တပတ်တာ နွေဦးပုံရိပ်လွှာ


“တိုက်ပွဲဖြစ်”၊ “ဖောက်ခွဲတိုက်ခိုက်” “မီးရှို့ခံရ” “ဒလန်ဟု လူသိများသူ ပစ်ခတ်ခံရ၊သေဆုံး”

နွေဦးနေ့ရက်များကို ဤစကားလုံးများကသာ ဖုံးလွှမ်းထားသည်။အနိဌာရုံသတင်းများနှင့် နိုးထ၊ အိပ်စ က်ကြရသော ကာလများရှည်ကြာလွန်းလှ၏။ဖြစ်စဉ်တွေ၏ ခပ်ဝေးဝေးက သူတွေအဖို့ ဤသို့ တွေးမိနိုင်စရာ ဖြစ်သည်။

အဝေးကသူတွေပင် ထိုသို့ ဖြစ်နိုင်စေသည့် ခရောင်းလမ်းနေ့ရက်များထဲက ဖြစ်စဉ်တွေအတွက် တိုက်ရိုက်ပါဝင်ပတ်သက်သူ၊ကိုယ်တွေ့မျက်မြင် တွေ့ကြုံခံစား နေရသူများအဖို့တော့ ဆိုဖွယ်ရှိ မည်မ ထင်ပေ။စက္ကန့်မိနစ်မခြား စိုးတထိတ်ထိတ် ကာလများကို ဖြတ်သန်းနေရကြမည်သာ။

သို့သော် မည်သူမျှ မပေးဘဲ ကိုယ်တိုင်ထမ်းပိုးထားသည့် တာဝန်တွေကြား အသက်နှင့်ခန္ဓာအတွက် စိုးထိတ်ရန်ကိုပင် သတိမရ၊စစ်ဖိနပ်အောက်မှ လွတ်မြောက်ရေးကိုသာ ရှေ့ရှုသူတွေကြောင့် နွေဦးသည် ဆက်လက် ကြီးထွားလာနေဆဲဖြစ်သည်။

တောတွင်း၊ကျေးလက်တွေဆီက နွေဦးတွေကိုခဏထား၊ မြို့ပြရပ်ဝန်းမှာပင် နွေဦးတို့ အားကောင်း ကောင်း ဆက်လက်ရှင်သန်နေကြဆဲ။မရေတွက်နိုင်သော လူအစုအဝေးများဖြင့် ကမ္ဘာကျော်ခဲ့ဖူးသည့် ရန်ကုန်လမ်းမတွေ လူလေးယောက်၊ထီးလေးလက် ဖြင့် ကမ္ဘာကျော်ရပြန်သည်။

ရှစ်လေးလုံး နှစ်ပတ်လည်။၂၀၁၂-၂၀၂၀ ကာလတွေတုန်းကတော့ ရှစ်လေးလုံး နှစ်ပတ်လည်တွေ ခမ်း နားခဲ့ဖူး၏။အစိုးရဝန်မင်းများပင် တက်လိုက်ကြသေးသည်။သို့သော် ထိုနှစ်ပတ်လည်တွေ ကမ္ဘာမကျော်ခဲ့။ယခု လူငယ်လေးယောက်၊အနက်ရောင်ထီးလေးလက်နှင့် လမ်းမထက်ကတိတ်တဆိတ်နှစ်ပတ်လည်ကိုတော့ ပြည်သူတွေလည်း သတိပြုအားပေးကြသည်။

နည်းလမ်းအမျိုးမျိုးဖြင့် အာဏာရှင်ကို တော်လှန်ခြင်းဆိုသည့် စကားရပ်ကို နားမလည်သူတွေအဖို့ အနှီ တိတ်တဆိတ်ပြကွက်လေးကိုကြည့်ရုံမျှဖြင့် ရှည်ရှည်ဝေးဝေး ရှင်းပြရန် လိုတော့မည်မထင်။တော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ပွဲဝင် လူကြမ်းလုပ်ရသည့် အခိုက်အတန့်တွေရှိသလို ဤလို နုနုရွရွ တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားရသည့် အချိန်တွေလည်းရှိသည်။

စမ်းချောင်းမြို့နယ် တော်လှန်းရေး ပန်းခြံ အနီးက ပြောက်ကျားသပိတ်ကတော့ အကြမ်းစား လှုပ်ရှားမှု တခုဖြစ်သည်။ယူဂျီတွေ၊သပိတ်တွေဆိုလျှင် အသေရရ၊အရှင်ရရဟု ဆိုရမလောက် စစ်ကောင်စီကမျက်မုန်း ကျိုးနေသည့်တိုင် တော်လှန်လူငယ်များကလည်း ခပ်ချေချေ။

