နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားရဲ့ သူလျှိုဂြိုဟ်တု လွှတ်တင်ရေး အစီအစဉ် မအောင်မြင်

မေ၊ ၃၁ နိုင်ငံရဲ့ ပထမဆုံး သူလျှို ဂြိုဟ်တု စမ်းသပ် လွှတ်တင်မှုဟာ မအောင်မြင်ခဲ့ဘူးလို့ မြောက်ကိုရီးယားက အတည်ပြု ကြေညာခဲ့ပါတယ်။  အစောပိုင်းတုန်းက မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် ပြည်တွင်းဖြစ် သူလျှို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရဲစခန်းကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရအပြီး လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားတဦးသေ၊ တဦးဒဏ်ရာရ

မေ၊ ၃၁ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့မရဲစခန်းကို မေလ ၃၀ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် ရဲနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရတဲ့အတွက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တုန့်ပြန်လို့ အရပ်သားတဦးသေဆုံးပြီးတဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ “ ဒရုန်းနဲ့ ချခံရတာ၊ သုံးဦးဒဏ်ရာရသွားတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရုတ်စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲ မြန်မာကိုရောက်လာ

မေ၊ ၃၁ တရုတ်နိင်ငံဗဟိုစစ်ကော်မရှင်၊ပူးတွဲစစ်ဦးစီးဌာန၊ခေတ္တ စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်ဦး ဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းစစ်တပ် ဒုတိယအကြီး အကဲနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ စစ်တပ်တွေပူးပေါင်းဆောင်ရွက်ဖို့၊နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အက်ဖ်အေဖလား ဗိုလ်လုပွဲ မတိုင်ခင် ဒဏ်ရာပြဿနာတွေ ဖိစီးနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မေ၊ ၃၁ အခု ဘောလုံးရာသီရဲ့ ဒုတိယမြောက် ဆုဖလား မျှော်လင့်ခွင့်ဖြစ်တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ် မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်ပိုင်းမှာ ခေါင်းခဲစရာ ဒဏ်ရာ ပြဿနာတွေနဲ့ ကြုံနေရပါတယ်။  ပြင်သစ် တိုက်စစ်မှူး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အမှုကိစ္စတွေ ကျေအေးဖို့ ဂျူဗင်းတပ်စ်အသင်း ဒဏ်ငွေ ညှိနှိုင်းမှု ပြေလည်

မေ၊ ၃၁ ကစားသမားတွေကို လုပ်ခလစာ ပေးချေမှုမှာ စည်းမျဉ်းတွေ ချိုးဖောက်ခဲ့လို့ ပြဿနာ ကြုံနေတဲ့ အီတလီ စီးရီးအေကလပ် ဂျူဗင်းတပ်စ်ဟာ အီတလီ ဘောလုံး အဖွဲ့ချုပ် (FICG)ရဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး အမှုကို အဆုံးသတ်လိုက်နိုင်ခဲ့ပြီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မေ၊ ၃၀ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တို့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ မိုင်းလားက လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့ လူသိများတဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ထဲမှာ မိုင်းလား လက်နက်ကိုင်တပ် ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင့်တပ်တော် AA တို့ ပါဝင်ပါတယ်။ စစ်ကောင်စီနဲ့ အဲဒီမဟာမိတ်သုံးဖွဲ့ဟာ ဇွန်လ ၁ ရက်မှာ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်ပြီး မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ မိုင်းလားမြို့ကို ဒီကနေ့ရောက်ရှိလာကြတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ က လာရောက်တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဒီဆွေးနွေးပွဲကို တရုက်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန်လည်း တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်မှာဖြစ်ပြီး လက်ရှိမှာ မိုင်းလားမြို့ကို ရောက်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းပေးတာ၊ လက်နက်ထောက်ပံ့မှုပေးတာတွေ လုပ်နေတဲ့ အဖွဲ့တွေဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

မေ၊ ၃၀   တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တို့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ မိုင်းလားက လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။   မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့ လူသိများတဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာ – မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မေ၊ ၃၀   မုံရွာ – မန္တလေး လမ်းပိုင်းက ဖြန်သန်းသွားတဲ့ စစ်ကောင်စီ ယာဥ်တန်းကို မေလ၂၉ ရက်မနေ့ညက ပဒေသာမိုင်း နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Black Eagle Defence Force [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ ဆိုင်ကယ်တွေကို နေအိမ်ရှေ့အထိ စီမံချက်နဲ့ ဆက်တိုက်ဖမ်းဆီးနေ

မေ၊ ၃၀   ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်၊ ဘေးတွဲနဲ့ ဘထ္ထရီစက်ဘီး တွေကို နေအိမ်တွေအရှေ့အထိ စီမံချက်နဲ့ လိုက်လံဖမ်ဆီးမှုတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ယာဉ်အသုံးပြုသူတွေက ပြောပါတယ်။   ” နေတိုင်း ဖမ်းနေတာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သုံးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေ သုံးရာခိုင်နှုန်းကျော်အထိ တိုးလာတယ်လို့ စစ်ကောင်စီအစီရင်ခံစာမှာ ဖော်ပြ

မေ၊ ၃၀   မြန်မာနိုင်ငံမှာ ၂၀၂၀ ကနေ ၂၀၂၃ အထိ သုံးနှစ်တာကာလအတွင်း အလုပ်လက်မဲ့ဦးရေဟာ သိသိသာသာ တိုးမြင့်လာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနရဲ့လုပ်သားအင်အားခန့်မှန်း စာရင်း၊ အင်းများ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြင်းခြံထောင်ကနေ အပြင်ထုတ်စစ်ဆေးခံရတဲ့ နိုင်ကျဉ်းတွေ ရိုက်နှက်ခံရပြီး ထောင်တွင်းပြန်ရောက်

မေ၊ ၃၀   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို စစ်ကောင်စီ လုံခြုံရေးက ထောင်ပြင်ခေါ်ထုတ်စစ်ဆေးပြီးနောက် ထောင်အတွင်း ပြန်ရောက်လာပေမယ့် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ရလာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံမှ [ဆက်လက်ဖတ်ရှုရန်]