ခင်ဦးမြို့နယ်ကစစ်ရှောင်အယောက်၅၀ကျော်ကို ဓားစာခံအဖြစ် စစ်ကောင်စီဖမ်းဆီး၊ ခုနှစ်ဦးထွက်ပြေးလွတ်မြောက်
မတ်၊ ၇ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ ခင်ဦးမြို့နယ်၊မြောက်ဘက်ခြမ်းနဲ့ ကန့်ဘလူအစပ်က ကျေးရွာတွေကစစ်ရှောင်အယောက်၅၀ကျော်ကိုမတ်လ ၆ရက်မှာစစ်ကောင်စီကဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ “သူတို့ကမနေ့ကစစ်ကြောင်းထိုးကတည်းကစစ်ရှောင်တွေဖက်ကိုစစ်ကြောင်းဖြတ်တာ ။အဲ့ဒီထဲမှာ စစ်ရှောင်တွေကိုဖမ်းသွားတာ ။ဒီကနေ့ အထိစစ်ကြောင်းနောက်ခေါ်သွားတာ ကျည်စုကျေးရွာကအများဆုံးပါတယ်”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ပြည်သူတွေအနက် ၇ဦးဟာ မနေ့က [ဆက်လက်ဖတ်ရှုရန်]