ဒေသအလိုက် သတင်းကဏ္ဍ

ဦးဇင်းနှစ်ပါးကို PDF လို့ စွပ်စွဲဖမ်းဆီးပြီး ဘုန်းကြီးကျောင်းပိုင်ငွေ သိန်း ၅၀ ကို အကြမ်းဖက်စစ်တပ် လုယက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းက ဦးဇင်းနှစ်ပါးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတဲ့အပြင် ကျောင်းပိုင်ငွေ သိန်း ၅၀ကျော်ကိုလည်း လုယက်သွားတယ်လို့ သိရပါတယ်။ ချောင်းဦးမြို့နယ်၊ ဘလွေကျေးရွာ ဘုန်းကြီးကျောင်းကမေလ ၄ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်ဖိတ်တဲ့ ငြိမ်းချမ်းရေး ABSDF မတက်ဘူးလို့ ငြင်း

အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ABSDF (ကျောင်းသားတပ်မတော်) က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်လှမ်းချက်ဟာ အားလုံးပါဝင်တဲ့ တန်းတူရည်တူ ဆွေးနွေးအဖြေရှာဖို့ ပြည့်စုံလုံလောက်တဲ့ အခင်းအကျင်းမရှိတဲ့အတွက် ABSDF အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံထောင်ထဲက နိုင်ကျဉ်း ၆၆ ဦးကို ကျိုက်မရောထောင်ဆီ လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မရွှေ့ပြောင်း

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင် (တောင်ကလေး) က နိုင်ငံရေးအကျဉ်းသား ၆၆ ဦးကို ကျိုက်မရောထောင်ဆီ လက်နက်နဲ့ ခြိမ်းခြောက်အင်အားသုံးပြီး အတင်းအဓမ္မရွှေ့ပြောင်းခဲ့ကြောင်း သိရပါတယ်။ ဒီနေ့မနက် ၆ နာရီလောက်မှာ အဓမ္မရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး ၆၆ ဦးထဲမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေလည်း ပါဝင်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရိုက်နှက်ဖမ်းဆီးခံရတဲ့ မောင်နှမ၃ဦးကို နေ့ခင်းဘက်ပြန်လွှတ်ပြီး ညဘက်မှာ ပြန်ဖမ်း

ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်းရှိ မောင်နှမ ၃ ဦးကို နေ့ခင်းဘက်ပြန်လွှတ်ပြီး နောက်ညဘက် ပြန်ဖမ်းသွားပြန်တယ်လို့ သိရပါတယ်။ ကဝမြို့နယ်၊ ခမေကြီးကျေးရွာ၊ အနောက်ဘုရားကြီးကွင်း၊ ခမေကြီးဘုရား အဆင်းနားမှာနေတဲ့ မောင်နှမ ၃ ယောက်ကို မေ ၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တည်သီးကျေးရွာက စစ်အုပ်စုနဲ့ ပျူစောထီးတွေ မိုင်းထိပြီး ၂ ဦးသေ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တည်သီးကျေးရွာမှာ စခန်းချထားတဲ့ ပျူစောထီးခေါင်းဆောင် မောင်ဆန်းဦး ဦးဆောင်တဲ့ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦး သေဆုံးသွားတယ်လို့ ဗိုလ်ကျားရိုင်း ဦးဆောင်တဲ့ ပကဖ (ရွှေဘို) အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့ သံလျက်မှော်အနောက် ရပ်ကွက်ရုံး ဗုံးပေါက်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Generation Z Power က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၈ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ပဒေသာ မိုင်းတစ်လုံးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာအုပ်စုမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၃ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ရတယ်လို့ Tanintharyi Defense Force [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG ၊ NUCC တို့ နဲ့ မလေးရှားအစိုးရ ထိတွေ့ဆက်ဆံသွားမယ်

မလေးရှား အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရေးအတွက် ဘက်ရွေးနေမှာမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့သိရပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG ကတိအတိုင်း လက်နက်အမြန်တပ်ဆင်ပေးဖို့ ဗိုလ်နဂါးတောင်းဆို

အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်နေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို တပ်ရင်းတရင်းစာ အမြန်ဆုံး လက်နက်တပ်ဆင်ပေးဖို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဗိုလ်နဂါးက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကို အိတ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုလိုက်ပါတယ်။ စစ်အုပ်စုဟာ မြန်မာ့တော်ဝင်နဂါးတပ်တော် နယ်မြေစိုးမိုးထားတဲ့ နယ်မြေတွေကို ထိုးစစ်စတင်ဖို့ ပြင်ဆင်နေတာဖြစ်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့ပေါ် ဆိုင်ကားစီးပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ် သေနတ်နဲ့ပစ်ခတ်၊လူငယ်၄ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်မှာ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို အကြမ်းဖက်စစ်တပ်ကသေနတ်နဲ့ပစ်ခတ်ခဲ့ပြီး လူငယ်၄ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဧပြီ၇ရက်နေ့၊ည ၈နာရီ၄၇မိနစ်လောက်က မုံရွာမြို့၊နတ်လူထိပ်ပန်ရပ်ကွက်အတွင်း ကင်းလှည့်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ အိမ်စီးကားနှစ်စီးအနက် တစ်စီးက အမြင့်လမ်း၊ ဘုံဆွမ်းလောင်းအနီး ဆိုင်ကယ် မောင်းလာတဲ့ပြည်သူတစ်ဦးကို သေနတ် နဲ့ ၁၅ချက်လောက်လိုက်လံပစ်ခတ်ခဲ့ပြီး နောက်ကားတစ်စီးက လူငယ်လေးဦးကို အကြမ်းဖက် [ဆက်လက်ဖတ်ရှုရန်]