
ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာရဲစခန်းက ဗိုလ်ကြီးတစ်ဦး ရှင်းလင်းခံရ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ ရဲစခန်းက စစ်အုပ်စုလက်အောက်ခံ ဗိုလ်ကြီးဝေဖြိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၂၃ရက်နေ့ မွန်းလွဲပိုင်းမှာ တောင်ခင်ရန်းရွာရဲစခန်းကနေ ဇနီးဖြစ်သူနဲ့ စျေးဝယ်ထွက်လာတဲ့ ဗိုလ်ကြီးဝေဖြိုးကို ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]