ပုလဲမြို့ပေါ်မှာ ဆိုင်တွေ မပိတ်ရင် ပစ်သတ်မယ်လို့ အကြမ်းဖက်စစ်တပ်ခြိမ်းခြောက်

ပုလဲမြို့ပေါ်မှာ ဆိုင်တွေ မပိတ်ရင် ပစ်သတ်မယ်လို့ အကြမ်းဖက်စစ်တပ်ခြိမ်းခြောက်

၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်က ဆိုင်တွေကို မပိတ်ရင် ပစ်သတ်မယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက် ခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မွန်းလွဲတစ်နာရီလောက်မှာ ပုလဲမြို့ထဲကို အကြမ်းဖက်စစ်သား၅၀ကျော်ရောက်လာပြီး ပုလဲမြို့ပေါ်မှာရှိ တဲ့ ဆိုင်မှန်သမျှ ကို အဲဒီလိုခြိမ်းခြောက်ပြီး ပိတ်ခိုင်းတာလို့ ပုလဲမြို့ခံတစ်ဦးကပြောပါတယ်။ ‘ဘာ့ကြောင့်ပိတ်ခိုင်းသလဲ အကြောင်းပြချက်မရှိဘူး။ပုလဲမြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေ၊စားသောက်ဆိုင် တွေ၊ကုန်စုံဆိုင်တွေ၊ကွမ်းယာဆိုင်တွေ အကုန်ပိတ်ခိုင်းတယ်။မပိတ်ရင် တကယ်လည်းပစ်မယ့်ကောင်တွေဆို တော့ ပိတ်ရတော့တယ်’လို့ သူကပြောပါတယ်။ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေက ဗိုလ်သံမဏိလို့ခေါ်တဲ့ သပြေအေးဆရာ တော် ပုလဲမြို့နယ်ထဲ ရောက်လာတယ်ဆိုတဲ့သတင်းအရ…

Read More
ပုလဲရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေ

ပုလဲရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲက ရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့မနက်၇နာရီကနေ ၉နာရီကျော်အထိ အိမ်ခြေ၁၈၀လောက်ရှိတဲ့ မြကုန်းရွာကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ပြီး မနက် ၁၀နာရီကနေ ၁၂နာရီအထိ အိမ်ခြေ၁၀၀ကျော်ရှိတဲ့ ကုက္ကိုကုန်းရွာကို ရှာဖွေခဲ့တယ်လို့ ပုလဲအခြေစိုက် ပြောက်ကျားခေါင်းဆောင်တစ်ဦးကပြောပါတယ်။ ‘စစ်ခွေးချည်းပဲလာတာ၊၅၀ကျော်ရှိမယ်။ကိုက္ကိုကုန်းက တွင်ခုံလုပ်တဲ့နှစ်အိမ်ကိုတော့ တစ်အိမ်ကိုနာရီဝက် လောက်ကြာအောင်ရှာခဲ့တယ်။နှစ်ရွာစလုံး ဘာမှမတွေ့ပါဘူး။သူတို့လည်း ရွာကနေလုတာတို့ ဖမ်းတာတို့မလုပ် ဘူး’လို့ သူကပြောပါတယ်။ ကုက္ကိုကုန်းရွာကနေပြန်ထွက်ပြီးနောက် နှောကန်ရွာအရှေ့ဘက်…

Read More
ပုလဲမြို့နယ်အတွင်း ရဲကိုလိုင်းကြေးပေးပြီး စီးပွားဖြစ်ဂျင်ဝိုင်းတွေဖွင့်နေ

ပုလဲမြို့နယ်အတွင်း ရဲကိုလိုင်းကြေးပေးပြီး စီးပွားဖြစ်ဂျင်ဝိုင်းတွေဖွင့်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းက ရွာအချို့မှာ ရဲကိုလိုင်းကြေးပေးပြီး စီးပွား ဖြစ် ဂျင်ဝိုင်းတွေဖွင့်နေကြတယ်လို့သိရပါတယ်။ ပုလဲမြို့နယ်၊မွေ့တုံ၊သရက်ခြံဝိုင်းနဲ့ ပန်းရွာဝိုင်းတို့မှာ ဂျင်ဝိုင်းရှိပြီး သရက်ခြံဝိုင်းကဂျင်ဝိုင်းဟာ အကြီးဆုံး ဖြစ်တယ်လို့ ပုလဲဒေသခံတွေက ဆိုပါတယ်။ ‘ဒီလောက် တိုက်ပွဲတွေဖြစ်နေတာတောင် အိမ်စီးကားတွေနဲ့ လာကြတယ်။သရက်ခြံဝိုင်းဆို သိန်းရာနဲ့ချီလောင်း ကြေးရှိတယ်။ဂျင်ဝိုင်းမှာ ဘီယာရတယ်။ကြက်ပေါင်ရတယ်။အဲဒီလောက် အစားအသောက်ဆိုင်တွေနဲ့ လိုင်းကြေး ပေးပြီးဖွင့်လို့ရတဲ့ စစ်ခွေးခေတ်ဆိုတော့ တရားဝင်ဖွင့်ခွင့်ရထားသလိုပဲ’လို့ ဒေသခံပြောက်ကျားရဲဘော်တစ်ဦးက ပြောပါတယ်။ သရက်ခြံဝိုင်းဟာ ပုလဲ-ပခုက္ကူကားလမ်းဘေးမှာ တည်ရှိပြီး…

