ဆောင်းပါး

မြန်မာ့တော်လှန်ရေး တိုက်ပွဲဝင် အင်အားစုများကို ဆန်းစစ်ခြင်း 

စစ်အာဏာရှင်တွေဟာ အားကောင်းတဲ့ လက်နက်ကိုင် ခုခံမှုတွေနဲ့ ရင်ဆိုင်နေရသလို ထိန်းချုပ်နယ်မြေတွေလည်း တစ်စထက်တစ်စ ဆုံးရှုံးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တွေကို ၂၀၂၁ ခုနှစ်လောက်က စတင်စုစည်းခဲ့ချိန်မှာ အများစုကတော့ စိတ်ဆန္ဒ ပြင်းထန်နေတဲ့ လူငယ်လေးတွေ အလောတကြီး လူစုထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရချိန်အတွင်း NLD ပါတီဝင် ခုနစ်ဆယ်နီးပါး သေဆုံး

စစ်အာဏာသိမ်းပြီးချိန်ကစလို့ NLD ပါတီဝင် (၁၁၀၀)ကျော်ဖမ်းဆီးခံထားရပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် (၆၇)ဦးဟာ ဖမ်းဆီးခံရချိန်အတွင်းမှာ သေဆုံးခဲ့တယ်လို့ NLD ပါတီက ဒီကနေ့ထုတ်ပြန်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်နှစ်ပြည့် အနေနဲ့ NLDပါတီက ဒီကနေ့ ကြေညာချက်တရပ်ထုတ်ပြန်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်နယ် ပိတောက်ချုံကျေးရွာကို စစ်တပ်က မီးရှို့လို့ အိမ်ခြောက်ဆယ်ကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဝက်လက်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပိတောက်ချုံကျေးရွာကို စစ်တပ်က ဒီကနေ့ နိုဝင် ဘာ (၈)မနက်ပိုင်းမှာ မီးရှို့လို့ နေအိမ် (၆၁) လုံး ပျက်စီးသွားတယ်လို့ ရွာခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်ကအင်အား (၁၂၀) ဝန်းကျင်လောက်နဲ့ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သမိုင်းကုန်းကျော်တံတားပေါ်က ခုန်ချခဲ့တဲ့အမျိုးသား ပြင်းထန်ဒဏ်ရာရ

မရမ်းကုန်းမြို့နယ်၊ သမိုင်း​ကုန်းကျော်တံတားပေါ်ကနေ ဒီကနေ့ နိုဝင်ဘာ (၈) ရက်မနက်ပိုင်းမှာအမျိုးသားတဦး ခုန်ချခဲ့ပြီး အသက်မသေပေမယ့် ​ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အဲဒီပတ်ဝန်းကျင်မှာနေထိုင်သူတချို့က DNA ကိုပြောပါတယ်။ တံတားပေါ်က ခုန်ချတဲ့အမျိုးသားဟာ အသက် (၃၀) ဝန်းကျင်အရွယ်ရှိပြီး တံတားအနီးဝန်းကျင် ရပ်ကွက်က ဒေသခံဟုတ်မဟုတ် [ဆက်လက်ဖတ်ရှုရန်]

နွေဦးပွင့်သစ်

ကြည်ဇော်အေးကို လိုက်ပို့ခြင်း

ဆုံးပြီဆိုတဲ့ စကားဟာ မင်းနဲ့ကျမှ ပြည့်စုံလွန်းနေတယ်။ကြည်ဇော်အေးဆုံးပြီတဲ့။မင်းကိုချစ်တဲ့သူတွေအတွက်တော့ ဘာမှမကျန်အောင် ဆုံးရှုံးလိုက်ရတာပေါ့ကွာ။တစ်နေ့တစ်နေ့ လူတွေက သေနေကြတာပဲ။ ကိုယ်ချစ်တဲ့သူသေမှ၊ကိုယ်တန်ဘိုးထားတဲ့သူ သေမှ၊ လောကကြီးကမတရားဘူး ဘာဘူးလည်းမပြောချင်တော့ပါဘူး။  တကယ်တော့ သေခြင်း တရားဟာ ငါတို့မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုပဲ။ နောက်ဆုံးအချိန်ထိ ခုခံသွားရုံကလွဲပြီး ငါတို့မှာ [ဆက်လက်ဖတ်ရှုရန်]

