နိုင်ငံတကာရေးရာ

ရက္ခိုင်ရီယယ်လစ်များ

၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ စတင်လိုက်တဲ့ ရက္ခိုင်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှု တစ်လျှောက်လုံး ကို ကြည့်ရင်၊ ရက္ခိုင်တော်လှန်ရေးသမားတွေဟာ – သိပ်လက်တွေ့ကျကျ စဉ်းစားလုပ်ဆောင်တဲ့သူတွေ ဖြစ်တယ် ဆိုတာ သိသာထင်ရှားတယ်။ နိုင်ငံရေးနယ်မှာတော့ လက်တွေ့ကျတာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရွှေကုက္ကိုလ်စီမံကိန်းပိုင်ရှင် တရုတ်နိုင်ငံသား ဘန်ကောက်မြို့မှာ ဖမ်းဆီးခံရ 

တရားမဝင်အွန်လိုင်း ကာစီနိုလုပ်ငန်းလုပ်ကိုင်တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် She Zhijiang ကို ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဩဂုတ်လ ၁၃ရက်နေ့မှာ ပြောပါတယ်။  အသက် ၄၀အရွယ် She Zhijiang ဟာ ၂၀၁၂ခုနှစ်ကတည်းက တရုတ်အစိုးရလက်ထဲကနေ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

တပတ်တာ နွေဦးပုံရိပ်လွှာ

“တိုက်ပွဲဖြစ်”၊ “ဖောက်ခွဲတိုက်ခိုက်” “မီးရှို့ခံရ” “ဒလန်ဟု လူသိများသူ ပစ်ခတ်ခံရ၊သေဆုံး” နွေဦးနေ့ရက်များကို ဤစကားလုံးများကသာ ဖုံးလွှမ်းထားသည်။အနိဌာရုံသတင်းများနှင့် နိုးထ၊ အိပ်စ က်ကြရသော ကာလများရှည်ကြာလွန်းလှ၏။ဖြစ်စဉ်တွေ၏ ခပ်ဝေးဝေးက သူတွေအဖို့ ဤသို့ တွေးမိနိုင်စရာ ဖြစ်သည်။ အဝေးကသူတွေပင် ထိုသို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီဂျစ်ဘုရားကျောင်း မီးလောင်မှုမှာ ကလေးငယ်တွေအပါအဝင် လူလေးဆယ်ကျော်သေဆုံး

ဩဂုတ်လ ၁၄ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ မနက်ပိုင်း ဝတ်ပြုဆုတောင်းချိန် Coptic Orthodox ဘုရားကျောင်းမှာ အကြီးအကျယ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် မီးခိုးတွေဟာ ခဏလေးနဲ့ ဖုံးလွှမ်းသွားခဲ့ပြီး အနည်းဆုံး ကလေး ၁၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကုန်ဈေးနှူန်းမတည်ငြိမ်မှုကြောင့် အခြေခံစားသောက်ကုန်ဈေးသည်တွေ အရင်းပြုတ်

ပြည်တွင်းမှာအခြေခံစားသောက်ကုန်တွေ စျေနှုန်းအဆမတန်မြင့်တက်လာပြီး စျေးရောင်းချသူအချို့ ထပ်မံရင်းနှီးဖို့ အခက်အခဲတွေဖြစ်လာနေတယ်လို့ ​စျေးသည်တဦးက DNA ကိုပြောပါတယ်။ “ဖြစ်နိုင်ရင်ဆက်မရောင်းချင်တော့ဘူး။အရောင်းအဝယ်ကလည်းပါးတယ်။အရင်က စျေးကြိုသွားရင် တစ်သိန်းလောက်ဆိုရင် ပစ္စည်းတော်တော်ပါတယ်။အခုတစ်သိန်းကိုင်ပြီးစျေးသွားရင် ဆီအချိန်တစ်ဆယ် တစ်ပုံးပဲပါတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ပထမအပတ်အတွင်းက စားအုန်းဆီအချိန်တစ်ဆယ်တစ်ပုံးကို ငွေကျပ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံလွှန့်ကြထူကြ”ဆိုတဲ့ ကလေးသပိတ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့သပိတ်ကော်မတီနှင့် ကလေးမြိုနယ်ပြည်သူတွေ ပူးပေါင်းပြီး ” ချုပ်ချယ်ရင် ရုင်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံလွှင့်ကြထူကြ ” စာတန်းကိုင်ဆောင်ပြီး သြဂုတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာရှင်ကိုဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။ သပိတ်မှောက်ရာမှာ ” လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားလောင်စာဆီတွေ နယူးယောက်ကိုတင်ပို့ဖို့ အိန္ဒိယသင်္ဘောကို အသုံးပြုခဲ့တယ်လို့ အမေရိကန်ပြော

ရုရှားရေနံစိမ်းကနေ ထုတ်လုပ်ထားတဲ့ လောင်စာဆီတွေကို ပင်လယ်ရေကြောင်းက တဆင့် နယူးယောက်ကို တင်ပို့ဖို့ အိန္ဒိယကို အသုံးပြုခဲ့တဲ့ အခုနှစ်အစောပိုင်းက ဖြစ်ရပ်ကြောင့် အမေရိကန်က စိုးရိမ်ပူပန်နေတဲ့အကြောင်းကို ထိပ်တန်း အိန္ဒိယ ဗဟိုဘဏ်လုပ်ငန်းရှင်တစ်ဦးက ဩဂုတ်လ ၁၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဖေဖေါ်ဝါရီလက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရာသီဥတုပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံမှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမှု အန္တရာယ်ရင်ဆိုင်နေရ

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ သြဂုတ် ၁၃ ရက်နေ့က ရုတ်တရက် ရေကြီးလာပြီးနောက် လူ ၄ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ တရုတ်မီဒီယာကနေ ထုတ်လွှင့်ထားတဲ့ ရုပ်သံတွေမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နျူဖျက်သိမ်းရေးအပေါ်  ကုလအကြီးအကဲရဲ့ ထောက်ခံချက်ကို မြောက်ကိုရီးယား ဝေဖန်

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေးကို ထောက်ခံတယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်ကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ်လ ၁၄ရက်နေ့မှာ ကန့်ကွက် ဝေဖန်လိုက်ပါတယ်။ အဲဒီမှတ်ချက်တွေဟာ သမာသမတ်ကျမှုနဲ့ တရားမျှတမှု ကင်းမဲ့နေတယ်လို့ မြောက်ကိုရီးယားက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်သပိတ်ဆန္ဒပြပွဲအပြီး လမ်းသွားလမ်းလာ ငါးဦးခန့် ဖမ်းဆီးခံရ

လုံခြုံရေးတင်းကျပ်ထားတဲ့ စမ်းချောင်းမြို့နယ်၊မြေနီကုန်းနဲ့ တော်လှန်ရေးပန်းခြံအနီးမှာ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်”  ခေါင်းစဥ်နဲ့ သပိတ်အဖွဲ့တွေက ဒီကနေ့ ညနေပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။  ဆန္ဒပြပွဲအပြီးမှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာ လူငယ်ငါးဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်လူငယ်တစ်ဦးက DNAကိုပြောပါတယ်။ “ကျွန်တော်တို့အင်အားစုတွေအကုန် saveဖြစ်တယ်။ဒါပေမယ့် [ဆက်လက်ဖတ်ရှုရန်]