နိုင်ငံရေး

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားခုနှစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး တဦးသေဆုံး

မေ၊ ၂၂   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားခုနှစ်ဦးကို ထောင်အာဏာပိုင်တွေက မေလ ၂၁ ရက်ညပိုင်းမှာ လာရောက်ခေါ်ဆောင်သွားပြီးနောက် ထောင်ဝန်းအတွင်းမှာပဲ ရိုက်နှက်နှိပ်စက်ရာက ဒီကနေ့မှာ တဦးသေဆုံးသွားတယ်လို့ သိရပါတယ်။   သေဆုံးသွားသူဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေစာရံဘုရားပွဲက ပြန်လာတဲ့ ကားတစီး ပစ်ခတ်ခံရလို့ ကလေးငယ်တဦးအပါအဝင်သုံးဦးသေဆုံ

မတ်၊ ၈   မန္တလေးတိုင်း၊မြင်းခြံ- နွားထိုးကြီးသွားကားလမ်းမပေါ်မှာ ကားတစီးပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာပါလာတဲ့ ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေနဲ့ စစ်လော်ဘီတွေက ဆိုထားပါတယ်။   မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ် ရွှေစာရံဘုရားပွဲကို သွားရောက်လည်ပတ်ခဲ့ပြီး ပြန်လာတဲ့ အိမ်စီးကားတစီး မနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တော်လှန်ရေးနေ့လက်ဆောင်အဖြစ် မြင်းခြံမှာ အကြမ်းဖက်စစ်သား ၇ ဦးကို ရှင်းလင်းခဲ့

တော်လှန်ရေးနေ့လက်ဆောင်အဖြစ် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ပတ္တာဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၇ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ၂၅ ရက်နေ့ မနက် ၉ နာရီလောက်က ပတ္တာဆိပ်ကမ်းမှာ တပ်စွဲထား တဲ့ အကြမ်းဖက်စစ်သား၂၀ လောက်ကို မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းခြံက ဆိုင် ၇ ဆိုင် မြန်မာဘီယာရောင်း နေတာကို ၁၅ ရက်အတွင်းရပ်ဖို့ သတိပေး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်အုပ်စုထုတ်ကုန် မြန်မာဘီယာ ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင် ၇ ဆိုင်ကို ၁၅ ရက်အတွင်း ရပ်ဆိုင်းဖို့ မြင်းခြံခရိုင် တပ်ပေါင်းစုက သတိပေးလိုက်ပါတယ်။ မြင်းခြံမြို့နယ်ထဲက မွှေးမွှေးစတိုး၊ ဘကျော်ဘီယာဆိုင်၊ ပန်းခင်းဘီယာဆိုင်၊ Dream Garden၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆီမီးခုံဆိပ်ကမ်းမှာ တင့်ကားပါ စစ်အုပ်စုရဲ့ သင်္ဘောအတိုက်ခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဆီမီးခုံဆိပ်ကမ်းမှာ အထိုင်ချဆိုက်ကပ်ထားတဲ့ တင့်ကားပါ စစ်အုပ်စု သင်္ဘောကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ဦးခန့် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းခြံ၊ကွမ်းစိုက်ရွာမှာအကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရ၊၁၀ဦးသေဆုံး

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကွမ်းစိုက်ရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံပြောက်ကျား ၄ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၁၀ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကွမ်းစိုက်ရွာစာသင်ကျောင်းထဲမှာ တပ်စွဲထားခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းမှာ တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။ ပြောက်ကျားတပ်ဖွဲ့တွေဟာ RPG-7 [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇေယျသိမ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာနှစ်ပါးဖမ်းဆီးခံရ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။ မြင်းခြံမြို့နယ် ဇေယျသိမ်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာနှစ်ပါးကို အကြမ်းဖက်စစ်အုပ်စုက PDFတွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကား ၉စီးနဲ့ ဇေယျသိမ်ကျောင်းတိုက်ကို လာဝိုင်းပြီးတော့ [ဆက်လက်ဖတ်ရှုရန်]