နွေဦးပွင့်သစ်

နတ်ကတော်

“နတ်နှင့် နဂါး မလှည့်စားအပ် ၊ လှည့်စားသမှု ပြုသည်ရှိလျှင်၊ ဘေးအန္တရာယ် ဖြစ်တတ်လွယ်၏”ဒီအိမ်ရှေ့က ဖြတ်သွားတိုင်း၊ အဝတ်စ အနီပေါ်မှာ သင်္ဘောဆေးနဲ့ ရေးထားတဲ့ ဒီစာတမ်းကြီးကိုဖတ် ရတိုင်း ကျီးအာသီးရွာသားတွေ တစ်ချိန်က ဂုဏ်ယူဝင့်ကြွားခဲ့ရဖူးတယ်။ ငါတို့ ရွာမှာနတ်ကတော်ရှိသဟဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါနဲ့ ကလေးနယ်စပ်ကျေးရွာတွေမှာ စပါးအထွက်နှုန်းကျလို့ စစ်ရှောင်တွေအတွက် ရိက္ခာမလောက်မှာ စိတ်ပူနေရ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ကလေးမြို့နယ်တောင်ပိုင်းဒေသတလျှောက် ကျေးရွာတွေမှာ စပါးအထွက်နှုန်း ပုံမှန်ထက် ထက်ဝက်လောက် ကျဆင်းလာလို့ လာမယ့်နှစ်ရိက္ခာအတွက် စိတ်ပူနေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “တခြားလယ်တွေထားပါ၊ကျွန်မတို့ ကလေးမြို့တောင်ပိုင်းမှာ စပါးတော်တော်ထွက်တဲ့ထဲပါပါတယ်၊ စပါး နှစ်ရာ ကျော် ထွက်တဲ့လယ်တောင် ကိုးဆယ်မပြည့်ဘူးဆို့တော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာမှာ ပံ့သကူကောက်သူတွေ ကားတိုက်ခံရပြီး တစ်ဦးသေဆုံး

ရွှေပြည်သာမြို့နယ် မြင်းလှည်းဂိတ်အနီးမှာ နို ဝင်ဘာ (၇)ရက် တန်ဆောင်မုန်းလပြည့်ညက ပံ့သကူကောက်နေ တဲ့လူအုပ်ကိုကားတိုက်မိလို့ တဦးသေပြီး နှစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့တဲ့ ရွှေပြည်သာ မြို့ခံ ကိုမောင်ဇော်က DNA ကိုပြောပါတယ်။ “(ည)ရှစ်နာရီတောင်မထိုးသေးဘူး၊လူတွေကလမ်းပေါ်အများကြီးပဲ၊ အိမ်စီးကားတစ်စီးက ကားပေါ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒဂုံအရှေ့ လျှပ်စစ်ရုံးအနီးနဲ့ဒေါပုံ K pay စင်တာ အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေတွေ့

ရန်ကုန်မြို့၊ဒေါပုံမြို့နယ်၊ဇေယျာသီရိရပ်ကွက်က K payစင်တာနဲ့ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က လျှပ်စစ် ရုံးအနီးမှာ မနေ့ကညပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၈ရက် မနက်ပိုင်းတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေတွေ့လို့ စစ်တပ်က ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၈ရက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံဖြူဇရပ်မှာရှိတဲ့ နှစ်ရာကျော်သက်တမ်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းမီးလောင်ဆုံးရှုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ထဲက ဝဲဘိုတောင်ကျေးရွာမှာရှိတဲ့ နှစ်ရာကျော်သက်တမ်းရှိတဲ့ဘုန်းတော်ကြီးကျောင်း ဒီကနေ့ နိုဝင်ဘာ ၈ ရက်မနက်ပိုင်းမှာ မီးလောင်ပြီးဆုံးရှုံးခဲ့ပါတယ်။ ဒီကနေ့ မနက် ၆နာရီလောက်ကတည်းကမီးလောင်နေတာဖြစ်ပြီးသတင်းရရှိမှုနောက်ကျတာကြောင့် မနက် ၇နာရီမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်နိုင်ခဲ့ကာ ဘုန်းတော်ကြီးကျောင်းကတော့ တကျောင်းလုံးမီးလောင်ပျက်စီးခဲ့တယ်လို့သွားရောက်ကူညီပေးသူတွေကပြောပါတယ်။ ‘’ ဘုန်းတော်ကြီးကျောင်းက နှစ်ရာချီနေပါပြီ။ [ဆက်လက်ဖတ်ရှုရန်]