စကစ လုံခြုံရေးတွေနှင့်အနီး ပတ်ဝန်းကျင်မှာမှ မင်းအောင်လှိုင် ခေါင်းပြတ်ရုပ်ပုံဖြင့် မီးရှို့ဆန္ဒပြခဲ့ ကြ သည်။စကစ ဒေါက်တိုင်အဖြစ် အမှုထမ်းနေသူတွေ လုပ်ကြံသတ်ဖြတ်ခံရသည့်သတင်းတွေကလည်း ခပ်စိ တ်စိတ် ဖတ်ရသည်။

ပစ်ခတ် သတ်ဖြတ်ခံရသည့်အထဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးတွေပါသည်။သင်္ဃန်းကျွန်း တွင် တော့ မြို့နယ် လဝကရုံးပင် ဝင်ရောက်တိုက်ခိုက်ခံရသည်။တဦးသေ၊တဦး ပြင်းထန် ဒဏ်ရာရ၏။ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီခေတ်တွင် ပြည်သူ့မေတ္တာရခဲ့သော်လည်း စစ်ဖိနပ်အောက် ယီးလေးခိုရသည်ကို အ ကြိုက်တွေ့ပုံရသည့် မီးသတ်အရာရှိအချို့လည်း လုပ်ကြံခံရသည်။

တိုက်ပွဲတွေလား…..။နွေဦး မှတ်တမ်းတွေထဲ ရေးဖြည့်လို့ မနိုင်အောင်များပြားသည်က တိုက်ပွဲ ဖြစ်စဉ် တွေပင်ဖြစ်သည်။စစ်ကိုင်းအညာတခွင်၊ဒေါနမြေ၊ငွေတောင်ပြည်၊မနောမြေ၊ချင်းပြည် တို့က တိုက်ပွဲသတင်းတွေ နေ့စဉ် ဖတ်၍မှတ်၍ပင် မနိုင်။

ယခုနောက်ပိုင်းတော့ တနင်္သာရီ၊ပဲခူးတိုင်းတို့ကလည်း တိုက်ပွဲ ခပ်စိတ်စိတ် ဖြစ်လာသည့် ဒေသတွေ ဖြစ်လာကြသည်။၁၄ မျဉ်းစောင်းတို့ဌာနီ ဧရာဝတီ ဘက်ဆီကလည်း တိုက်ပွဲသတင်းတွေ မကြာမကြာ ပျံ့လွင့် လာတတ်သေးသည်။

အများစုကတော့ အနိဌာရုံဟု မြင်သော် စိတ်ညစ်ညူးဖွယ် သတင်းဖြစ်ရပ်တွေဖြစ်သည်။တော်လှန်ရေး အမြင်နှင့်ဆိုလျှင်တော့ နွေဦးအဖို့ အားတက်ဖွယ် သတင်းတွေလည်းပါသည်။စိတ်နှလုံး ညှိုးနွမ်းရသည့် သတင်း တွေလည်းရှိသည်။

ပြည်သူ့ဘက်က သူရဲကောင်းတွေထိခိုက် ကျဆုံးရသည့် အခါတိုင်း နွေဦးအဖို့ နာကျင်ကြေကွဲစရာ တွေ ချည်း မဟုတ်လား။ပြည်သူတယောက်အနေဖြင့် ထိတ်လန့်တုန်လှုပ်စရာ သတင်းတွေကလည်း မနည်း။ စစ်တပ်က စစ်ကြောင်းထိုးသည်။
ပြည်သူတွေပြေးရလွှားရ၊စိုစိုစွတ်စွတ် ရာသီထဲ ဒုက္ခများရ၊ကျန်ရစ်သည့် အိမ်ရာ ပိုင်ဆိုင်မှုတွေက ကုန်း ကောက်စရာပင်မရှိအောင် ဖျက်ဆီး မွှေနှောက်ရှာဖွေ လုယူခံကြရ။သည်ကြားထဲ တချို့ ဖြစ်စဉ်တွေမှာ ပြည်သူ အများအပြား လူသားဒိုင်းအဖြစ် ဖမ်းဆီးခံကြရတာတွေလည်းပါသေးသည်။ဖမ်းဆီးခံရသူတွေထဲ စကစတို့ အလိုမကျသူတွေ သတ်ဖြတ်ခံရသည်။

