မုံရွာမြို့ပေါ် ဆိုင်ကားစီးပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ် သေနတ်နဲ့ပစ်ခတ်၊လူငယ်၄ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်မှာ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို အကြမ်းဖက်စစ်တပ်ကသေနတ်နဲ့ပစ်ခတ်ခဲ့ပြီး လူငယ်၄ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။
ဧပြီ၇ရက်နေ့၊ည ၈နာရီ၄၇မိနစ်လောက်က မုံရွာမြို့၊နတ်လူထိပ်ပန်ရပ်ကွက်အတွင်း ကင်းလှည့်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ အိမ်စီးကားနှစ်စီးအနက် တစ်စီးက အမြင့်လမ်း၊ ဘုံဆွမ်းလောင်းအနီး ဆိုင်ကယ် မောင်းလာတဲ့ပြည်သူတစ်ဦးကို သေနတ် နဲ့ ၁၅ချက်လောက်လိုက်လံပစ်ခတ်ခဲ့ပြီး နောက်ကားတစ်စီးက လူငယ်လေးဦးကို အကြမ်းဖက် ဖမ်းဆီးသွားကြောင်း မုံရွာ-အမြင့် လမ်းသတင်းမှန်ပြန်ကြားရေးက ဒီနေ့မနက်ထုတ်ပြန်ပါတယ်။
မုံရွာမြို့၊ရုံးကြီးရပ်နေ အိမ်ထောင်ရှင်မတစ်ဦးက ‘မုံရွာမြို့ပေါ်မှာကို စစ်ခွေးတွေက နေ့ဘက်မှာတောင် မထင်ရင်မထင်သလိုပစ်နေတာ။ညဘက်ဆို ပိုဆိုးတယ်။နေ့ခင်းဘက် ကားတွေဆိုင်ကယ်တွေစစ်တယ်၊ငွေ ညှစ်တယ်။ပြည်သူသတ်တယ်။အဲဒါ စစ်ခွေးတွေရဲ့နေ့စဉ်အလုပ်ပဲ’လို့ ဆိုပါတယ်။
သေနတ်နဲ့ အပစ်ခံရသူမှာ ဘေးကင်းကြောင်းသိရပြီး ပြည်သူတချို့ရဲ့နေအိမ်တွေကို ကျည်ဆန်တွေထိမှန် ပေမဲ့ လုထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
မုံရွာ-အမြင့်လမ်းရှိ ပြည်သူတွေအနေနဲ့ အထူးသဖြင့် ညောင်ပင်ဇောက်၊နတ်လူထိန်ပန်ရပ်နဲ့ရွှေကုန်းရပ်ဘက်ကို ညအခါ မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်းမပြုလုပ်ကြဖို့မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက အထူးမေတ္တာရပ်ခံကြောင်းထုတ်ပြန်ပါတယ်။

Delta News

Read Previous

ဧပြီလအတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၅၀၀ကျော်ဖြစ်ပွား၊ စစ်အုပ်စုက ၃၅၀ကျော်သေဆုံး

Read Next

NUG ကတိအတိုင်း လက်နက်အမြန်တပ်ဆင်ပေးဖို့ ဗိုလ်နဂါးတောင်းဆို