နိုင်ငံရေး

မုံရွာမြို့နယ်၊ ထနောင်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ် မီးရှို့လို့ အသက်၇ဝအရွယ် သုံးဦးမီးလောင်သေဆုံး

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းကုန်းကျေးရွာကိုစစ်ကောင်စီတပ်တွေကဒီကနေ့မတ်လ၁၅ရက်နေ့ မနက်၆နာရီအချိန် မှာစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ပြီး အိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့လို့ အသက် ၇၀ အရွယ် လူသုံးဦး မီးလောင်သေဆုံးခဲ့ပြီး ဒေသခံ ၅၀၀ ခန့်ဆားလင်းကြီးဘက်စစ်ရှောင်ရတယ်လို့သိရပါတယ်။ “စစ်ကြောင်းကအခုတော့ထွက်သွားပြီ။ကျွန်တော်တို့အခုမီးငြှိမ်းနေတယ်။ပြည်သူ၃ဦးသေဆုံးပြီး၃၅အိမ်လောက်မီးလောင်တယ်။သတင်းအချက်အလက်အတိအကျကိုတော့မသိရသေးဘူး။အခုမှနယ်မြေရှင်းလင်းရေးလုပ်နေရတာ”လို့မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]