မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်က မိုင်းထောင်တာရှိတယ်လို့သတိပေး

မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်က မိုင်းထောင်တာရှိတယ်လို့သတိပေး

စက်တင်ဘာ၊ ၂၁ ရှမ်း-ကရင်နီ(ကယား)နယ်စပ် မိုးဗြဲမြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်တာတွေ ရှိနေတာကြောင့် အဲဒီ ရပ်ကွက်တွေကို သွားလာတာ မလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က စက်တက်ဘာလ ၁၉ ရက်က သတိပေးထုတ်ပြန်ထားပါတယ်။ “သူတို့(စစ်တပ်)ထောက်ပို့လမ်းကြောင်တွေ သွားလာလို့ရအောင် မြို့ထဲ တပ်စွဲထားတဲ့ နေရာတွေရှိတယ်။ အဓိကကတော့ အဲဒီ တပ်စွဲထားတဲ့ တဝိုက်မှာ ထောင်တာ” လို့  မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ မိုးဗြဲကနေ ကရင်နီပြည်နယ်ထဲက…

Read More
ထိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ခြောက်ရာကျော်ကို ပြည်တွင်းပြန်ပို့

ထိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ခြောက်ရာကျော်ကို ပြည်တွင်းပြန်ပို့

စက်တင်ဘာ၊ ၁၂   ကရင်နီ (ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲကနေ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခိုလှုံနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေထဲက ခြောက်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ အစောပိုင်းကနေစပြီး နေရပ်ပြန်ပို့လိုက်ပါတယ်။   ” ထိုင်းရဲ့ Policy (မူဝါဒ) အတိုင်းပေါ့နော်။ နယ်မြေတစုံတရာ အေးချမ်းပြီလို့ သူတို့က သတ်မှတ်ရင် သူတို့နိုင်ငံထဲ ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ပြန်ပို့တာက အမြဲတမ်းလုပ်နေကျ။ အခုလည်း အဲလိုလုပ်တာလို့ ပြောလို့ရတယ် ”…

Read More
တလကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားမှာ နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေ

တလကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားမှာ နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေ

စက်တင်ဘာ၊ ၆   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့ ကြားမှာ စစ်ကောင်စီတပ်တွေ ဆက်လက်တပ်စွဲထားတာကြောင့် စစ်ရေးတင်းမာနေဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။   “ သူတို့ပြန်မဆုတ်သေးတော့ စစ်ရေးက တင်းမာနေတဲ့ အနေအထားမှာ ရှိတယ် ” လို့ သူက ပြောပါတယ်။   ဒီးမော့ဆိုနဲ့ ဖရူမြို့တွေကြား လမ်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့…

Read More
ဒီးမော့ဆိုမှာ ကရင်နီပူးပေါင်းတပ်တွေ ဝင်တိုက်လို့ စခန်းနှစ်ခုက စစ်သားသုံးဆယ်ကျော်သေဆုံး

ဒီးမော့ဆိုမှာ ကရင်နီပူးပေါင်းတပ်တွေ ဝင်တိုက်လို့ စခန်းနှစ်ခုက စစ်သားသုံးဆယ်ကျော်သေဆုံး

စက်တင်ဘာ၊ ၄   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်ထဲရှိ သေးဆူလဲ နဲ့ ပူဖားကျေးရွာ တွေမှာ တပ်စွဲထားတဲ့ တပ်စခန်းနှစ်ခုကို တော်လှန်ရေးအင်အားစုတွေက ဒီလ၂ ရက်မှာ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဆယ်ကျော် သေဆုံးတယ်လို့ ကရင်နီပူးပေါင်းတပ်တွေ သတင်းထုတ်ပြန်ပါတယ်။   ” စခန်းကို စွန့်ခွာပြီးတော့မှ အတုံးအရုံးနဲ့ ထိခိုက်ကျဆုံးမှုတွေ များပြီး ထွက်ပြေးသွားတဲ့ အနေအထားပါ။ အလောင်းတွေတော့ စခန်းမှာ ကျန်ခဲ့တယ်။…

Read More
ကရင်နီပြည်မှာ တလအတွင်း ကာကွယ်ရေးတပ် ၁၂ ဦးနဲ့  စစ်ကောင်စီတပ် တရာကျော်သေဆုံး

ကရင်နီပြည်မှာ တလအတွင်း ကာကွယ်ရေးတပ် ၁၂ ဦးနဲ့ စစ်ကောင်စီတပ် တရာကျော်သေဆုံး

စက်တင်ဘာ၊ ၁   ကရင်နီ (ကယား)ပြည်နယ်တဝှမ်း သြဂုတ်လ တလအတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကရင်နီပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။   ” များတာကတော့ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားက တိုက်ပွဲတွေမှာ ကျတာများတယ်၊ မယ်စဲ့ဘက်က တိုက်ပွဲတွေမှာလည်း ကျတာရှိတယ်၊ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေတော့ ပြန်ရပါတယ် ” လို့…

Read More
ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်း လေးခုမှာ ဆန်ပြတ်လပ်နေ

ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်း လေးခုမှာ ဆန်ပြတ်လပ်နေ

သြဂုတ်၊ ၁၈   တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက စစ်ဘေးရှောင်စခန်း လေးခုမှာ ဆန်ပြတ်လပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။   “ လောလောဆယ် ပြတ်လပ်နေတာက လေးနေရာ ရှိတယ်၊ အပိုအနေနဲ့ မရှိတော့တာ၊ စားဖို့သောက်ဖို့ပဲ လက်ထဲ ကျန်ကြတော့တယ်၊ တချို့ဆို တခြားအသိတွေ၊ အမျိုးတွေဆီက ခဏချေးပြီး စားသောက်နေကြရတာ ” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူတဦးက DNA…

Read More
ဒီးမော့ဆို-ဖရူဆို ခြေလျင်သုံးနာရီခရီးကိုလာတဲ့ စစ်ကောင်စီတပ် လဝက်ကြာတဲ့အထိ လမ်းတဝက်ပင်မရောက်

ဒီးမော့ဆို-ဖရူဆို ခြေလျင်သုံးနာရီခရီးကိုလာတဲ့ စစ်ကောင်စီတပ် လဝက်ကြာတဲ့အထိ လမ်းတဝက်ပင်မရောက်

သြဂုတ်၊ ၁၇   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ ကနေ ဖရူဆိုမြို့ ဘက်ကို ခြေလျင်စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကရင်နီပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သုံးနာရီခရီးကို လဝက်ကြာတဲ့အထိ မရောက်နိုင်သေးဘဲ လမ်းခုလတ်မှာ ရပ်နားနေရတယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။   အင်အား သုံးရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၂ ရက်ကတည်းက ဒီးမော့ဆိုမြို့ကနေ ခြေလျင်…

Read More
ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့ကို စစ်ကောင်စီတပ် ပိတ်ဆို့ထားတာ တလကျော်ကြာမြင့်လာ

ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့ကို စစ်ကောင်စီတပ် ပိတ်ဆို့ထားတာ တလကျော်ကြာမြင့်လာ

သြဂုတ်၊ ၆   ကရင်နီ (ကယား)ပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့က မြို့ခံတွေကို စစ်ကောင်စီတပ်က ဇွန်လကုန်လောက်ကတည်းက မြို့ပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတာကြောင့် မြို့ခံသုံးရာကျော် ပိတ်မိနေတယ်လို့ ကရင်နီတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။   ” စစ်ကောင်စီက ထွက်ခွင့်မပေးတဲ့အတွက်မို့ မြို့ထဲမှာပဲ ပိတ်မိနေတယ်၊ စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရှိဘဲ သွားလာလို့ မရတဲ့ဟာတွေ ရှိတယ်၊ တနည်းအားဖြင့် ပြောရရင်တော့ လူသားဒိုင်း ပုံစံမျိုးနဲ့ တရွာလုံးကို ဓားစာခံ ထားထားတဲ့ ပုံစံဖြစ်နေပါတယ်…

Read More
ကရင်နီပြည်နယ်မှာ တလတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ရှစ်ဆယ်ကျော်သေဆုံး

ကရင်နီပြည်နယ်မှာ တလတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ရှစ်ဆယ်ကျော်သေဆုံး

သြဂုတ် ၊ ၆ ကရင်နီ(ကယား)ပြည်နယ်မှာ ဇူလိုင်လ တလတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၈၄ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )တာဝန်ရှိသူတွေကDNA သတင်းဌာနကို ပြောပါတယ်။ “စစ်ကောင်စီရဲ့ သေဆုံးမှုစာရင်းတွေကိုတော့ ရှေ့တန်းစစ်မြေပြင် တိုက်ပွဲတွေထဲမှာ မျက်မြင်ကိုယ်တွေ့ပေါ့နော်။ကျနော်တို့ ရဲဘော်တွေရှေ့မှာ တိုက်ပွဲထဲမှာ မျက်မြင်အတည်ပြုထားတဲ့ သေဆုံးမှုအရေအတွက်တွေ ဖြစ်ပါတယ်။ ကျနော်တို့ မမြင်နိုင်တဲ့ နေရာမျိုးတွေမှာ သေသွားတာမျိုးလည်း အများကြီး ရှိကောင်းရှိနိုင်တယ်” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး…

Read More

လွိုင်ကော်မြို့အနီးနှစ်ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က နှစ်ဆယ်ထက်မနည်းသေဆုံးတယ်လို့KNDFပြော

ဇူလိုင်၊ ၃၁ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီး အခုလ နောက်ဆုံးပတ်အတွင်း ဖြစ်ခဲ့တဲ့ နှစ်ရက်တာ တိုက်ပွဲ မှာ စစ်ကောင်စီဘက်က နှစ်ဆယ်ထက်မနည်းသေဆုံးပြီး သေနတ်မျိုးစုံ ရှစ်လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။  “နှစ်ဆယ်လောက် သေတယ်ဆိုတာက တိုက်ပွဲအတွင်းကျွန်တော်တို့ ကိုယ်တိုင်မြင်တွေ့လာခဲ့တာတွေပါ” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ လွိုင်ကော်မြို့အထွက်က…

Read More