ထီးလင်း​၊ ဂန့်ဂေါ နဲ့ ကလေးမြို့နယ်တွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်

ထီးလင်း​၊ ဂန့်ဂေါ နဲ့ ကလေးမြို့နယ်တွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်

ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ်တောင်ပိုင်းတွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်လျှက်ရှိတယ်လို့ သိရပါတယ်။ ထီးလင်းမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်ဟာ ဇူလိူင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ မနက်အစောပိုင်းကစပြီး ဖုန်းလိုင်းတွေပြတ်တောက်သွားခဲ့ပြီး၊ ဇူလိူင်လ ၂၀ ရက်နေ့မနက်ပိုင်းမှာ ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြံ၊ နတ်ချောင်း၊ အရှေ့စည်း၊သံဖို၊ ဟဲလုပ်၊ တင်သား၊ မှန်တော စတဲ့ရွာတွေမှာပါ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့ သိရပါတယ်။ ဖုန်းလိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထားခြင်းဖြစ်နိုင်ပြီး သူတို့ စစ်ကြောင်းထိုးတဲ့နယ်မြေတွေ၊ တိုက်ပွဲဖြစ်ပွားရာနယ်မြေတွေမှာ စစ်ကောင်စီတပ်ဟာ…

Read More
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့မှာ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရ

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့မှာ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရ

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။ ဂန့်ဂေါ်မြို့နယ်၊မြောက်ပိုင်း ကန်ရွာ၊ ကန်သာရွာ၊ မွေ့လယ်ကျေးရွာတွေအပြင် တောင်ခင်ရန်အထိပါ ဆက်သွယ်မရတော့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။ လက်ရှိမှာလည်း ကလေးမြို့ကနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့လို့ ယူဆရတဲ့ စစ်တပ်သုံးရဟတ်ယာဉ်တွေ ပျံသန်းနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကန်ရွာမှာ စခန်းချနေတာပါ။ အဲ့ဒီနောက် တခြားကျေးရွာကနေ လာတဲ့စစ်ကြောင်းနဲ့ပူးပေါင်းပြီးနောက် ကျေးရွာဒေသခံတွေကို ဖမ်းဆီးတာတွေ၊နေအိမ်တွေကို မီးရှို့တာတွေအပြင် မီးငြိမ်းသတ်ဖို့လာတဲ့ ကျေးရွာဒေသခံတွေပါ ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာကြောင့် ဘေးလွတ်ရာကို…

Read More
တိုက်ပွဲဖြစ်ပွားနိုင်လို့ ဂန့်ဂေါ-အိုက္ကား လမ်းပိုင်းကို မသုံးကြဖို့ သတိပေး

တိုက်ပွဲဖြစ်ပွားနိုင်လို့ ဂန့်ဂေါ-အိုက္ကား လမ်းပိုင်းကို မသုံးကြဖို့ သတိပေး

ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ဂန့်ဂေါ-အိုက္ကား လမ်းပိုင်းကို မသုံးကြဖို့ ဂန့်ဂေါ PDF (တောင်ပိုင်း)က သတိပေးလိုက်ပါတယ်။ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ပြင်သာရွာ ပေါ်လယ်ရွာ၊ အန်းတားရွာနဲ့ ဝက်ချီပါရွာကြား ပေါ်လယ်ချောင်းတစ်ဝိုက် ၂ရက်ကျော် ပျောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ၇ရက်နေ့ မနက် ၁၁နာရီလောက်က ရောင်နက်ရွာ ထဲ ရောက်ရှိခဲ့ပြီဖြစ်ပြီးဂန့်ဂေါ PDF နဲ့ ပူးပေါင်းအဖွဲ့က အနီးကပ်ကင်းထောက်ရာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခဲ့ခံရပေမဲ့ ထိခိုက်မှုမရှိကြောင်း ဂန့်ဂေါ PDF (တောင်ပိုင်း)ကထုတ်ပြန်ပါတယ်။ ဇွန်လ၅ရက်နေ့ကဆည်ပေါ်ရွာကနေ မြောက်ဘက်ကို…

