မေ၊ ၃၀ ချင်းပြည်နယ်၊ ဟားခါးနဲ့ ထန်တလန် ကြား သီးမစ် လွင်ပြင်ဒေသကို စစ်ကောင်စီက မေလ ၂၉ ရက်က မနေ့က လေကြောင်း နဲ့တိုက်ခိုက်ခဲ့တာကြောင့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ ဝင် ၁၁ ဦးကျဆုံးခဲ့တယ်လို့ CNDF တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ သီးမစ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွား နေတဲ့ချိန် လေယာဉ်နဲ့ ဗုံးကြဲတာ။ အခုလိုတွေ လေကြောင်းရော…
Read Moreမေ၊ ၁၆ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ချင်းပြည်နယ်ရဲ့ မြို့နယ် (၅)ခုမှာ နေအိမ်ပေါင်း ၁၀၀၀ နီးပါး ပျက်စီးခဲ့ပြီး မင်းတပ်မြို့နယ်ထဲက နေအိမ်တွေ အများဆုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ ချင်းပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှုက ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာ တော်တော်များခဲ့တော့ Update ကတော့ တော်တော်လေးလိုက်နေရတယ်။ အခုလောလောဆယ်အထိ ရထားတဲ့ အိမ်က ၉၆၄ အိမ်ပေါ့နော်။ ဒါပေမဲ့ ဒီထက် တော်တော်လေး…
Read Moreမေ၊ ၈ ချင်းပြည်နယ်၊ ဟားခါး ၊ တီးတိန် မြို့နဲ့ ဖလမ်းမြို့တွေကို ဧပြီလ ၁၆ ရက်ကနေ စတင်ပြီး ဒီကနေ့ မေလ၈ ရက်နေ့အထိ ဖုန်း၊ အင်တာနက်လိုင်းတွေကို စစ်ကောင်စီကဖြတ်တောက်ထားတယ်လို့ဒေသခံတွေက DNAကိုပြောပါတယ်။ “ချင်းပြည်နယ်ကိုအင်တာနက်လိုင်းဖြတ်တောက်ပြီးသတင်းအမှောင်ချထားတာကအခုဆိုရင်တလနီးပါးရှိပြီ ။တွေးကြည့်တာကတော့စစ်သားတွေချင်းတောင်ပေါ်ကိုပြန်တက်ချင်တဲ့သဘောမှာရှိတယ် ။ပြီးခဲ့တဲ့လကပဲသူတို့တောင်တက်လမ်းမှာဒီဘက်ကကာကွယ်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာတွေလုပ်ခဲ့တာကြောင့်လို့တော့ထင်တယ်”လို့တီးတိန်မြို့က ဒေသခံတဦးက DNA ကိုပြောပါတယ်။ ဒီကနေ့မြန်မာစံတော်ချိန်နေ့လယ်၁နာရီအချိန်မှာတော့တီးတိန်မြို့မှာ Wifi လိုင်းတွေအနည်းငယ်ပြန်လည်ရရှိခဲ့ပေမယ့် ဖုန်းလိုင်းတွေကတော့ပြန်မပွင့်သေးဘူးလို့သူကဆိုပါတယ်။ ချင်ပြည်နယ်မှာ စစ်ကောင်စီက Atom နဲ့ Ooredoo ဖုန်းလိုင်းတွေကိုလုံးဝဖြတ်တောက်ထားပြီး…
Read Moreမေ ၊ ၅ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဧပြီလ ၁ရက်ကနေ ၅ ရက်အတွင်း စစ်ကောင်စီကလေကြောင်းကနေသုံးကြိမ်ဗုံးကြဲဗုံးတိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ မေလ ၅ ရက် ဒီကနေ့မနက်ပိုင်းမှာ ဟားခါးမြို့နယ်မာလ်ဆောမ်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ နေအိမ်ထိခိုက်ပျက်စီးမူတွေကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။ ဟားခါးမြို့နဲ့ မိုင်သုံးဆယ်ဝန်းကျင်အကွာက မာလ်ဆောမ်ရွာနဲ့ ဗန်တလန်ရွာဝန်းကျင်မှာ ဂန့်ဂေါမြို့နယ်ကနေ ဟားခါးမြို့နယ်ထဲကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တပ်မ (၇၇) နဲ့ CNA၊ CNDF ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွါးနေတာပါ။…
Read Moreမေ၊ ၂ ချင်းပြည်နယ်မှာ စစ်ကောင်စီက ဧပြီလ တလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်ပြုလုပ်ရာမှာ ဗုံးအလုံး ၁၀၀ နီးပါးအသုံးပြုခဲ့ပြီး သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ စီမံကိန်းအရာရှိတဦးက ပြောပါတယ်။ “ စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ဆင်ရေးတွေ မလုပ်လာနိုင်တဲ့အတွက် လေကြောင်း ပိုအားပြုပြီး တိုက်ခိုက်လာတယ် ” လို့ အဲဒီအရာရှိက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်…
