ဒေသအလိုက် သတင်းကဏ္ဍ

ဝမ်းတွင်းကနေ မိတ္ထီလာဘက်အထွက် စစ်ဆေးရေးဂိတ်ကိုမိုင်းခွဲ၊ ၂ ဦးသေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မိတ္ထီလာဘက်အထွက်ကားလမ်းပေါ် လုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ် ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။ ဒီနေ့နေ့ခင်း ၁၂ နာရီခွဲလောက်မှာ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (WTRF) က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ရဲ ၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဦးကျေးလက်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို လက်လုပ်အဝေးပစ်နဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ကျေးရွာတွေဆီ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံ တော်လှန်ရေးအင်အားစုက လက်လုပ်အဝေးပစ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ရေဦးမြို့နယ်၊ ဆီဆုံရွာကနေ ဆင်ခြံရွာဘက်ကူးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ရေဦး ပကဖနဲ့ ရေဦး PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင် မတရားယူထားတဲ့ အင်းလျားလမ်းအိမ် အစုရှယ်ယာ ရောင်းချရမှု ဒေါ်လာတစ်သန်းပြည့်ပြီ

မင်းအောင်လှိုင် မတရားရယူထားတဲ့အိမ် အစုရှယ်ယာ ရောင်းချရမှုဟာ ၄၈ နာရီမပြည့်သေးခင်မှာ ဒေါ်လာ တစ်သန်းပြည့်သွားပြီလို့ သိရပါတယ်။ ရန်ကုန်မြို့ ၁၄ အင်းလျားလမ်း အိမ်နဲ့ခြံကို စတင်ရောင်းချတာ ၄၈ နာရီမပြည့်သေးခင်မှာပဲ ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့တာကိုကြည့်ရင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သကျက်တော ရဲစခန်း အတိုက်ခံရပြီး စစ်အုပ်စု အင်အားအများပြားနဲ့ နယ်မြေရှင်းလင်းနေ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သကျက်တောကျေးရွာမှာရှိတဲ့ စစ်အုပ်စုရဲ့ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်အပြီးမှာ စစ်အုပ်စုက အင်အားအများအပြားနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၅ ရက်နေ့မှာ သကျက်တောရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါင်းတည် ဘုန်းကြီးကျောင်းဝန်းထဲ အကြမ်းဖက်စစ်တပ် နင်းမိုင်းတွေ ထောင်ထားခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် အတွင်းရှိ လဲပင်ကျေးရွာဘုန်းကြီးကျောင်းဝန်း အတွင်းမှာ အကြမ်းဖက်စစ်တပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ သိရပါတယ်။ လဲပင်ရွာဘုန်းကြီးကျောင်းဝန်းအတွင်း နေရာတော်တော်များများမှာ နင်းမိုင်းတွေ ထောင်ထားခဲ့ခြင်းဖြစ်တာကြောင့် ရွာသူရွာသားတွေနဲ့ အနီးပတ်ဝန်းကျင်က သွားလာနေကြသူတွေအနေနဲ့ လဲပင်ဘုန်းကြီးကျောင်းအတွင်း ဖြတ်သန်းခြင်းမပြုကြဖို့ ပေါင်းတည် PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝင်မနားရဲစခန်းကို စစ်အုပ်စုစွန့်ခွာထွက်ပြေးပြီးနောက် PDFတွေနယ်မြေရှင်းလင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာရှိတဲ့ ဝင်မနားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အုပ်စုက စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ Myanmar Defense Forceက သတင်းထုတ်ပြန်လိုက်ပါတယ်။ မေလ ၄ရက်နေ့ မနက် ၇နာရီလောက်က ဝင်မနားစခန်းကို MDF – PDF၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ”သက္ကရာဇ် နှစ်ပြောင်းကာသွားလည်း သွေးကြွေးအတွက်တော့အကြွေးတောင်းရမယ်” စာသားချိတ်ဆွဲ

ဒီနေ့ မေလ ၆ရက်နေ့မှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားကရန်ကုန်မြို့တွင်းတစ်နေရာမှာ”သက္ကရာဇ် နှစ်ပြောင်းကာသွားလည်း သွေးကြွေးအတွက်တော့အကြွေးတောင်းရမယ်” စာသားချိတ်ဆွဲခဲ့သလို ပြည်သူလူထု သွေးမအေးဖို့ လှုံ့ဆော်တဲ့စာသားတွေ ကြဲချတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike )၊Revolution Force(RF)၊Labour Alliance အဖွဲ့ဝင်(CTUM)၊Lgbt Community [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ စစ်အုပ်စုမိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကွေ့အနီး စစ်ဆေးရေးဂိတ်ကို ရောက်လာတဲ့ ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို Khin U Support Organization ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူများပြားခဲ့တယ်လို့ Khin U Support Organizationက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငပုတောမြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ ပြည်သူ ၃ဦးကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းယူမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူ ၃ဦးကို စစ်အုပ်စုရဲ့ ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးက မနေ့က မေလ ၆ရက်နေ့မှာ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ဆည်မြို့မှာ သွေးသောက်အဖွဲ့က ပြည်သူ၂ဦးကို ဖမ်းဆီးပြီး အလောင်းစွန့်ပစ်

မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သွေးသောက်အဖွဲ့ဆိုတဲ့ အဖွဲ့က အပြစ်မဲ့ပြည်သူ၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းတွေကို စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မေလ ၅ရက်နေ့ ညနေပိုင်းမှာ ကျောက်ဆည်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်သိန်းနဲ့ တံတားလယ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် [ဆက်လက်ဖတ်ရှုရန်]