ဂန့်ဂေါနယ်တောင်ပိုင်းက စစ်ဘေးရှောင် တထောင်ခန့် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ

ဂန့်ဂေါနယ်တောင်ပိုင်းက စစ်ဘေးရှောင် တထောင်ခန့် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ

အကြမ်းဖက်စစ်တပ်ရန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း ၊မြစ်သာဆည်အနီးအနား ဝန်းကျင်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ပြည်သူတစ်ထောင်ခန့်ရှိ​တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ ပနန်း၊ယင်းမာ၊စင်ပုံ ၊အနောက်တောလေးရွာစတဲ့ ရွာတွေကဖြစ်ပါတယ်။ လက်ရှိမှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲဖြစ်နေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ “ မြစ်သာဆည်နားက ရွာတွေပေါ့။ ပနန်း ၊ယင်းမာ၊စင်ပုံ ၊အနောက်တောလေးရွာပေါ့လေ။ အဲဒီရွာတွေ ရှောင်နေရတယ်။ ကျမတို့လည်း လမ်းသင့်ရင်သင့်သလို ကူညီမူတတ်နိုင်သလောက်ပေးနေပါတယ်။…

Read More