Read Moreမေ၊ ၁ ချင်းပြည်နယ်၊ ဟားခါးမြို့မြို့အဝင်ဆိုင်းဘုတ်နဲ့ လေးမိုင်ဝန်းကျင်အကွာက ချွန်ကျုံးကျေးရွာမှာ ဧပြီ ၃၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ဒေသခံ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ချွန်ကျုံးရွာမှာ တပ်စွဲစခန်းချထားဖို့ ကြိုးစားရာက တိုက်ပွဲဖြစ်ခဲ့တာလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာတာကြောင့် လေကြောင်းကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ …
Read Moreဧပြီ၊ ၂၇ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်အနီးက တလန်လိုကျေးရွာ (Tlanglo)ကို စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၇ ရက်ညနေ ၃နာရီ ခွဲဝန်းကျင်မှာ ဗုံး ၂ လုံးကြဲချခဲ့ရာ ဒေသခံ ၂ ဦးသေဆုံး၊ ငါးဦးဒဏ်ရာရကာ နေအိမ်ငါးလုံးပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။ ” သုံးနာရီ မိနစ်နှစ်ဆယ်လောက်မှာ လာကြဲသွားတာ။ အရပ်သားတွေကိုပဲ ပစ်မှတ်ထားနေတယ်။ မြေပြင်ကကျ…
Read Moreဧပြီ၊ ၂၁ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိမ်းသဲ (Zimte)ရွာက ချင်းအမျိုးသားတပ်ဦး(CNF) တပ်စခန်းကို ဒီကနေ့ ဧပြီ ၂၁ ရက် မနက် ၁၂နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် လက်ရှိ အချိန်အထိ ဒုဗိုလ်တဦးနဲ့ တပ်ကြပ်ကြီးတဦးကျဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနေသေးတယ်လို့ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒုဗိုလ်အဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်တဦး ကနဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲက တပ်ကြပ် အဆင့်ရှိ အမျိုးသမီးတပ်ဖွဲ့ဝင်တဦး ထပ်မံကျဆုံးသွားတယ်လို့ချင်းမီဒီယာတွေကဖော်ပြကြပါတယ်။ ကျဆုံးသွားသူတွေဟာ အသက်(၂၃)နှစ်အရွယ်ရှိ…
Read Moreဧပြီ၊ ၁၁ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ဝေဘူလမြို့ ကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံကြဲ တိုက်ခိုက်မူကြောင့် သေဆုံးခဲ့ရတဲ့ကလေးငယ်တဦးအပါအဝင် အရပ်သားကိုုးဦးရဲ့ ရုပ်အလောင်းတွေကို လေကြောင်းပစ်ခတ်မူဖြစ်တဲ့ ဧပြီ ၁၀ ရက်နေ့ညနေပိုင်းမှာ သဂြို်လ်ခဲ့တယ်လို့သိရပါတယ်။ ” မနေ့ကတည်းက အကုန်လုံးကိစ္စပြီးကြတာ။ လုံခြုံရေးအခြေအနေကြောင့်မို့ မနေ့ညကပဲ အကုန်ပြီးသွားတာ။ သူတို့ဇာတိတွေကိုပြန်သယ်တဲ့သူကပြန်သယ်သွားတယ်” လို့ ကလေးနယ်နဲ့ချင်းပြည်နယ်စပ်မှာ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ကလေးနည်းပညာတက္ကသိုလ် CDM ကထိကဌာနမှူး ဒေါ်ရတီအုန်းကပြောပါတယ်။ စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားမူမရှိတဲ့ ဝေဘူလမြို့ကို ဧပြီ ၁၀…
Read Moreဧပြီ၊ ၁၀ ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ဝေဘူလမြို့ကို စစ်ကောင်စီက ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဗုံးကြဲ တိုက် ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ရှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေကိုဆက်လက် ရှာဖွေ ကုသနေ ဆဲဖြစ်တယ်လို့ ဒေသခံစစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကလေးနည်းပညာတက္ကသိုလ် CDM ကထိက ဌာနမှူး ဒေါ်ရတီအုန်းကDNAကို ပြောပါတယ်။ ” လက်ရှိအချိန်ထိတော့ရှစ်ယောက်ပေါ့နော်၊ခုနစ်ယောက်ကတော့ အစကတည်းကကျွန်မတို့ Deadbody (အလောင်း) အဖြစ်တွေ့တယ်၊ နောက်အမျိုးသမီးငယ်တယောက်ကတော့ ကုသမှု ခံယူဖို့ကြိုးစားနေ…
Read More