ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကြောင်း ထိုးပြီး ရွာမီးရှို့ခဲ့တဲ့ စစ်တပ်နဲ့ဒေသခံ ကာကွယ်ရေး တပ် CDF – MINDAT တို့ ဇန်နဝါရီလ ၉ ရက်နေ့မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ CDF – MINDAT ကထုတ်ပြန်ပါတယ်။ ထီးလင်းနယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၅၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ CDF – MINDAT တို့ မင်းတပ်မြို့နယ် ဝီလူးရွာသစ် မှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း…
Read Moreချင်းပြည်နယ်မှာ စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ကျင့်သုံးနေတာကြောင့် မင်းတပ်မြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု သိသိသာသာ မြင့်တက်လာတယ်လို့ မင်းတပ်မြို့ခံတွေက DNA ကိုပြောပါတယ်။ မင်းတပ်မြို့နယ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်း ဒေသခံတွေဟာဆယ်စုနှစ်တစ်ခုကျော်ကြာ ‘ဝ’ဥကိုသာစီး ပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာခဲ့ပေမယ့်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ မိရိုးဖလာရွှေ့ပြောင်း တောင်ယာကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်လုပ်ကိုင် လာကြတယ်လို့ဆိုပါတယ်။ “နိုင်ငံရေးအခြေအနေကြောင့် အဓိကစီးပွားဖြစ် လုပ်ငန်း ‘ဝ’ ဥက ဈေးတော်တော်ကြီးကျသွားတယ်၊ အောက်ပြည်ကနေ ပြန်ဝယ်ရတဲ့ အခြေခံစားသောက်ကုန်တွေက အရမ်းကိုဈေးတက်လာတော့ ရွေးချယ်စရာမရှိတဲ့အဆုံး…
Read Moreချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ရွာခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို သတ်ဖြတ်မီးရှို့ခံထားရတဲ့ အခြေအနေနဲ့ ပြန်တွေ့ရတယ်လို့ CDF-Mindat သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က DNA ကိုပြောပါတယ်။ “ပထမစဝင်တဲ့ရက်မှာပဲ ဒေသခံတဦးကို ပစ်သတ်တယ်၊ ရွာခံနဲ့ စစ်ဘေးရှောင် စုစုပေါင်း ကိုးယောက်က ရှာဖွေဆက်သွယ်လို့မရသေးပါဘူး၊ အလောင်းတွေကိုလည်း တစ်စစီခုတ်ထစ်ပြီးမှကို မီးတိုက်ထားတာမို့ အပိုင်းအစကလေးတွေအနေနဲ့ပဲ တွေ့ရတော့ အတည်ပြုနိုင်ဖို့ ရှာဖွေစိစစ်နေတုန်းပါပဲ” လို့ သူကပြောပါတယ်။ ထီးလင်းနယ်ဘက်ကနေ နိုဝင်ဘာ (၇) ရက်မှာ…
Read Moreချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ဩဂုတ် လဆန်းပိုင်းကစပြီး သင်ထောက်ကူ ပစ္စည်းတွေ ပြတ်လပ်နေပြီလို့ မင်းတပ်မြို့နယ် ပညာရေး ဘုတ်အဖွဲ့ဝင် ဆရာပီတာက DNA ကို ပြောပါတယ်။ “ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဆရာကိုင်စာအုပ်နှင့် အခြားအရေးကြီးတဲ့သင်ထောက်ကူပစ္စည်းတွေ ပြတ်လပ်နေပါပြီ၊ လုံလောက်တဲ့ ဘတ်ဂျက်မရှိတဲ့အတွက် မြို့နယ်ပညာရေးဘုတ်အဖွဲ့တစ်ခုတည်းက ဒီအကြပ်အတည်းကို မဖြေရှင်းနိုင်တော့ပါဘူး၊ ဒါကြောင့် ပြည်သူ့အစိုးရဖြစ်တဲ့ NUG အနေနဲ့ ယခုပညာသင်နှစ်မပြီးခင်…
Read Moreချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာတွေကြောင့် CDF- Mindat တပ်ဖွဲ့ဝင်အချို့ရဲ့ စခန်းတွေပျက်စီးသွားခဲ့တယ်လို့ Yoma Battalion- CDF- Mindat က သတင်းဖော်ပြထားပါတယ်။ ဧပြီလ တစ်လအတွင်းမှာ နှစ်ကြိမ်တိုင်တိုင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် CDF- Mindat ရဲ့ တပ်စခန်းအချို့ ပြိုလဲကာ ပြန်လည်တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နေရတာပါ။ “ဧပြီလ (၁၉) ရက်နေ့က ပထမတစ်ကြိမ်ရွာပြီး အကုန်ပျက်လို့ပြန်ပြင်ကြတယ်။ပြီးတော့ ၁၀ ရက်ခြားပြီး ဧပြီလ…
Read More