ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီက စစ်ရှောင်တွေအတွက် မိုးတွင်းကာလဆန်အလှူခံမှုစတင်

ဇွန်၊ ၁၂ တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ကူညီနိုင်ဖို့အတွက် “ဝသန်ဦးအတွက် ဆန်စုဗူး” ကမ်ပိန်းပြုလုပ်မယ်လို့ ကမ်ပိန်း ဦးဆောင်သူတွေက ပြောပါတယ်။ အဲဒီကမ်ပိန်းကို ဇွန်လ ၁၂ ရက်ကနေ ဇူလိုင်လ ၂၆ ရက်အထိ ၄၅ ရက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ ကူညီကယ်ဆယ်ရေးလုပ်မယ့်အဖွဲ့တွေ ခွင့်ပြုချက်တင်ရမယ်လို့စစ်ကောင်စီဆိုပြန်

ဇွန်၊ ၁၂ ရခိုင်မှာ မူလက ခရီးသွားလာခွင့် ခွင့်ပြုချက်ရထားပြီးသားအဖွဲ့တွေက လွှဲလို့ ကျန်အဖွဲ့အတွေအနေနဲ့ မုန်တိုင်း သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်မယ်ဆိုရင်ခွင့်ပြုချက်တင်ပြီးမှပဲပြုလုပ်ခွင့်ရမှာဖြစ်တယ်လို့ စစ် ကောင်စီနဲ့ ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ နိုင်ငံတကာနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမှာ စစ်ကောင်စီတပ်က လုံခြုံရေးဂိတ်ကိုဝင်စီးလို့ PDF တဦးဒဏ်ရာရ

ဇွန်၊ ၁၂ မကွေးတိုင်း၊ထီးလင်းမြို့နယ်၊ကျင်းကျေးရွာရှိလုံခြုံရေးဂိတ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီးဝင်စီးတာကြောင့်  အပြန်အလှန်  ပစ်ခတ်မှု ဖြစ်ခဲ့ပြီး   တပ်ဖွဲ့ဝင်တဦးဒဏ်ရာရတယ်လို့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံဆရာကျော်က ပြောပါတယ်။ ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၂၄ မှ စစ်ကောင်စီတပ်သားနဲ့ ပျူ  စောထီးပူးပေါင်းအင်အား ၁၀၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းဖိုရမ်မှာပါဝင်ခဲ့တဲ့ ကိုနွေဦးမြောင် တာဝန်ကယာယီရပ်စဲခံရ

ဇွန်၊ ၁၂ စစ်ကိုင်းတိုင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လေ့ကျင့်ရေးနဲ့အင်အားစုဆောင်းရေးတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ကိုနွေဦးမြောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေပြီးတော့ အခုလ ၁၀ ရက်မှာပဲ တာဝန်ကနေယာယီရပ်ဆိုင်း လိုက်တယ်လို့သိရပါတယ်။ ကိုနွေဦးမြောင်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်ကော်မတီ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ CDM [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန် ပါရမီလမ်းမကြီးပေါ်မှာ တညတည်းယာဉ်တိုက်မှုနှစ်ခုဖြစ်ပြီး နှစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ဇွန်၊ ၁၂ ရန်ကုန်မြို့က ပါရမီလမ်းမကြီးပေါ်မှာ မနေ့ညပိုင်းက တညတည်း ယာဉ်တိုက်မှုနှစ်ခုဖြစ်ခဲ့လို့ စုစုပေါင်း လူနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်နှင့်လှိုင်မြို့နယ်ကြား ပါရမီလမ်းမကြီးပေါ်  AD မီးပွိုင့်မှာ ဇွန်လ ၁၁ ရက်‌ည ၁၀နာရီဝန်းကျင်က အိမ်စီးကားနှစ်စီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ညောင်ဦးနဲ့ မြိတ်မြို့မှာ ရေဆင်းကူးရာက တရက်တည်း ကိုရင်နှစ်ပါးနဲ့ ဆယ်ကျော်သက်နှစ်ဦး ရေနစ်သေဆုံး

ဇွန်၊ ၁၂   မန္တလေးတိုင်း၊ ညောင်ဦးမြို့နဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့တို့မှာ ရေဆင်းကူးရာက တရက်တည်း ကိုရင်နှစ်ပါးနဲ့ ဆယ်ကျော်သက်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြတယ်လို့ ဒေသခံ ပရဟိတအသင်းတွေဆီက သိရပါတယ်။   ညောင်ဦးမြို့အနီးက ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးတဲ့ ကိုရင်နှစ်ပါးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန်းမှာ လယ်ယာမြေ အကွက်ရိုက်ရောင်းချတာတွေအရေးယူမယ်ဆိုတာကြောင့် အရောင်းအဝယ်အေးနေ

  ဇွန် ၊ ၁၁ မန္တလေးတိုင်း ၊ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာတွေကို အရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့  ကြေညာချက်ကြောင့် လတ်တလောမှာ မြေအရောင်းအဝယ်စျေးကွက် အေးသွားတယ်လို့အကျိုးဆောင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။ “ လူတွေက အဲဒီဂယက်ကြောင့် နည်းနည်းတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီတပ်ပြေးနှစ်ဦးကို စစ်ဆေးရေးဂိတ်မှာ မိလို့ ထိန်းသိမ်းထားတယ်လို့ CNDF ဆို

ဇွန် ၊ ၁၁ ချင်းပြည်နယ်၊ဖလန်းမြို့နယ်၊ရီခေါဒါရ် တပ်စခန်းကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကိုဇွန်လ ၆ ရက်မှာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  CNDF တပ်မဟာ (၁)တာဝန်ရှိသူတဦးကပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား နှစ်ဦးမှာ ရီခေါရ်ဒါ တပ်စခန်း ခလရ ၂၆၈ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ လက်နက်ကြီးကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် တဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရ

ဇွန် ၊ ၁၁ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦး သတင်းမှန် ပြန်ကြားရေး ဌာနတာဝန်ရှိသူတဦးကပြောပါတယ် ။ ခင်ဦးမြို့နယ် ၊သံဘိုရွာတောင်ဘက်မှာဇွန်လ ၉ရက်က  စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေတိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်ရဲ့  လက်နက်ကြီးကြောင့်  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆွေးနွေးပွဲအပြီး ကျေးရွာအလံနဲ့ဆိုင်းဘုတ်တွေဖျက်စီးခံရတဲ့အပေါ် TNLA ဘာပြောလဲ

ဇွန် ၊ ၁၁ ရှမ်းပြည်နယ်၊ လားရှိုးမြို့အတွင်းရှိ တအာင်းကျေးရွာ (၅) ရွာက တအာင်းအလံ၊ တအာင်းစာပေတွေနဲ့ ပြုလုပ်ထားတဲ့ ကျေးရွာအဝင်ဆိုင်းဘုတ်တွေကို  အခုရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်က ဘိုဒိုဇာနဲ့ လိုက်လံဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောဆိုကြသလို (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် [ဆက်လက်ဖတ်ရှုရန်]