ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက သင်္ကန်းတွေ အမြောက်အမြား ဝယ်ယူသွားပြီး အယောင်ဆောင်ဖျက်ဆီးမှုတွေ လုပ်ဆောင်လာနိုင်

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက သင်္ကန်းတွေ အမြောက်အမြား ဝယ်ယူသွားပြီး အယောင်ဆောင်ဖျက်ဆီးမှုတွေ လုပ်ဆောင်လာနိုင်

၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း ယောဒေသ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ သင်္ကန်းအရောင်းဆိုင်တွေမှာ စစ်အုပ်စုက သင်္ကန်းအစုံရေ ၂၀၀ခန့်ကို ဝယ်ယူသွားသည်ဟု သတင်းတွေရရှိခဲ့ပြီးနောက် ဘာသာရေးပဋိပက္ခတွေနဲ့ ရဟန်းအယောင်ဆောင် အကြမ်းဖက်မှုတွေ လုပ်ဆောင်လာနိုင်တာမို့ သတိပြုကြဖို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ယောဒေသအတွင်းမှာရှိတဲ့ သာသနိကအဆောက်အဦးတွေမှာ တပ်စွဲနေထိုင်နေကြတာအပြင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ ဘာသာရေးအကြောင်းပြပြီး ဘာသာမတူသူတွေကြားမှာ ဘာသာရေး ပြသနာတွေ…

Read More
စစ်အုပ်စုရဲ့ လက်နက်စက်ရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင် ဖောက်ခွဲခံရ

စစ်အုပ်စုရဲ့ လက်နက်စက်ရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင် ဖောက်ခွဲခံရ

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း မင်းဘူးမြို့နယ် ကုန်းသာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်စက်ရုံတွေကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ ဓာတ်အားပေးတာဝါတိုင် တစ်တိုင်ကို MSPDFရဲ့ ဘီလူးစစ်ဆင်ရေးအထူးတပ်ဖွဲ့က ဖောက်ခွဲခဲ့တယ်လို့ MSPDFက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ မနက် ၅နာရီခန့်မှာ လျှပ်စစ်ဓာတ်အားတာဝါတိုင်ကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ MSPDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် စစ်အုပ်စုနဲ့ ပက်သက်တဲ့ နေရာတွေအနီးအနားကို ပြည်သူတွေ သွားလာခြင်းမပြုဖို့ သတိပေးထားပါတယ်။…

Read More
ဆောမြို့နယ်ထဲ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းဆင်းလာတာကလွဲ တိုက်ပွဲငြိမ်သက်

ဆောမြို့နယ်ထဲ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းဆင်းလာတာကလွဲ တိုက်ပွဲငြိမ်သက်

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း၊ဆောမြို့နယ် ကျောက်ထုလေယာဉ်ကွင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းဆင်းလာတာကလွဲလို့ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဆောဒေသအတွင်း ငြိမ်သက်နေတယ်လို့ သိရပါတယ်။ မုံရွာကနေထွက်ခွာလာတဲ့ စစ်ရဟတ်ယာဉ်နှစ်စင်းဟာ ဒီနေ့မနက်၁၀နာရီ၃၅မိနစ်လောက်က ဆောမြို့ နယ်၊ကျောက်ထုလေယာဉ်ကွင်းကို ဆင်းသက်ရပ်နားပြီးသိပ်မကြာမီ ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်ဘက် ကိုထွက်ခွာသွားတယ်လို့ ကျောက်ထု ဒေသခံတစ်ဦးကပြောပါတယ်။ ‘ရဟတ်ယာဉ်နှစ်စင်းလာတာဟုတ်တယ်။မနေ့က ကျည်ထိတဲ့ ရဟတ်ယာဉ်တစ်စင်းကို ပြင်ဖို့အတွက် လို အပ်တဲ့ပစ္စည်းတွေ လာပို့တာလို့ သိရတယ်’လို့ ဆောPDF ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ တိုက်ပွဲမှာ…

Read More
နတ်မောက်စျေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ကျော်မီးလောင်ပျက်စီး

နတ်မောက်စျေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ကျော်မီးလောင်ပျက်စီး

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း နတ်မောက်မြို့ စျေးရပ်ကွက်မှာရှိတဲ့ နတ်မောက်မြို့မစျေးကြီး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၂၄၀ကျော် ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့ ည၉နာရီ ၄၃မိနစ်ခန့်မှာ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မကွေးတိုင်းမီးသတ်တပ်ဖွဲ့အပါအဝင် အနီးဝန်းကျင်ရှိ မီးသတ်စခန်းတွေက မီးသတ်ကား ၁၃စီးနဲ့ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းမှုအချိန် ၂နာရီကျော် ကြာမြင့်ခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကို ကူညီငြှိမ်းသတ်ဖို့နဲ့ စျေးဆိုင်ခန်းပိုင်ရှင်တွေက လာရောက်ကြည့်ရှု့သူတွေကို အကြမ်းဖက်စစ်အုပ်စုက…

Read More
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅​ပေ​ကျော် ရေကျော်ကျနေ

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅​ပေ​ကျော် ရေကျော်ကျနေ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ပွင့်ဖြူမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြီးအုံကြီးဝတမံ ရေပိုလွှဲကနေ ၅ဒသမ၇ပေခန့်အထိ ရေကျော်ကျနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၇ရက်နေ့မှာ ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများပြားပြီး တမံရေပြည့်မှတ် ၃၄၀ပေထက်ကျော်လွန်ကာ ရေပိုလွှဲကနေ ကျော်ကျနေတာကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။ စလင်းတမံရေပိုလွှဲကနေလည်း ၃ပေကျော်ထိ ကျဆင်းနေပြီး စလင်းချောင်းစပ်က အိမ်အချို့မျောပါပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  “အခုချိန်ထိကတော့ ရွာတွေလောက်ပဲ ထိသေးတယ် တချို့ရွာတွေကတော့ သဲအိတ်တွေနဲ့…

