ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းအမတ် ဦးကျော်မျိုးမင်း အဖမ်းခံရပြီး မိသားစုနဲ့အဆက်အသွယ်ပြတ်နေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂) ဦးကျော်မျိုးမင်းဟာ ဇွန်လ ၂၂ ကတည်းက တပ်မဟာ (၁) နယ်မြေထဲမှာ တာဝန်အရခရီးသွားရင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့အတွေ့မှာ အဖမ်းခံခဲ့ရပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးတဲ့အတွက် စိတ်ပူနေတယ်လို့ မိသားစုဝင်တဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုတ်ဖို PDF ၄ ဦး အလင်းဝင်လာတယ်လို့ စစ်အုပ်စုမီဒီယာတွေ လိမ်ညာဝါဒဖြန့်

အုတ်ဖို PDF ရဲဘော် ၄ ဦး အလင်းဝင်လာတယ်လို့ စစ်အုပ်စုမီဒီယာတွေရဲ့ ဖော်ပြချက်ဟာ လိမ်ညာဝါဒဖြန့်ခြင်း သာဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)၊တပ်ခွဲ (၄) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အုတ်ဖိုမြို့နယ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။ စစ်အုပ်စုဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြတဲ့ အုတ်ဖိုမြို့နယ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးထဲလေထဲ စစ်ဘေးရှောင်နေရတဲ့ ထီးလင်းပြည်သူတွေကို YDF ကူညီ

#မကွေးတိုင်း #ထီးလင်းမြို့ #YDF #MilitaryCoupInMyanmar #DeltaNewsAgency မကွေးတိုင်း၊ထီးလင်းမြို့ပတ်ဝန်းကျင် မိုးထဲလေထဲ တောထဲ ရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို YDF ရဲဘော်တွေက ဘေးလွတ်ရာဆီကူညီပြောင်းရွေ့ပေးခဲ့ကြောင်း YDF (Shwe Som Nyo) က ဒီကနေ့ထုတ်ပြန်ပါတယ်။အနီးဝန်းကျင်ရှိ ပြည်သူတွေအနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်မှာ အကြမ်းဖက်စစ်တပ်နဲ့CDF တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ရှိ ပလုံတွီလမ်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေကြောင်း မင်းတပ်CDF ကထုတ်ပြန်ပါတယ်။တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး။ ဒီနေ့မှာမင်းတပ်မြို့အခြေစိုက် စစ်တပ်ကလည်း လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်မှုကြောင့် မဒပ်ရွာသားတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့တယ်လို့လည်းဆိုပါတယ်။မင်းတပ်နဲ့ကပ်လျက်တည်ရှိတဲ့ မကွေးတိုင်း၊ထီးလင်းမြို့နယ်မှာလည်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ-အရာတော်လမ်း အသုံးပြုခွင့် PDF ၆ ဖွဲ့ ပိတ်

မုံရွာ-အရာတော်လမ်းပိုင်း အသုံးပြုသွားလာခြင်းကို အထူးတားမြစ်ပိတ်ပင်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစု ၆ ဖွဲ့က အရေးပေါ်သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။ မုံရွာ-အရာတော်လမ်းပေါ် အကြမ်းဖက်စစ်တပ်တွေတပ်စွဲကာ သွားလာလှုပ်ရှားမှု ရှိ‌နေတာကြောင့် ဒီနေ့ (ဇွန် ၂၉ ရက်နေ့) မနက် ၉ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်၊ စမ်းချောင်းက ကျောင်းတချို့မှာ သတိပေးစာကပ်ထားတာကြောင့် ကလေးတွေကို ပြန်ခေါ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်က ကျောင်းတချို့မှာ ကျောင်းမတက်ဖို့သတိပေးစာ ကပ်ထားတာကြောင့် ဒီကနေ့ ဇွန် ၂၉ ရက်မနက်ပိုင်းက ကျောင်းသား၊ကျောင်းသူတွေကို ကျောင်းသားမိဘတွေက ကျောင်းကနေ ပြန်လာခေါ်နေကြတယ်လို့ စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက DNA ကိုပြောပါတယ်။ လက်ရှိမှာ စမ်းချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ဒဂုံဆိပ်ကမ်းပေါက်ကွဲမှု အဖမ်းခံရတဲ့လူငယ် ကျဆုံးခြင်းမရှိဘူးလို့ နီးစပ်သူ​ပြော

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်၊ A ၁၀ လမ်း၊ တိုက်အမှတ် ၁၆ မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဖမ်းခံခဲ့ရတဲ့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား အဖွဲ့ဝင်လူငယ် ကျဆုံးခြင်းမရှိဘူးလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်အခြေစိုက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDF ပူးပေါင်းအဖွဲ့က မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထား

#PDF #ကလေးဝလမ်းပိုင်း #MilitaryCoupInMyanmar #DeltaNewsAgency ရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို ရက်အကန့်အသန့်မရှိ ယာယီပိတ်လိုက်ကြောင်း ချိုမိုင်မိုင် ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုနဲ့မဟာ မိတ် (၅) ဖွဲ့က ပူးပေါင်းထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က လမ်းရဲ့ဘယ်ညာတလျောက် နင်းမိုင်း၊ တိုက်မိုင်းတွေ ထောင်ထားတဲ့အတွက် အများပြည်သူ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတဲ့ အာဆီယံအထူးသံရဲ့ မြန်မာခရီးစဉ်စတင်

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမှာမဟုတ်တဲ့ အာဆီယံအထူး သံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဒီနေ့ (ဇွန် ၂၉ ရက်) မှာ စတင်ပြီ ဖြစ်ပါတယ်။ ပရက်ဆော့ခွန်းရဲ့ အခုမြန်မာခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းမြို့မ ရဲစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ ပစ်ခတ်

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာရှိတဲ့ မြို့မရဲစခန်းကို ဇွန် ၂၈ ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် အကြမ်းဖက်အုပ်စုရဲ့ ရဲစခန်းဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲစခန်းဘက်က ပြန်လည်ပစ်ခတ်ရာမှာ [ဆက်လက်ဖတ်ရှုရန်]