Read More
မြစ်သာရေလှောင်တမံဒေသမှာ ကင်းလှည့်နေတဲ့စစ်တပ်ကို ပြင်းအားမြင့်မိုင်း၃လုံးနဲ့တိုက်ခိုက်

မြစ်သာရေလှောင်တမံဒေသမှာ ကင်းလှည့်နေတဲ့စစ်တပ်ကို ပြင်းအားမြင့်မိုင်း၃လုံးနဲ့တိုက်ခိုက်

ဂန့်ဂေါခရိုင်၊ မြစ်သာရေလှောင်တမံ ဒေသအတွင်း ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြင်းအားမြင့် မိုင်း၃လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၆နာရီလောက်ကဆိုင်ကယ်၃စီး၊ကား၃စီးတို့နဲ့ ရေလှောင်တမံဒေသအတွင်း နယ်မြေစိုးမိုးရေးအတွက်ကင်းလှည့် လာတဲ့ စစ်တပ်ကို အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်သေဆုံးအခြေအနေကို မသိရသေးဘူးလို့ Yaw Defense Force-YDF ကထုတ်ပြန်ပါတယ်။ မိုင်း ပေါက်ကွဲသံကို ၁၅ မိုင်လောက်အထိကျယ်လောင်စွာကြားရတယ်လို့လည်း ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မေလ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ မြစ်သာရေလှောင်တမံ ဒေသအတွင်း…

Read More
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် PDFတပ်ဖွဲ့ဝင် ၇ဦးထက်မနည်း ကျဆုံးခဲ့ရ

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် PDFတပ်ဖွဲ့ဝင် ၇ဦးထက်မနည်း ကျဆုံးခဲ့ရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာဆည်အနီးတဝိုက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ဦးထက်မနည်း ကျဆုံးခဲ့ရတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က မေလ ၂၆ရက်နေ့ မနက် ၁၁နာရီလောက်မှာ စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းချထားတဲ့ မြစ်သာဆည်အနီးတဝိုက်ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ဒီကနေ့ အချိန်အထိ မြစ်သာဆည်အနီးတဝိုက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရာအရပ်ဒေသတွေမှာ နေထိုင်ကြဖို့နဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိပြု နေထိုင်ကြဖို့…

Read More
မြစ်သာမြစ်အရှေ့ဘက်ကမ်းက စစ်ရှောင်တွေခိုလှုံနေတဲ့ တောထဲအထိ စစ်အုပ်စုက စစ်ကြောင်းလိုက်ထိုးနေ

မြစ်သာမြစ်အရှေ့ဘက်ကမ်းက စစ်ရှောင်တွေခိုလှုံနေတဲ့ တောထဲအထိ စစ်အုပ်စုက စစ်ကြောင်းလိုက်ထိုးနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊ ယောဒေသမှာ အကြမ်းဖက်စစ်အုပ်စု ရွာမီးရိူ့တာတွေကြောင့် ဒေသခံတွေဟာ မြစ်သာ မြစ်အရှေ့ဘက်ကမ်း အရှေ့တောင်ဘက်မှာ ပုန်းခိုနေကြရပါတယ်။ စစ်အုပ်စုဟာ ရွာတွေကို မီးရှို့ပြီးနောက် စစ်ရှောင်တွေပုန်းခိုနေတဲ့ တောတောင်ထဲအထိ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်အုပ်စုဟာ တောမှာထားတဲ့ ဆန်အိတ်ပဲအိတ်တွေကိုပါ မီးရိူ့သွားတယ်လို့ အလယ်ရွာမှ ဘုမ (အမည်လွဲ) ကပြောပါတယ်။ “အခုဟာက ရွာတွေပစ်မှတ်မထားတော့ဘူး။ ကျနော်တို့ရွာကအိမ်တွေလည်း ကုန်ပြီလေ။ မီးရိူ့ခံရတာကိုး တောထဲပြေးရတာပေါ့။ တောထဲမှာ ဖြစ်သလိုနေရတဲ့ကြားက…

