မတ်၊ ၂၁ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာမှာ မနေ့မတ်လ ၂၁ ရက်ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးကာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မနေ့ည ၇နာရီကျော်လောက်မှာ ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်အကြားမှာ ရှိတဲ့ သံတံတားစစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ အမှတ်(၃၁၀) အမြောက်တပ်တို့က ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာဘက်ကို လက်နက်ကြီး ၆ လုံးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ကရဝေးဆိပ်ကျေးရွာက ဦးကုလား ဆိုသူရဲ့ နေအိမ်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်မှာ…
Read Moreမွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ရွာအနီး နယ်ကျွံလာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLAပူးပေါင်းတပ် ဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံးကာတစ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ မေလ၁၇ရက်နေ့၊မနက်၆နာရီကနေ ၁၀နာရီခွဲအထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLAတပ်မဟာ(၁) တပ်ရင်း(၂)၊ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ KNLAပူးပေါင်းတပ်ဖွဲ့ဝင် ၂ဦး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်စောဒီးဒူဟာ မေလ ၁၇ရက်နေ့၊ တိုက်ပွဲတစ်နေရာမှာ ဂုဏ်ရောင်ပြောင်စွာနဲ့ အသက်ကို ပေးလှူသွားခဲ့ကြောင်းရဲဘော်စောဒီးဒိုရဲ့သတ္တိနဲ့စွန့်လွှတ်စွန့်စားမှုကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာမှာ နေထိုင်တဲ့ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ဦးဆန်းထွန်းဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၉ရက်နေ့ ည ၇နာရီခန့်မှာ ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံရှေ့မှာ ဦးဆန်းထွန်းဦး ထိုင်နေစဉ်မှာ ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိအမျိုးသား ၂ဦးက လာရောက်ပြီး ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ကြံ့ဖွံ့ကဆိုတာနဲ့ ဒလန်လားကို မေးစရာမလိုအောင် ဒလန်အကြီးစားဖြစ်နေတဲ့သူဆိုတော့ အပစ်ခံရတာမဆန်းပါဘူး၊ ဆေးရုံရှေ့မှာပဲ…
Read More