မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်တယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေက မတ်လ ၂၉ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်ကြောင့် ဆန္ဒပြသူအမြောက်အများသေဆုံးခဲ့ပြီးနောက် ဗြိတိနိုင်ငံက အခုလို တောင်းဆိုလိုက်တာပါ။ ဒါ့ကြောင့်လုံခြုံရေးကောင်စီအဖွဲ့ ၁၅နိုင်ငံပါဝင်ဟာ မတ်လ ၃၁ရက်နေ့(မနက်ဖြန်)မှာ တံခါးပိတ်အစည်းအဝေး ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရနာ ဘာဂနာက လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေတွေကို ရှင်းလင်းတင်ပြသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီအစည်းအဝေးအပြီးမှာ မြန်မာ့အရေး ကြေညာချက်အသစ်တစ်ခုကို…
Read More