မနေ့ညနေက ခရီးသည်ကားနှစ်စီးဆင်းသွားတယ်။ ၁၂ ယောက်စီးတဲ့…
Read Moreမတ်၊ ၂၅ ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ မြဝတီကုန်သွယ်ရေးဇုန်မှာ ဒီကနေ့ မတ်လ ၂၅ ရက် မနက်ပိုင်းကနှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ကုန်သွယ်ရေးဇုန်မှာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ဂိတ်စွဲထားတဲ့နေရာကို KNU/KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ ဒေသခံတချို့ရဲ့ပြောဆိုချက်အရ သိရပါတယ်။ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေသလို မြဝတီမြို့က သင်္ကန်းညီနောင်ရဲစခန်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ‘’ ရဲတွေကို လက်နက်ချဖို့ အော်ပြောနေသံတွေလည်း ကြားနေရတယ်။…
Read Moreကရင်ပြည်နယ် ၊ မြဝတီမြို့ မြေနီကုန်းမှာ ကွမ်းယာဝယ်နေတဲ့ DKBA နှစ်ဦးကို အမည်မသိလက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ်သွားလို့ တဦးပွဲချင်းပြီးသေပြီး တဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ ဒေသခံသတင်း အရင်း မြစ် တွေဆီက သိရပါတယ်။ မြဝတီမြို့ မြေနီကုန်းက စကိုင်းကွမ်းယာဆိုင်ရှေ့မှာ အောက်တိုဘာ (၂)ရက် ညနေ့ (၄)နာရီဝန်းကျင်က ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး ဘာကြောင့်ပစ်ခတ်ခံရတယ်ဆိုတာကိုတော့ ဒေသခံတွေရှင်းရှင်းလင်းလင်းမသိကြပါဘူး။ “ တစ်ယောက်က အဲ့ဒီနေရာမှာဘဲ သေသွားတယ်၊ နောက်တစ်ယောက်ကလည်းအခြေနေမကောင်းဘူး၊ သူတို့…
Read Moreကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်မီးပျက်တာ နှစ်ပတ်ကျော်အထိ ကြာပြီဖြစ်လို့ လုပ်ငန်းရှင်တွေ အပါအဝင် မြို့ခံတွေ အခက်အခဲတွေ့ပြီး ထိုင်းမီးပြန်သွယ်ဖို့ စဉ်းစားလာကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ညကျရင်မီးစက်နှိုးရတာ တစ်ည သုံးသောင်းကျော်လောက်ကုန်တယ်၊ တချို့ဆို ထိုင်းမီးပြန်တပ် ဖို့လုပ်နေ ကြပြီ၊ ဒါပေမယ့် တစ်ယူနစ် ၇ ဘတ်ကျော်လောက်ကျမယ်ကြားနေတာ၊ လူနည်းစုပဲ တတ်နိုင်မယ်၊ အရင်က ၄ ဘတ်ခွဲ ပဲ” လို့ မြဝတီမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။…
Read Moreမြဝတီခရိုင်၊ဖလူးလေးရွာအနီး၊ပလောတပို့စစ်ရှောင်စခန်းက အိမ်ထောင်စု၄၀၀ကျော်ကို မြဝတီ-ဝေါ်လေ ကားလမ်းမဘေးမှာ မြေအပိုင်ပေးဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ပလောတပို့စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၄၁၃စုရှိပြီး တစ်အိမ်ထောင်ကို ပေ၄၀X၆၀(သို့မဟုတ်)ပေ၆၀x၈၀မြေတစ်ကွက်စီနဲ့အိမ်ဆောက်ပေးကာ လုပ်ကိုင်စားသောက်ဖို့အခြေအနေ တစ်ခု ဖန်တီးပေးဖို့ အစီအစဉ်စတင်နေပြီလို့ ဖလူးလေးဒေသခံတစ်ဦးကပြောပါတယ်။ ‘အမည်မဖော်လိုတဲ့အလှူရှင်ပေါ့။မြေနဲ့အိမ် စားဝတ်နေရေး ကုန်ကျတာအကုန်ပေးပါမယ်။မြန်မာအလှူရှင် တစ်ဦးပါ’လို့ သူကပြောပါတယ်။ လက်ရှိ ပလောတပို့စစ်ရှောင်စခန်းမှာ မိုးတွင်းကာလ နေထိုင်မှုအဆင်ပြေစေရေးအတွက် တဲတွေဆောက်လုပ် ပြီးပြီဖြစ်ပြီး အလှူရှင်တွေရှိတဲ့အတွက် စားသောက်မှုအဆင်ပြေတယ်လို့လည်းပြောပါတယ်။ ‘မဲဆောက်ဘက်အခြမ်းက ပရဟိတ အလှူရှင်အစုအဖွဲ့ငယ်တွေရဲ့ လှူဒါန်းမှုရှိပါတယ်။အဖွဲ့ကြီးအနေနဲ့ ကရင်လူမှုကူညီရေးအ ဖွဲ့က…
Read Moreမြဝတီခရိုင်၊ ဖလူးကြီးရွာထဲက ခရစ်ယာန်ဘုရားကျောင်းထဲမှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ခေါင်းဆောင် စောချစ်သူက ဖလူးဒေသခံတွေနဲ့ ဒီကနေ့ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ မယ်ဝါးခီး၊ရသေ့ဂူ၊လေးကေ့ကော်၊မယ့်ထော်သလေး၊အင်းကြင်းမြိုင်၊မင်းလက်ပန်၊ဖလူးကြီး၊ဖလူးလေး၊သေ့ ဘောဘိုးနဲ့ကျောက်ခက် ရွာတို့က ရွာသား၂၀၀ကျော်နဲ့ ဒီနေ့မနက်၁၀နာရီမှာ လာရောက်တွေ့ဆုံကာ ဒေသခံတွေနဲ့ ပညာရေး၊ကျန်း မာရေးနဲ့စားဝတ်နေရေးကိစ္စတွေကို လာရောက်ဆွေးနွေးခြင်းဖြစ်တယ်လို့ ဖလူးလေးဒေသခံတစ်ဦးကပြောပါ တယ်။ ‘ရပ်ရွာလူထုက တင်ပြတာကို ဆွေးနွေးပေးတယ်’လို့ သူကပြောပါတယ်။ အခုလိုလာရောက်ဆွေးနွေးမှုဟာ DKBA ကလမ်းကြောင်းဖွင့်ပေးလို့သာ လာရောက်နိုင်ခြင်းဖြစ်ပြီး ဒေသခံ တွေနဲ့ တွေ့ဆုံခြင်းဟာ အကြောင်းပြချက်တစ်ခုဖြစ်နိုင်ကြောင်း ဖလူးကြီးဒေသခံတစ်ဦးက…
Read More