မင်္ဂလာဒုံက နေအိမ်နဲ့ဆိုင်ခန်းတသောင်းကျော်ကို တပ်ပိုင်မြေလို့ဆိုကာ စစ်တပ်ကဖယ်ခိုင်းထား

မင်္ဂလာဒုံမြို့နယ်က တပ်ပိုင်မြေမှာကျူးကျော်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ခန်း တသောင်းကျော်ကို စစ်တပ်က ဖယ်ရှားခိုင်းထားပြီး အပြီးဖယ်ရှားဖို့ နောက်ဆုံးသတ်မှတ်ရက်ကိုတော့ ထပ်တိုးပေးထားတယ်လို့ သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက်ခြောက်ခုလောက်က ကျူးကျော်ဆိုတဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကို စစ် တပ်က နိုဝင်ဘာ (၁၈)ရက် နောက်ဆုံးထားဖယ်ပေးဖို့ သတိ ပေးထားတာဖြစ်ပြီး မနေ့ကတော့ နောက်လေး ရက်ထပ် တိုးပေးတယ်ဆိုတဲ့အကြောင်းအသိ ပေးလာတယ်လို့ ဆိုပါတယ်။

“အခုအားချင်းဖယ်ဖို့ကြအဆင်မပြေကြဘူး”လို့ ပျဥ်းမပင်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ဖယ်ရှားဖို့စာပို့ခံထားရတဲ့ အိမ်တချို့မနေ့က စတင်ဖျက်သိမ်းရွှေ့ပြောင်းသွားကြတာရှိသလို၊ဆက် လက်စောင့်ကြည့်နေထိုင်သူတွေလည်းရှိနေသေးတယ်လို့သိရပါတယ်။

“ဖျက်သိမ်းဖို့သတိပေးခံထားရတဲ့အိမ်တွေနားမှာဒီနေ့လုံခြုံရေးတွေတင်းကြပ်စောင့်ကြည့်နေတာရှိတယ်”လို့ ဒေသခံတဦးက နိုဝင်ဘာ ၁၈ရက်မှာ DNA ကိုပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတဝန်း ကျူး ကျော် နေအိမ်တွေကို စစ်တပ်က အင်အားသုံးရှင်း လင်းဖယ်ရှား မှုတွေဆက်တိုက်လုပ်နေပြီးလူ့အခွင့်အရေးအလေးထားမူကင်းမဲ့နေတယ်လို့စောင့်ကြည့်သူတွေကပြောပါတယ်။

NLDအစိုးရလက်ထက်မှာလည်းကျူးကျော်နေအိမ်တွေကို အင်အားသုံးဖယ်ရှားတာတွေရှိခဲ့ပေမယ့် ကျူးကျော် နေထိုင်သူတွေကို စမတ်ကတ်ထုတ်ပေးပြီး အိမ်ရာအသစ်ဆီ ဂုဏ်သိက္ခာရှိစွာရွှေ့ပြောင်းနေထိုင်နိုင်ဖို့ စီမံကိန်း တချို့ကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ နိုင်ငံအနှံ့မြို့ကြီး တွေ က အခိုင်အမာ အခြေကျနေတဲ့ နေအိမ်တွေ၊ လူနေ ရပ် ကွက်တွေကို အကြောင်းအမျိုးမျိုးပြ အင်အားသုံး၊ ဖိအားပေး ဖယ်ရှားတာကို တောက်လျှောက်လုပ်နေတာပါ။