ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျောင်းဆောင်ငယ်တခု မီးလောင်ရာက လေဖြတ်နေတဲ့ သက်ကြီးဆရာတော်တပါး မီးထဲပါကာ ပျံလွန်တော်မူသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတွေနဲ့ ဒေသခံတွေက DNA ကိုပြောကြပါတယ်။ စံပြရပ်ကွက်မှာရှိတဲ့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဝင်းထဲက သံဃာတော်တွေ သီတင်းသုံးရာ ကျောင်းဆောင်ငယ်တခု ဖေဖော်ဝါရီ(၁၁)ရက် ဒီကနေ့ မနက် ဆယ်နာရီဝန်းကျင်လောက်မှာ မီးလောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီကျောင်းဆောင်ထဲမှာ ဆရာတော်ရှိနေမှန်းမသိကြဘူး၊ မီးငြိမ်းပြီးတဲ့အခါကျမှ သိကြတာ၊ အဲဒီဆရာတော်က ကိုယ်တစ်ခြမ်း လေဖြတ်နေလို့ ဆေးကုဖို့ဆိုပြီးတော့ အဲဒီကျောင်းမှာ တည်းနေတာပါ၊အဲဒီအဆောင်မှာ…
Read More