ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ် သာယာကုန်းကျေးရွာမှာ စစ်အုပ်စုစစ်ကြောင်း အတိုက်ခံရပြီး ၂ ဦးသေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်ပင်ထီးကျေးရွာကနေ သာယာကုန်းကျေးရွာဘက်ကို စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးအင်အား ၂၀ ခန့်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၂ ဦးသေဆုံးသွားခဲ့တယ်လို့ ကျားသစ်နက်တပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၆ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ စစ်အုပ်စုသတင်းပေးဆိုသူတစ်ဦး အပစ်ခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းအနီးမှာ အကြမ်းဖက်စစ်အုပ်စု သတင်းပေးလို့ နာမည်ကြီးနေတဲ့ ဦးမိုးဆိုသူ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၆ရက်နေ့ မနက် ၁၀နာရီခွဲလောက်မှာ တောင်ခွင်မင်းကြီးကျောင်းတိုက်ရှေ့ ခေါက်ဆွဲဆိုင်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ခေါင်းဆောင်ရဲ့ ဆွေးနွေးပွဲကို CNFပယ်ချပြီး ပြည်သူနဲ့အတူရပ်တည်သွားမယ်လို့ ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ကြားထားကို ချင်းအမျိုးသားတပ်ဦး CNFက ပယ်ချခဲ့ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စုရဲ့ ပြသနာတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာရေးဟာ CNFအနေနဲ့ အစဉ်တစိုက် ပြောဆိုခဲ့တဲ့ အရာဖြစ်ပေမဲ့ ပါဝင်သင့်တဲ့သူတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧပြီလ နောက်ဆုံးအပတ်အတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေလက်ချက်နဲ့ စစ်အုပ်စုက ၆၀ကျော်သေ

ချင်းအမျိုးသားတပ်မတော် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့စုပေါင်းကာ ဧပြီလ နောက်ဆုံးအပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို ၅ကြိမ်ရင်ဆိုင်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၆၀ကျော် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဧပြီလ ၂၂ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့အထိ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha၊ ထီးလင်း [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

မြေဖြူကိုင်ခဲ့တဲ့လက် သေနတ်ကို တင်းတင်းဆုပ်ကာ

  ပြည်သူတွေ စတင်မုန်တိုင်းထန်ပြီး မကြာခင် အာဏာရှင်ကိုပြတ်ပြတ်သားသား ရာဇသံပေးလိုက်တဲ့ CDM လှုပ်ရှားမှု စတင်ချိန်မှာ သူတို့လင်မယား နိုင်ငံ့သားကောင်းပီသစွာ CDM ခဲ့တယ်။သူတတ်နိုင်တဲ့နည်းနဲ့ သူတို့ တနိုင် အာဏာရှင်ကိုဆန့်ကျင်တဲ့သဘော။ငါ CDM ကွ ဆိုပြီး ဘာကိုမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကျူးဘားရဲ့ ထိပ်တန်းဟိုတယ်မှာ ဂက်စ်ပေါက်ကွဲမှုကြောင့် လူ ၂၀ကျော်သေဆုံး

ကျူးဘားနိုင်ငံ ၊ မြို့တော်ဟာဗားနားက  ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တခုမှာ  မေလ ၆ရက်နေ့က ဂက်စ်ယိုစိမ့်ပြီး အားပြင်းတဲ့ ပေါက်ကွဲမှုကြောင့်  လူပေါင်း ၂၂ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုဟာ  Hotel Saratoga ကို ဂက်စ်ပို့ပေးတဲ့ ထရပ်ကားတစ်စီးကြောင့် ဖြစ်ပွားခဲ့တာလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး-မတ္တရာလမ်းမှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိမှန်

မန္တလေးတိုင်း မတ္တရာမြို့နယ် လင်းမြွေချောင်းကျေးရွာအနီး မန္တလေး-မတ္တရာကားလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး အသက်ဆုံးပါးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာ တခု ဖြစ်တဲ့ Mandalay Free Press မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်း၊စစ်ကိုင်းနဲ့မကွေးတိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်၊လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားနေဆဲ

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဆက်လက်ပြင်းထန်နေဆဲတိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှု အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ ဒီဒေသကပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေဟာ ဆက်လက်မြင့်တက်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့အထိရတဲ့ အချက်အလက်တွေအရ ၃၂၇,၄၀၀ ဦးရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ရိက္ခာသယ်လာတဲ့ ရေယာဉ်၃စင်းကို PDFတွေ ဖမ်းဆီး

အကြမ်းဖက်စစ်အုပ်စုအတွက် ရိက္ခာသယ်ယူလာတဲ့ ရေယာဉ် ၃စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ နဂါးညီနောင်အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၆ရက်နေ့မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်မှာ စစ်အုပ်စုရဲ့ ရိက္ခာတင် ကုန်တင်ရေယာဉ်၃စင်းကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ စစ်ကားတစ်စီး မိုင်းထိ၊အသေအပျောက်များနိုင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသေအပျောက်များ နိုင်တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းကနေ မြင်းမူမြို့နယ်ထီးဆောင်းဘက်သွားတဲ့ အကြမ်းဖက်စစ်ကား၂စီးကို မြင်းမူမြို့နယ်၊ကန်းဖျားဇရပ်နဲ့ ထီးဆောင်းကြားမှာ ဒီနေ့မနက် ၉နာရီမိနစ်၄၀လောက်က တော်လှန်ရေးအင်အားစုတွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ စစ်ကားတစ်စီးတည့်တည့် မိုင်းထိမှန်ခဲ့တဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]