PDF ပူးပေါင်းအဖွဲ့က မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထား

Photo- CJ
ရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို ရက်အကန့်အသန့်မရှိ ယာယီပိတ်လိုက်ကြောင်း ချိုမိုင်မိုင် ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုနဲ့မဟာ မိတ် (၅) ဖွဲ့က ပူးပေါင်းထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က လမ်းရဲ့ဘယ်ညာတလျောက် နင်းမိုင်း၊ တိုက်မိုင်းတွေ ထောင်ထားတဲ့အတွက် အများပြည်သူ အန္တရာယ်မဖြစ်အောင် ဇွန်လ ၂၈ ရက်နေ့ကစပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
“မိဘပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုရှေးရူ၍ လမ်းပိုင်းအား အကန့်အသတ်မရှိယာယီပိတ် လိုက်ရခြင်းဖြစ်သည်။ အင်တာနက်လိုင်း အခက်အခဲကြောင့် ယခုလို နောက်ကျမှတင်ပြရခြင်းအတွက် တောင်းပန်အပ်ပါသည်။ ပူးပေါင်းပါဝင်ကြဖို့ လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်” လို့ ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့ အရေးပေါ် ကျန်းမာရေးကိစ္စနဲ့သွားလာမယ်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို ဆက်သွယ်ချိတ်ဆက်ပြီးမှအခြားလမ်းများက သွားလာကြဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ယာယီလမ်းပိတ်ရခြင်းဖြစ်ပြီး ပြည်သူတွေပူးပေါင်းဆောင်ရွက်ဖို့ ကိုလည်း မဟာမိတ်အဖွဲ့တွေကမေတ္တာရပ်ခံထားပါတယ်။
ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သွားလာနေပါက လုံခြုံရေး တာဝန်ယူမည်မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာသတိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူနဲ့ ပြည်သူ့ရဲဘော်တွေကြား သွေးခွဲဖို့ကြံစည်နေတဲ့အတွက် ပြည်တွေ အနေနဲ့ အဆိုပါလမ်းပိုင်းကို စစ်ရေးသတိ၊ လုံခြုံရေးအသိနဲ့အသုံးမပြုကြဖို့ကိုလည်း မဟာမိတ်အဖွဲ့တွေ ကအသိပေးထားပါတယ်။
ချိုမိုင်မိုင်” ယင်းမာပင်၊ ကနီမဟာ မိတ်တပ်ပေါင်း စု၊ Yinmarbin Local Defence Force၊ Chindwin Galone Yarzar Guerrilla Defence Force၊ Alpha Special Force၊ Monywa True Of Force(MTOF) အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်ခဲ့တာပါ။