တချို့ကျ ရွာထဲကိုပင် လက်နက်ကြီးတွေ၊လေကြောင်းတိုက်ခိုက်မှုတွေနှင့် တိုက်ခိုက်တာ ခံရသည်။ ဤသီတင်းပတ် ယင်းမာပင်နယ်ထဲက ကျေးရွာတချို့ ထိုသို့ တိုက်ခိုက်မှုမျိုးနှင့်ကြုံရသည်။ သည်သီတင်း ပတ်ထဲမှာပင် စစ်ကိုင်းတိုင်းထဲက PDF စခန်းတချို့ စီးနင်းတိုက်ခိုက်ခံရတာတွေရှိသည်။

လူသိများသည့် CDM ဗိုလ်ကြီးတဦးဖြစ်သူ ဗိုလ်ဇင်ယော်ကတော့ စကစ က ၎င်းတို့အထိနာနေသော စစ်ကိုင်းကို နယ်မြေတွေပိုင်းခြား၍ ပြန်လည် တိုက်ခိုက် အသာစီးရယူဖို့လုပ်ဆောင်နေကြောင်းသတိပေးသည်။ သူ၏ထုတ်ဖော်ပြောဆိုမှု မည်မျှ မှန်မမှန် မသိနိုင်သော်လည်း စကစ အနေဖြင့် စစ်ကိုင်းကို အပြည့်အ၀ ပြန်လည်ထိန်းချုပ်လိုတာတော့ အမှန်ပင်ဖြစ်သည်။

ထို့ကြောင့်ပင် စစ်ကိုင်း၊မကွေး နယ်တလွှား အကြွင်းမဲ့ ရက်စက်ပြ၊လူမျိုးရေး၊ ဘာသာ ရေးနှင့်သွေးထိုး ပြ၊ခေါင်းစဉ်မျိုးစုံ စစ်ဆင်ရေးတွေနှင့် တိုက်လိုတိုက် လုပ်နေတာဖြစ်သည်။ဤလို ကြမ်းကြမ်းတမ်းတမ်း သတင်း တွေကြားထဲ အရာတော်ကလာသည့် သတင်းတပုဒ်ကတော့ နှစ်လိုဖွယ်ရာဖြစ်သည်။

အရာတော်မြို့နယ်၊မင်းရွာကြီးကျေးရွာကို စကစ က စစ်ကြောင်းထိုးကာ ရွာကိုမီးရှို့သည်။ထို့နောက် ဇီးပင်ဝိုင်းကျေးရွာ၌ တပ်စွဲသည်။စကစတို့ ပြန်လည်ဆုတ်ခွဲပြီးနောက် ဒေသ ကာကွယ်ရေး တပ်များက နယ်မြေ ရှင်းလင်းချိန်တွင် လက်ဝတ်ရတနာ ပစ္စည်းတခုတွေ့၏။
စကစ စစ်ကြောင်း ဆုတ်ခွာသွားသည့် လမ်းကြောင်းတွင် တွေ့ရှိခြင်းဖြစ်၍ စကစ တို့ ခိုးယူလာသော ပြည်သူပိုင် ပစ္စည်းဟု ဒေသကာကွယ်ရေးတပ်များက ယူဆသည်။ထို့ကြောင့် ပြည်သူထံ ပြန်အပ်မည်ဟု ကြေညာသည်။

လူမဆန်သော လုပ်ရပ်ဟုမည်သို့ဆိုဆို စကစ အောက်ခြေတပ်များကတော့ ပြည်သူ့ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှိ့ဖျက်ဆီး လုယက်ရမှုကို အရသာတွေ့နေပုံပေါ်သည်။ဒေသခံများ အသက် ဘေးအတွက် နေအိမ်များအား ပြေးပြေးလွှားလွှား စွန့်ခွာသွားရချိန် ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက် ယူငင်နိုင်သည်မဟုတ်လား။

Delta News

Read Previous

အီဂျစ်ဘုရားကျောင်း မီးလောင်မှုမှာ ကလေးငယ်တွေအပါအဝင် လူလေးဆယ်ကျော်သေဆုံး

Read Next

ရွှေကုက္ကိုလ်စီမံကိန်းပိုင်ရှင် တရုတ်နိုင်ငံသား ဘန်ကောက်မြို့မှာ ဖမ်းဆီးခံရ