Read More
ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကားတစ်စီးမိုင်းထိခဲ့ရာ တစ်ဦးသေ၊၄ဦး ဒဏ်ရာရ ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၈နာရီ ခွဲလောက်က  ရေစကြိုမြို့နယ်၊ရွှေချောင်းကျေးရွာ အနီး မှာအကြမ်းဖက်စစ်အုပ်စုတပ်သားတွေ စီးနင်းလာတဲ့ စစ်ကား (၂ )စီးကို ဒေသခံ မဟာမိတ်ပြောက်ကျား၁၀ဖွဲ့တို့ပူးပေါင်းပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ။ ‘ စစ်ကားတစ်စီး လယ်ကွင်းထဲ ထိုးကျသွားတယ်။တပ်သားတစ်ဦး အခင်းဖြစ်တဲ့နေရာမှာပဲခေါင်းပွင့်ပြီးသေသွားတယ်။ဒဏ်ရာရတဲ့လူ၄ဦးကတော့ စိုးရိမ်ရတယ်’လို့  ဒေသခံပြောက်ကျားရဲဘော်တစ်ဦးကဆိုပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ တစ်ဦးမှ ထိခိုက်မှုမရှိပါဘူး။ ပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ခေတ်မီလက်နက်အင်အားမရှိသလောက်အခြေအနေမို့…

Read More
ဂန့်ဂေါရွာသား ၅၀ကျော်ကို  စစ်အုပ်စု ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွား

ဂန့်ဂေါရွာသား ၅၀ကျော်ကို  စစ်အုပ်စု ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွား

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာက ဒေသခံ ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။ အောက်တိုဘာလ ၇ရက်နေ့ မနက်ပိုင်းမှာ ဂန့်ဂေါမြို့ကနေ ဟားခါးဘက်ကို ထွက်လာတဲ့ စစ်အုပ်စုယာဉ်တန်းဟာ လမ်းမှာ တိုက်ခိုက်ခံရမှာ စိုးရိမ်ပြီး  ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။ “လျှပ်စစ်ရုံးမှာ ပန်းရံလုပ်နေတဲ့လူ ၂၀ နဲ့ တောင်ယာသွားတဲ့သူတွေ ရွာထဲကလူငယ်တွေ စုစုပေါင်း အယောက်…

Read More
၅ရက်အတွင်း စစ်အုပ်စုက ဂန့်ဂေါမြို့နယ်တွင်းက ကျေးရွာတွေမှာ ပြည်သူ ၂၀ဦးကျော်ကို သတ်ဖြတ်ခဲ့

၅ရက်အတွင်း စစ်အုပ်စုက ဂန့်ဂေါမြို့နယ်တွင်းက ကျေးရွာတွေမှာ ပြည်သူ ၂၀ဦးကျော်ကို သတ်ဖြတ်ခဲ့

၁၇၊ စက်တင်ဘာလ၊ ၂၀၂၁။ ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ သာလင်း၊ မြင်သား၊ ကုန်းရွာ၊ နှမ်းခါး၊ မွှေ့လယ်နဲ့ ထယ်လှော်ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၉ရက်နေ့က စတင်ပြီး ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာမှာ အပြစ်မဲ့ ပြည်သူ ၂၃ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး နေအိမ်ပေါင်း ၉၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါ PDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာ ၉ရက်နေ့မှာ စစ်အုပ်စုက သာလင်း၊ မြင်သားနဲ့ ကုန်းရွာ ကျေးရွာတွေကို ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာ လူနေအိမ်…

Read More
မြိုင်မြို့နယ်မှာ စစ်အုပ်စုက ပြည်သူတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

မြိုင်မြို့နယ်မှာ စစ်အုပ်စုက ပြည်သူတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

၁၆၊ စက်တင်ဘာလ၊ ၂၀၂၁။ မြိုင်မြို့နယ် အေးချမ်းသာစံပြကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၁၄ရက်နေ့က ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ပြည်သူတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ကာ အသက်၁၄နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနက်အစောကြီး လက်နက်ကြီးတွေနဲ့ ရွာကိုပစ်ပြီးဝင်လာတာ၊ PDFတွေရှိတယ်ဆိုပြီး ဒလန်ကပေးတာကြောင့် ဝင်လာတာ၊ ထွက်ပြေးတဲ့သူတွေအကုန်လုံးကို သေနတ်နဲ့ လိုက်ပစ်တယ် ကိုသက်နိုင်မင်းက ပြေးရင်း ကျည်ထိတော့ သူ့ကို မသေသေးဘဲ မီးရှို့သတ်ပစ်တယ်၊ မောင်ထွန်းမြင့်ဆို အသက်က…

Read More
ဂန့်ဂေါမှာ စစ်အုပ်စုနဲ့ PDF တို့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အကျအဆုံးရှိ

ဂန့်ဂေါမှာ စစ်အုပ်စုနဲ့ PDF တို့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အကျအဆုံးရှိ

၁၀၊ စက်တင်ဘာလ၊ ၂၀၂၁။ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာမှာ စက်တင်ဘာလ ၉ရက်နေ့ မနက် ၁၀ နာရီ ၃၀မိနစ်ခန့်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ PDFတို့ အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံပြည်သူ ၁၀နဲ့အထက် သေဆုံးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒီကနေ့ စက်တင်ဘာလ ၁၀ရက်နေ့ မနက် ၆နာရီခန့်က စတင်ပြီးတော့လည်း…

Read More