ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်မြို့က စစ်အုပ်စုယာဉ်တန်း ကျောက်ထုဘက်ကို ပြန်ထွက်လာ

ချင်းပြည်နယ် မင်းတပ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၇၄ တပ်ရင်းအတွင်းမှာ စခန်းချရပ်နားထားတဲ့ စစ်အုပ်စုရဲ့ ကားအစီး ၆၀ကျော်နဲ့ သံချပ်ကာ ကား၂စီးပါဝင်တဲ့ ယာဉ်တန်းဟာ မင်းတပ်မြို့ကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မေလ ၂၀ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး၊ မင်းခေါင်ရွာ အိမ်တစ်လုံးကနေ ကျပ်သိန်း ၇၀၀လောက် လုယက်သွာ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ မင်းခေါင်ရွာရှိ နေအိမ်တစ်အိမ်ကနေ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ငွေကျပ် သိန်း (၇၀၀) လောက်လုယက်သွားခဲ့ကြောင်း သိရပါတယ်။ မေလ၁၉ရက်နေ့ည၁၀နာရီလောက်က မင်းခေါင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကားနဲ့ ရောက်ရှိလာပြီး ငွေသိန်း၇၀၀လောက် ယူဆောင်သွားခဲ့ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဖော်ပြပါတယ်။ လာရောက်လုယက်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းထိပြီး အမျိုးသမီးတစ်ဦးသေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ပေလမ်းရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီး ကျည်ထိမှန်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကိုရင် ၄ ပါးအပါအဝင် ၆ ဦးဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတဲ့အမျိုးသမီးမှာ ငါးအိုးဆေးရုံကနေ ရွှေကူဆေးရုံကိုပို့ဆောင်စဉ် လမ်းမှာသေဆုံးသွားခဲ့ကြောင်း ကသာပကဖ ကမနေ့ညကထုတ်ပြန်ပါတယ်။ မေ၁၉ရက်နေ့က ထီးချိုင့်​ မြို့နယ်ကနေတက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကနေဒါနိုင်ငံမှာ တရုတ်ရဲ့ Huawei နဲ့ZTE ကို 5G ကွန်ရက်ကနေ ဖယ်ထုတ်မယ်

နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့အတွက် တရုတ်နိုင်ငံရဲ့ Huawei Technologies နဲ့ZTE 5G gear အသုံးပြုတာတွေကို တားမြစ်ဖို့ စီစဉ်ထားတယ်လို့ ကနေဒါအစိုးရက မေလ ၁၉ရက်မှာ ပြောလိုက်ပါတယ်။  “ကျွန်တော်တို့ရဲ့ 5G ကွန်ရက်တွေကနေ Huawei နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၅သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေး

 “မုတ်သုံအကြိုမိုးကြောင့် လူခုနစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၅သိန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်” လို့ အာဏာပိုင်တွေက မေလ ၁၈ရက်ရက်နေ့မှာ ပြောကြားခဲ့ပြီး အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။ ကမ္ဘာ့အကြီးဆုံးမြစ်ထဲကတစ်ခုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေ့ကော်ကို ဗုံးနှစ်ကြိမ်လာကြဲ၊တော်လှန်ရေးရဲဘော် ၃ ဦး ဒဏ်ရာရ

မြဝတီခရိုင်၊ လေးကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်းရဲ့စခန်းကုန်းငယ်ကို အကြမ်းဖက် လေတပ်က ဗုံး နှစ်ကြိမ်ကြဲခဲ့ရာ တော်လှန်ရေးရဲဘော် ၃ ဦး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ လေးကေ့ကော်ဒေသက ကော်ဘရာစစ်ကြောင်းရဲ့စခန်းကုန်းငယ်တစ်ခုကို မေလ ၁၉ ရက်နေ့ မနက်၂နာရီလောက်မှာတစ်ကြိမ်၊တခြားတောင်ကုန်းငယ်တစ်ခုကို မနက်၂နာရီ၂၇မိနစ်မှာတစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေစကြိုPDF လိုက်လံရှင်းလင်း​ပေ

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေစကြိုPDFက နေ့စဉ် ရှင်းလင်းသန့်ရှင်းရေးတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဒီကနေ့ မေလ ၁၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒါ့အပြင် ရေစကြိုPDF နယ်မြေစိုးမိုးထားတဲ့ ဒေသတွေအတွင်းမှာ ပြည်သူတွေအနေနဲ့ အကူညီလိုအပ်တာတွေ ရှိပါက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာကေတမှာ သေနတ်ပစ်ခတ်ခံရပြီး တက္ကသိုလ်ကျောင်းသူတဦးသေဆုံ

ဒီကနေ့မေလ ၁၉ရက်နေ့ နေ့လည် ၂နာရီ ၄၅မိနစ်လောက်က သာကေတ ၇ ရပ်ကွက် (၈ ထိပ်မှတ်တိုင်) အောင်သပြေလမ်းနဲ့ စံပယ်လမ်းထိပ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးငယ် ၁ ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။ သေဆုံးသူအမျိုးသမီးဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်နိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု အတည်ပြု

မကြာသေးခင်က ကနေဒါကို ခရီးထွက်ခဲ့တဲ့ အမျိုးသားတစ်ဦးမှာ Monkeypox မျောက်ကျောက် ရောဂါကူးစက်ခံရမှု တစ်ခုကို အတည်ပြုခဲ့တယ်လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက မေလ ၁၈ရက်မှာ ပြောပါတယ်။  “ရောဂါပိုးဟာ မျောက်ကျောက်ရောဂါဖြစ်တယ်ဆိုတာ ဓာတ်ခွဲခန်းတွေက ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ အတည်ပြုခဲ့တယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ”မန္တလာသွေးတွေရဲရဲတောက် စစ်ဖိနပ်အောက် ဒူးမထောက်”စာသားကိုင်ဆောင်ချီတက်

ဒီနေ့ မေလ ၁၉ရက်နေ့ မှာအကြမ်းဖက် စစ်အုပ်စုဖမ်းဆီးပိတ်ဆို့မှုတွေ တင်းကြပ်နေတဲ့ကြားက မန္တလေးမြို့မှာ “မန္တလာသွေးတွေရဲရဲတောက်၊ စစ်ဖိနပ်အောက်ဒူးမထောက်” စာသားပါ ဘန်နာကိုင်ဆွဲပြီးချီတက် သပိတ်မှောက်ခဲ့ကြတာပါ။ အဆိုပါလှုပ်ရှားမှူကိုမန္တလေးသပိတ်အင်အားစုမှ ဦးဆောင်ကာ မြို့နေပြည်သူလူထု ပူးပေါင်းမှုနဲ့ ချီတက် သပိတ်မှောက်ခဲ့ကြတာပါ။