နိုင်ငံရေး

စစ်တပ်ကမီးရှို့ထားတဲ့ ညောင်ကားယားရွာကို ထပ်ပြီးစစ်ကြောင်းထိုးလို့ ဒေသခံတထောင်ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ညောင်ကားယားကျေးရွာကို နှစ်သစ်ကူးညဒီဇင်ဘာ ၃၁ရက်မှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးစီးနင်းဝင်ရောက်ခဲ့တာကြောင့် ဒေသခံထောင်ချီဘေးလွတ်ရာပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညောင်ကားယားကျေးရွာဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလထဲမှာ စစ်တပ်က ၂ရက်ဆက်တိုက်မီးရှို့ခဲ့သလို ဒီဇင်ဘာလထဲမှာလည်း စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့်အကြိမ်ကြိမ်ထွက်ပြေးတိမ်းရှောင်ရတဲ့ရွာဖြစ်ပြီး မနေ့ကနှစ်သစ်ကူးညမှာလည်းစစ်တပ်အင်အား ၁၀၀လောက်နဲ့စစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]