ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးတိုင်း လဝကဝန်ကြီးဟောင်း ဦးထွန်းထွန်းဦးနဲ့ သမီးဖြစ်သူအဖမ်းခံရ

NLD အစိုးရလက်ထက် ပဲခူးတိုင်း လဝက ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဦးနဲ့ သမီးဖြစ်သူတို့ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ပဲခူးတိုင်း နိုင်ငံရေး အင်အားစုတွေဆီက သိရပါတယ်။ “ဝန်ကြီးက ရှောင်နေတာ၊ ခုမှဖမ်းခံလိုက်ရတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပင်မသပိတ်ရဲ့ လူ့အခွင်အရေးလှုပ်ရှားမှုသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ် ဒေသခံပြည်သူတွေက ဒီကနေ့ ဒီဇင်ဘာ (၈) ရက်က ကလေးမြို့နယ်အတွင်း တနေရာမှာ လူ့အခွင့်အရေးနဲ့ စစ်အာဏာရှင်တော်လှန်ရေး ဆက်နွယ်နေပုံကို အသိပေး လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှား လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက “လူဖြစ်ခြင်းရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက ချင်းဘာသာရေးခေါင်းဆောင်တဦးကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်ဆယ် ကျော်ချမှတ်

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းအုပ်၊ သိက္ခာတော်ရ ဆရာတော် သျှန်းလျှန်ဆန်း (Rev.Thian Lian Sang) ကို အာဏာသိမ်း စစ်ကောင်စီက ဒီဇင်ဘာ (၇) ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က) နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပစ်ရပ်ထားချိန် ရခိုင်ပြည်နယ် မင်းပြားမြို့မှာစစ်တပ်ကကြိုတင်အသိမပေးဘဲ ပစ်ခတ်မှုတွေလုပ်လို့ ဒေသခံတွေထိတ်လန့်

စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ နှစ်ဘက်အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ဒီကနေ့ ဒီဇင်ဘာ (၈) ရက်မနက်ပိုင်းက စစ်တပ် လေ့ကျင့်ရေး သင်တန်းကျောင်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ အချက်ပေါင်းစွာများစွာ ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတွေ ကြောက်လန့်စိုးရိမ်နေကြရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရားမဝင် ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြဖို့ တိုက်တွန်းခဲ့တဲ့ ကလေးမြို့ ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့ခံပြည်သူတွေဟာ ” တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး ဒီဇင်ဘာ (၇) ရက် ဒီကနေ့မှာ စစ်အာဏာရှင်ကိုဆန့်ကျင် သပိတ်မှောက်ခဲ့ကြပါတယ်။ စစ်ကောင်စီက ကျင်းပမယ်လို့ ကြေငြာထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ပါဝင်ပူးပေါင်းခြင်းမရှိဘဲပြည်သူလူထုအားနဲ့တိုက်ဖျက်ကြဖို့ နှိုးဆော်တာဖြစ်တယ်လို့သပိတ်မှာပါဝင်သူတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက် နမ့်ဆန်မှာ TNLA နဲ့ စစ်တပ်တိုက်ပွဲဖြစ်ပြီး လေကြောင်းကဗုံးကျဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ ဒီကနေ့ ဒီဇင်ဘာ (၇) ရက် နေ့လယ်ပိုင်းကနေ လက်ရှိအချိန်အထိတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “စခန်းတွေရှိတဲ့နေရာတွေကို ဦးတည်ပြီးတော့မှ လေယာဉ်ပျံတွေပျံပြီးမှ အခုဒရုံးတွေနဲ့ သူတို့က လိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သေဒဏ်ချခံထားရတဲ့ ကျောင်းသားလူငယ်တွေအတွက် ကျိုက်မရောအကျဉ်းထောင်က နိုင်ကျဉ်းတွေ အစာငတ်ခံဆန္ဒပြတာတွေဆက်လုပ်မယ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာသေဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းတွေအတွက် ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာထောင်တွင်းမှာ အစာငတ်ခံဆန္ဒထုတ်ဖော်နေကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။ “ ကျွန်တော်တို့ သိသလောက်ကတော့ ကျောင်းသား ၇ ဦးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့‌ပေါ်ရပ်ကွက်တွေမှာ ပစ်ခတ်သံတွေကြားနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ မုံရွာမြို့ဝင်ရပ် အနောက်ခြမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက်ညနေပိုင်းကစလို့ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် ဒေသခံတွေ ရပ်ကွက်တွေထဲကနေ ထွက်ပြေးနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ‘’ပစ်သံတွေကတော့ ကြားနေရတာ မဆန်းတော့ဘူး။ အခုရက်ထဲ ပိုစိပ်လာတယ်။ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ တပ်ထောက်ခံသူလို့ဆိုတဲ့ သားအမိနှစ်ဦး တရက်တည်းပစ်ခတ်ခံရ

ဧရာဝတီတိုင်းဒေသကြီးထဲက ဒေးဒရဲမြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ထောက်ခံသူလို့ လူသိများတဲ့ သားအမိနှစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ညပိုင်းမှာတော့ ဒေးဒရဲမြို့နယ်ထဲက တိုးကျေးရွာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းနိုင်ငံရောက် မြန်မာ MoU အလုပ်သမားတွေ စာချုပ်ပါ အချက်အလက် ချိုးဖောက်ခံနေရ

ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်နဲ့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စာချုပ်ပါအချက်အလက် ချိုးဖောက်ခံရမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ စာချုပ်ချုပ်ပြီး အလုပ်လုပ်ဖို့သွားခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]