Read More
ပြာမကျသေးတဲ့ အိမ်တွေကို အကြမ်းဖက်စစ်တပ် နောက်တစ်ကြိမ် မီးရှို့

ပြာမကျသေးတဲ့ အိမ်တွေကို အကြမ်းဖက်စစ်တပ် နောက်တစ်ကြိမ် မီးရှို့

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊၅၆မိုင်စခန်းရွာက ပြာမကျသေးတဲ့အိမ်တွေကို အကြမ်းဖက်စစ်တပ်က ထပ်မံ မီးရှို့တယ်လို့ သိရပါတယ်။ အိမ်ခြေ၄၀လောက်ရှိတဲ့ ၅၆မိုင်စခန်းရွာကို အောက်တိုဘာ၁၂ရက်နေ့ည ၆နာရီခွဲလောက်မှာ စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးလုယက်ခဲ့ခြင်းဖြစ်ပြီး တစ်ဝက်တပျက်သာလောင်သေးတဲ့အိမ်တွေကို နောက် ထပ်ရောက်လာတဲ့စစ်တပ်ကဒီနေ့မှာ  ထပ်မီးရှို့ခဲ့တာလို့ ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါ တယ်။ ‘၁၂ရက်တုန်းက မီးရှို့တဲ့စစ်တပ်က ဂန့်ဂေါကနေ ဆင်းလာတဲ့တပ်။၅၆မိုင်ဆိုတာ ပုလဲ-ဂန့်ဂေါလမ်းပေါ်မှာပဲဆို တော့ ၅၆မိုင်မှာ စခန်းချရင်း ရှို့တာ။ပြီးတော့ အရပ်လေးမျက်နှာကို လက်နက်ကြီးနဲ့လျှောက်ပစ်တယ်’လို့ သူက ပြောပါတယ်။…

Read More
အကြမ်းဖက်စစ်အုပ်စုတပ်တွေ ထိုးစစ်ဆင်လို့ ပုလဲကရွာ၄၀လောက် တောထဲ တိမ်းရှောင်နေရ

အကြမ်းဖက်စစ်အုပ်စုတပ်တွေ ထိုးစစ်ဆင်လို့ ပုလဲကရွာ၄၀လောက် တောထဲ တိမ်းရှောင်နေရ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်းအတွင်းထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းနဲ့ စစ်အင်အားတိုးချဲ့နေတဲ့အခြေအနေ တွေအရ ပုလဲ မြို့နယ်ထဲက ရွာ၄၀လောက်ဟာ တောထဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်ရှောင်ရွာ၄၀လောက်ဟာ သူတို့ရွာတွေနဲ့ ၂မိုင်ဝန်းကျင်ရှိတဲ့တောတွေထဲ မိုးကာတဲထိုးနေထိုင်နေကြ တယ်လို့ ပုလဲမြို့နယ်အတွင်းရှိ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော်ကလည်း ပုလဲမြို့နယ်ထဲ စစ်ရှောင်ပြည်သူ၄၀၀ကျော်ရှိပြီလို့ ထုတ်ပြန် ထားပါတယ်။ ဒီလပထမပတ်ကစလို့ စစ်ယာဉ်တန်းတွေဟာ ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက် အတက်အဆင်းပြုလုပ် ကြသလို သံချပ်ကာကားတွေကိုပါတွေ့လာရပြီး ကားလမ်းဘေးတစ်လျှောက်က ရွာတွေကို မီးရှို့ဖျက် ဆီးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ ‘ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက်ကရွာတွေကို…

Read More
ပုလဲမြို့နယ်ထဲဝင်လာတဲ့ စစ်ကား၉၀ကျော်ကို မိုင်းဆွဲတိုက်ခိုက်

ပုလဲမြို့နယ်ထဲဝင်လာတဲ့ စစ်ကား၉၀ကျော်ကို မိုင်းဆွဲတိုက်ခိုက်

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲကိုဝင်လာတဲ့ အကြမ်းဖက်စစ်ကား၉၀ကျော်ကို ပြောက်ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သံချပ်ကာကား၇စီးနဲ့ အကြမ်းဖက်စစ်ကား၉၃စီး ပုလဲမြို့နယ်ထဲ ဝင်လာစဥ် ပြည်သူ့တော် လှန်ရေးတပ်(PRA)နဲ့ပုလဲပြည်သူ့ကာကွယ်ရေးတပ်(PPDF)တို့ပူးပေါင်းကာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော် လှန်ရေးတပ်ဖွဲ့ဝင် ဗိုလ်စောကပြောပါတယ်။ ‘၇နာရီ၁၅မိနစ်လောက်မှာ မိုင်းဆွဲခဲ့တာ။မိုင်း၆လုံး၊၇လုံးကွဲတယ်။ကျွန်တော်တို့ပြောက်ကျားအလုပ်က မိုင်းဆွဲပြီးတာနဲ့ ပြေး ရတာဆိုတော့ အသေအပျောက်စာရင်းကို အတည်မပြုနိုင်သေးဘူး’လို့ သူကပြောပါတယ်။ အကြမ်းဖက်စစ်ယာဥ်တန်းဟာ ချင်းပြည်နယ်ဘက်တက်လာတာဖြစ်နိုင်ပြီး မိုင်းဆွဲခံရပေမဲ့ နောက်ကြောင်းပြန် မလှည့်ဘူးလို့သိရပါတယ်။ ဒီနေ့မနက်တိုက်ပွဲမှာ ဒေသခံပြောက်ကျားတစ်ဦးမျှ အထိအခိုက်မရှိသလို မ​နေ့ကလည်း…

Read More