Read More
ဂန့်ဂေါမြောက်ပိုင်းတိုက်ပွဲ ကင်းထောက်တက်လာတဲ့ စစ်သားနဲ့ပျူ ၅ ဦးကို ရှင်းလင်းခဲ့

ဂန့်ဂေါမြောက်ပိုင်းတိုက်ပွဲ ကင်းထောက်တက်လာတဲ့ စစ်သားနဲ့ပျူ ၅ ဦးကို ရှင်းလင်းခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြောက်ပိုင်း၊ စမ်းမြို့ရွာအနီး ထိတွေ့တိုက်ပွဲမှာ ကင်းထောက်တက်လာတဲ့ စစ်သားနဲ့ပျူစောထီး ၅ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။ မေလ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းထိုးလာတဲ့စစ်ကြောင်းနဲ့ ဂန့်ဂေါ PDF တပ်ရင်း (၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအချိန် ၂ နာရီလောက်ကြာကာ စစ်တပ်ဘက်က ဒဏ်ရာရသူတွေလည်းများကြောင်း ထုတ်ပြန်ပါတယ်။ အထိနာလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၆၀ မမနဲ့ ၁၂၀…

Read More
တပ်မ ၁၁ တပ်သားတစ်ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိ

တပ်မ ၁၁ တပ်သားတစ်ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိ

မကွေးတိုင်း ဂန့်ဂေါမြို့ဘက်ကနေ ထီးလင်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၁၁က တပ်သားတစ်ဦးကို လက်နက်တွေနဲ့တကွ အရှင်ဖမ်းဆီးရမိတယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၂၅ရက်နေ့ မနက် ၇နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၁၁ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တပ်ရင်း ၆၊ တပ်ရင်း ၇နဲ့ တပ်ရင်း ၁၄တို့က…

Read More
နယ်မြေစုံစမ်းဖို့ အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်သားနှစ်ဦးကို ဂန့်ဂေါမှာ ဖမ်းမိ

နယ်မြေစုံစမ်းဖို့ အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်သားနှစ်ဦးကို ဂန့်ဂေါမှာ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေစုံစမ်းလေ့လာဖို့ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ MPDF – GANGAW က ထုတ်ပြန်ပါတယ်။ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၄) က တပ်သားအဆင့်ရှိသူ သားငယ်နဲ့ လပြည့်တို့ဟာ ကလေးမြို့ဘက်ကနေ ဂန့်ဂေါဘက် စစ်ကြောင်းထိုးလာရင်း ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့ကြားရှိ ဘုံးဇုန်ကျေးရွာအနီး တပ်စွဲထားစဉ် ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေစုံစမ်းလေ့လာဖို့ ဧပြီ ၂၁ ရက်နေ့ နံနက် ၉…

Read More
ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာရဲစခန်းက ဗိုလ်ကြီးတစ်ဦး ရှင်းလင်းခံရ

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာရဲစခန်းက ဗိုလ်ကြီးတစ်ဦး ရှင်းလင်းခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ ရဲစခန်းက စစ်အုပ်စုလက်အောက်ခံ ဗိုလ်ကြီးဝေဖြိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၂၃ရက်နေ့ မွန်းလွဲပိုင်းမှာ တောင်ခင်ရန်းရွာရဲစခန်းကနေ ဇနီးဖြစ်သူနဲ့ စျေးဝယ်ထွက်လာတဲ့ ဗိုလ်ကြီးဝေဖြိုးကို ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးဝေဖြိုးမှာ ဒဏ်ရာနဲ့ ထွက်ပြေးသွားတာကြောင့် စခန်းအနီးထိ လိုက်လံရှင်းလင်းခဲ့ရပြီး သူရဲ့ ဇနီးဖြစ်သူကိုတော့ လူသားချင်းစာနာထောက်ထားမှုတွေအရ အသက်ချမ်းသာပေးခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက စခန်းအတွင်းကနေ ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့…

Read More