ဒေသအလိုက် သတင်းကဏ္ဍ

သထုံမှာခရီးသည်တင်ယာဉ်မိုင်းဆွဲခံရ၊ ဒဏ်ရာရသူသုံးဦးထဲက တဦးစိုးရိမ်ရ

မေ၊ ၂၂ မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ခရီးသည်တင်ကားတစီးမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါသူ သုံးဦးထိခိုက်ဒဏ်ရာ တွေ ရရှိခဲ့ပြီးတဦးစိုးရိမ်ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ “ညဘက်ဆိုတော့လည်း ဘယ်သူလုပ်လို့ လုပ်မှန်းမသိကြဘူး၊ ဒီမှာက ခဏခဏဖြစ်နေတာပဲ၊ ဗုံးပေါက်သံက တော်တော် ကျယ်တယ်၊ အဲချိန်ကလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမြို့၊ ပဒူတိုက်နယ်ကို လေကြောင်းကတိုက်လို့နေအိမ်နှစ်လုံးပျက်စီး၊ ဒေသခံတွေစစ်ရှောင်နေရ

  မေ၊ ၂၂ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်ကိုစစ်ကောင်စီတပ်တွေက  ဒီကနေ့ မေလ၂၂ရက်မှာမြေပြင်စစ်ကြောင်းထိုးမှုသာမကလေကြောင်းတိုက်ခိုက်မှုပါလုပ်နေလို့ နေအိမ်နှစ်လုံးမီးလောင်ပြီးဒေသခံတွေစစ်ရှောင်နေရပါတယ်။ “ Mi 35 နဲ့လာပစ်တာ နေ့ခင်း ၁၂နာရီအချိန်က တကြိမ် ခုနက၄နာရီလောက်ကတကြိမ် နှစ်ကြိမ်လာပစ်သွားတယ် ။လေကြောင်းတိုက်ခိုက်မှု ကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ အိမ်ဆောက်ပစ္စည်းတွေ စျေးအဆမတန်တင်ရောင်းသူတွေကို AAက ခေါ်ယူသတိပေးနေ

မေ၊ ၂၂ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အဦးတွေ များစွာ ပျက်စီးသွားချိန် အိမ်ဆောက်ပစ္စည်းတွေ စျေးအဆမတန်တင်ရောင်းခဲ့ကြတဲ့ ဆိုင်ရှင်တွေကို ရခိုင့်တပ်တော် (AA)က ခေါ်ယူပြီး သတိပေးတာ တွေ ရှိနေတယ်လို့ AAနဲ့ နီးစပ်သူတွေ နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားခုနှစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး တဦးသေဆုံး

မေ၊ ၂၂   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားခုနှစ်ဦးကို ထောင်အာဏာပိုင်တွေက မေလ ၂၁ ရက်ညပိုင်းမှာ လာရောက်ခေါ်ဆောင်သွားပြီးနောက် ထောင်ဝန်းအတွင်းမှာပဲ ရိုက်နှက်နှိပ်စက်ရာက ဒီကနေ့မှာ တဦးသေဆုံးသွားတယ်လို့ သိရပါတယ်။   သေဆုံးသွားသူဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါင်မြို့နယ်မှာ လင်မယားနှစ်ဦး ပစ်ခတ်ခံရလို့သေဆုံး

မေ၊ ၂၂   မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လင်မယားနှစ်ယောက် ဒီကနေ့မနက်အစောပိုင်းက သေနတ်ပစ်ခံရတာကြောင့် ပွဲချင်းသေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။   “ သူတို့လင်မယားနှစ်ယောက်က ဇင်းကျိုက်ဘက်ကနေ ပြန်လာတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒဂုံဆိပ်ကမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးပစ်သတ်ခံရပြီး လူငယ်အချို့ဖမ်းဆီးခံရ

မေ၊ ၂၂   ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက အုပ်ချုပ်ရေးမှူးဖြစ်သူ တောက်တဲ့ (ခ)ဇော်လွင်အပါအဝင် သုံးဦးကို ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ပစ်ခတ်မှုနဲ့မသက်ဆိုင်တဲ့ လူငယ်အချို့ကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူ့ဂုဏ်ရည်ဆုအတွက်ရတဲ့ ဆုငွေကန်ဒေါ်လာတသောင်းကို သံအမတ်ကြီးဦးကျော်မိုးထွန်းက CDM တွေအတွက် ပြန်လှူ

မေ၊ ၂၂   အခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခံရတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ အဲ့ဒီဆုရွေးချယ်ရေးအဖွဲ့က ချီးမြှင့်တဲ့ ဆုငွေအမေရိကန်ဒေါ်လာတသောင်းကို CDM ဝန်ထမ်းတွေအတွက် NUG အစိုးရကတဆင့် ပြန်လည်လှူဒါန်းလိုက်ပါတယ်။   ၁၄ ကြိမ်‌မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အယ်လ်ဆာဗေးဒိုး အားကစားရုံမှာ စုပြုံတိုးဝှေ့ရင်း လူပိမိလို့ ပရိသတ် ဒါဇင်နဲ့ချီသေဆုံး

မေ၊ ၂၂ အယ်လ်ဆာဗေးဒိုး နိုင်ငံက အားကစားရုံ တခုထဲမှာ လူတွေ စုပြုံတိုးဝှေ့ကြရာက အချင်းချင်း နင်းမိ၊ ပိမိကြလို့ တဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ အလယ်ပိုင်း အမေရိက ဒေသတွင်း နိုင်ငံရဲ့ မြို့တော် ဆန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘက်ခ်မတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့ ရုရှားရဲ့ကြေညာချက်ကို ယူကရိန်းသမ္မတ ငြင်းဆို

မေ၊ ၂၂ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဘက်ခ်မတ်မြို့ကို ရုရှားတွေ သိမ်းပိုက်သွားပြီဆိုတဲ့ သတင်းကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ငြင်းဆိုသွားခဲ့ပါတယ်။ ဘက်ခ်မတ်ကို လပေါင်းများစွာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့တဲ့ ရုရှား ကြေးစားတပ်ဖွဲ့ Wagnerက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲမှာ မုန်တိုင်းကြောင့်ပျက်စီးခဲ့တဲ့ တံတားငယ်တွေကို ပကဖ ပြန်လည်တည်ဆောက်ပေး

မေ၊ ၂၂   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့တံတားတွေကို မတ်လ ၁၇ ရက်ကနေစတင်ပြီး ထန်းလုံးတံတားငယ်တွေ အစားထိုးပြန်လည်တည်ဆောက်ခဲ့ကြတယ်လို့ NUG အစိုးရလက်အောက်ခံ၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။   “ တံတားပြန်လည်တည်ဆောက်ရာမှာ [ဆက်လက်ဖတ်ရှုရန်]