ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ လက်နက်ကြီးထိလို့ တရက်တည်း ဒေသခံ ဆယ့်သုံးဦးထက် မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

ရခိုင်ပြည်နယ်က မြို့နယ်နှစ်ခုမှာ လက်နက်ကြီး ရွာထဲကျပေါက်ကွဲလို့ ဒီကနေ့ နိုဝင်ဘာ (၁၆) ရက်တရက်တည်းမှာပဲ ဒေသခံ ဆယ့်သုံးဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (AA) အဖွဲ့တို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်မီးရှို့ခဲ့တဲ့ ဆောမြို့ကရွာနှစ်ရွာ အိမ်ခြေတရာကျော် ပျက်စီးနိုင်

မကွေးတိုင်း၊ ဆောမြို့နယ်က လက်ပန်းနဲ့ ပဆုပ်ရွာတွေကို နိုဝင်ဘာ (၁၅) ရက်မှာ စစ်တပ်က မီးရှို့ခဲ့လို့ နှစ်ရွာပေါင်း အိမ်ခြေ တရာကျော်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ လက်ပန်းရွာဟာ အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ ရွာဖြစ်ပြီး မီးရှို့ခံရလို့ အိမ်ခြေထက်ဝက်လောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးမြို့မှာ လက်နက်ကြီးထိလို့ ဆယ်ကျော်သက်တဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာရှိတဲ့ မိုးဟိန်းရေသန့်ဖြန့်ချီရေး ကုမ္ပဏီဝန်းထဲကို နိုဝင်ဘာ (၁၅) ရက်ညပိုင်းမှာ လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ အသက်ဆယ့်လေးနှစ်အရွယ်ယောကျ်ားလေးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။ “သေတဲ့ကလေးကိုတော့မနက်က ဆေးရုံကနေသယ်ခဲ့ပြီးပြီ၊ဒဏ်ရာရတဲ့နှစ်ယောက်ကတော့ဆေးရုံမှာပဲ၊ ဒဏ်ရာကစိုးရိမ်ရတယ်လို့ ကြားတယ်ဗျ” ဟားခါးမြို့ခံတဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ အမျိုးသားနှစ်ဦးကို မူးယစ်ဆေးတွေနဲ့အတူ မြို့နယ် ပ.က.ဖ က ဖမ်းဆီး

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ မူးယစ်ဆေးဝါး အရောင်း အဝယ်လုပ်နေ တဲ့အမျိုးသားနှစ်ဦးကို ထား ဝယ်ပြောက်ကျားတော် လှန်ရေးတပ်ဖွဲ့ (DGRF) ကဖမ်းဆီးခဲ့ပြီး မူးယစ်ဆေး ဝါးတွေကိုမီးရှို့ဖျ က်ဆီးခဲ့တယ်လို့ နိုဝင်ဘာ (၁၅) ရက် ဒီကနေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမြို့မှာ လဝက်အတွင်း အိမ်တရာ့သုံးဆယ်ဝန်းကျင် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲကကျေးရွာတွေကိုစစ်ကောင်စီကလှည့်ပတ်စစ်ကြောင်းထိုးမီးရှို့နေလို့ အခုလဝက်အတွင်းရွာလေးရွာက နေအိမ်တရာ့ သုံးဆယ်ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလအတွင်း ကန့်ဘလူမြို့နယ်ထဲက အင်းမ၊ပ င့်သာ၊ရှမ်းကုန်းနဲ့ဆားတွင်းကြီးကျေးရွာတွေက နေ အိမ်တွေနဲ့ ပြည်သူပိုင်အဆောက်အအုံ စုစုပေါင်း (၁၂၈)လုံးကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တာ ဖြစ် တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မက္ကသာ ခဲသတ္တုမိုင်း လေကြောင်းက ပစ်ခတ်ခံရပြီး တရုတ်နိုင်ငံသားတွေ သေဆုံးမှုရှိ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် မက္ကသာ အမှတ် (၆) ခဲသတ္တုမိုင်းဘက်ကို စစ်ကောင်စီက နိုဝင် ဘာ (၁၆) ရက် မနက်နှစ်နာရီဝန်းကျင် လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်လို့ တရုတ်နိုင်ငံသားအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်လတ်က ပျူစောထီးပစ်ခတ်ခံရမှု မြို့ခံသုံးဆယ်ကျော် အဖမ်းခံရပြီး နှစ်ဦးအမှုဖွင့်တရားစွဲခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့က ပျူစောထီးခေါင်းဆောင်ဆိုသူ ခေါလေး ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီက မြို့ခံသုံးဆယ်ကျော်ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲက အသက်ခြောက်ဆယ်ကျော်အရွယ် ဆရာဝန်တဦးအပါအဝင် နှစ်ဦးကိုတော့ အမှုဖွင့်တရားစွဲတင်လိုက်တယ်လို့ သိရပါတယ်။ ကျိုက်လတ်မြို့က ပျူစောထီးခေါင်းဆောင်ဆိုသူ ခေါလေးဟာ အခုလ (၁၀) ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖမ်းဆီးခံရိုဟင်ဂျာ သုံးဆယ်ကျော်ကို ဘိုကလေးတရားရုံးက ထောင်ဒဏ်ငါးနှစ်စီ ချမှတ်

ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ကတုံးလေးကျွန်းအနီးမှာ စက်လှေပျက်ပြီး အဖမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာ တွေ ကို စစ်ကောင်စီလက်အောက်ခံ ဘိုကလေးတရားရုံးကဒီကနေ့နိုဝင်ဘာ(၁၅)ရက်မှာ နှစ်စဉ်ထောင်ဒဏ် တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကသိရပါတယ်။ အဲ့ဒီရိုဟင်ဂျာတွေထဲက (၄၈)ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ ဆန္ဒပြခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့မြို့ခံကျောင်း သားလူငယ်တွေပူးပေါင်းပြီး ဒီကနေ့ကလေးမြို့မှာ”ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှပ်ကြ” စာတန်းကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းကာလတလျှောက် ပျက်ရက်မရှိ သပိတ်စစ်ကြောင်းထွက်ခဲ့တဲ့ ကလေးမြို့ပင် မ သပိတ်စစ်ကြောင်းဟာ လတ်တလောမှာ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ အကြိုအနေနဲ့ ပညာရေး နဲ့သက်ဆိုင်တဲ့ဆောင်ပုဒ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောမြို့က ရွာနှစ်ရွာကို စစ်တပ်က မီးရှို့ပြီး သံဃာတပါးနဲ့ ရပ်မိရပ်ဖလေးဦး အဖမ်းခံရ

မကွေးတိုင်း၊ ဆောမြို့နယ်က ရွာနှစ်ရွာကို စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီး သံဃာတပါးနဲ့ ရပ်မိရပ်ဖ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆောမြို့နယ် ပ.က.ဖ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်က လက်ပန်းရွာကနေအိမ်တွေကို ဒီကနေ့ နိုဝင်ဘာ (၁၅) [ဆက်လက်ဖတ်ရှုရန်]