ပုသိမ်ခရိုင်

ပုသိမ်ကိုဗစ်လူနာသစ်(၂)ဦးသာတွေ့

၂၂၊ဇန်နဝါရီ၊၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၂)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ပုသိမ်အမှတ်(၉)ရပ်ကွက်သင်္ဘောကျဥ်းမှာအိမ်ဆိုင်ဖွင့်ထားတဲ့ အသက်(၅၂)အရွယ်အမျိုးသမီးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူရဲ့ခင်ပွန်းဟာ လူနာ(၈၄၃)ဖြစ်ပြီး သူ့ကိုဒီနေ့စစ်ဆေးခဲ့ရာမှာ ရောဂါတွေ့ခဲ့တာပါ။ ဈေးချောင်းလမ်းမှာရွှေဆိုင်ဖွင့်ထားတဲ့ မဟာဗန္ဓုလလမ်းတိုက်ကြီးကျောင်းရှေ့မှာနေ အသက်(၅၆)နှစ်အရွယ်အမျိုးသမီးဟာ နှာစေး၊ချောင်းဆိုးပြီး အနံပျောက်လာတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၉၀၅)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၈၃၈)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။