စစ်အုပ်စုအန္တရာယ် စိုးရိမ်ရတာကြောင့် ဆားလင်းကြီးမြို့ပေါ်ဒေသခံတွေ အမြန်ဆုံးတိမ်းရှောင်ကြဖို့ သတိပေ

စစ်အုပ်စုအန္တရာယ် စိုးရိမ်ရတာကြောင့် ဆားလင်းကြီးမြို့ပေါ်ဒေသခံတွေ အမြန်ဆုံးတိမ်းရှောင်ကြဖို့ သတိပေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး ဆားလင်းကြီးမြို့ပေါ်ကိုလည်း ရောက်ရှိလာနိုင်တာကြောင့် မြို့ပေါ်ကနေ အမြန်းဆုံးတိမ်းရှောင်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ မြို့ခံအချို့ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ “ကျွန်တော်တို့လည်း အခုတိမ်းရှောင်ဖို့ ပြင်ဆင်နေပါပြီ။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်တပ်ဟာ ဖောင်းကတာကျေးရွာ ၊ ထန်းပုကျေးရွာနဲ့ ထန်ဇင်ဝန်းကျင် ကျေးရွာတွေကို ရောက်ရှိနေပြီလို့လည်း ဆိုထားပါတယ်။ ဆားလင်းကြီးမြို့ဟာ ဖောင်းကာတာရွာနဲ့…

Read More
ဆားလင်းကြီး၊ငွေသာရွာသား၇ဦးကို ဖမ်းဆီးပြီး အိမ်၆လုံးမီးရှို့

ဆားလင်းကြီး၊ငွေသာရွာသား၇ဦးကို ဖမ်းဆီးပြီး အိမ်၆လုံးမီးရှို့

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ငွေသာ ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွာသား ၇ဦးကို ဖမ်းဆီးပြီး နေအိမ်၆လုံးကို မီးရှို့ခဲ့ကြောင်းသိရပါတယ်။ ဒီနေ့မနက်မှာ ငွေသာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ အင်အား၅၀ကျော်လောက်ရှိပြီး ငွေသာရွာကနေ သူဌေးကုန်းရွာဘက်ဦးတည်ထွက်ခွာနေတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက် နှာ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ‘လက်ရှိအချိန်ထိတော့ ဘာသံမှထပ်မကြားသေးဘူး။သူဌေးကုန်းရွာဘက်အခြမ်းကတော့ ပြေးကုန်ပြီ။မပြေး ရင်လည်းအသတ်မခံရတောင် အဖမ်းခံရနိုင်တာကြောင့် သယ်နိုင်တာလေးသယ်ပြီးပြေးရတာ’လို့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ PDFထောက်ပို့ရဲဘော်တစ်ဦးကပြောပါတယ်။ ဇွန်၉ရက်နေ့ကလည်း ဆားလင်းကြီးမြို့ အမှတ်(၆)ချည်မျှင်အထည်စက်ရုံမှာ  တပ်စွဲထားတဲ့  အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်…

Read More