ဒေသအလိုက် သတင်းကဏ္ဍ

ကလေးတွေပါမချန် သတ်ဖြတ်တဲ့စစ်တပ်ကို ဆောမြို့က ပြည်သူတွေ ဆန္ဒပြ

ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ သံအမတ်အဖြစ် ဆက်ခန့်ထားဖို့ဆောမြို့ကပြည်သူတွေ ဆန္ဒပြရာမှာ စစ်တပ်က ကလေးတွေပါမချန်သတ်ဖြတ်နေတာကို လက်မခံဘူးလို့ ထည့်သွင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြို့ခံပြည်သူလူထုအင်အား (၂,၀၀၀) ဝန်းကျင်လောက်ပါဝင်တဲ့ အဲ့ဒီဆန္ဒပြပွဲကို စက်တင်ဘာ (၁၉) ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမှာ အကြမ်းဖက်စစ်တပ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် မိဿလင်းကုန်းကျေးရွာက အသက် ၅ နှစ်အရွယ် မောင်အောင်မြင့်မြတ်ဟာ စက်တင်ဘာ ၁၇ ရက်နေ့ကသေနတ်ကျည် ရင်ဘက်ကိုကျဉ်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကဒီနေ့ထုတ်ပြန်ပါတယ်။ “ချပ်ကုန်းရွာထဲ နေရာယူထားသော စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိဿလင်ကုန်းကျေးရွာက အသက်(၅)နှစ် ကလေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့က ရန်လင်းဖိုင်ရွာကို စစ်ကောင်စီကဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က ရန်လင်းဖိုင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက စက်တင်ဘာ (၁၉) ရက် ဒီနေ့မနက်ပိုင်းမှာ ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့ကနေ တမူးမြို့ဆီလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တမူးဒေသခံကာကွယ်ရေးတပ်တွေ ရန်လင်းဖိုင် ရွာနားမှာထိတွေ့မှု ဖြစ်အပြီးမှာ စစ်တပ်ကရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ စာသင်ကျောင်းကို လေကြောင်း ကတိုက်ခိုက်မှု NUG ရှုတ်ချ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ကစာသင်ကျောင်းကို လေကြောင်းတိုက် ခိုက်မှုလုပ်ခဲ့တဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာန သုံးခုကပူးတွဲထုတ်ပြန်ပါတယ်။ ဒီပဲယင်းက လက်ယက်ကုန်းရွာမှာ လွန်ခဲ့တဲ့နှစ်ရက်က ကျောင်းဖွင့်စာသင်နေချိန်မှာပဲ စာသင်ကျောင်းကိုစစ်တပ်က လေကြောင်းကပစ်ခတ်တိုက်ပြီး စီး နင်းခဲ့လို့ ကျောင်းသားတချို့သေဆုံးခဲ့သလိုအများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့ ရဲဝန်ထမ်းအိမ်ယာအနီး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ်၅ ရပ်ကွက် ရှိ ရဲဝန်ထမ်း မိသားစုတွေ နေတဲ့ နယူးလိုင်း ရဲဝန်ထမ်းများ အိမ်ယာ ရှေ့မှာ ဒီနေ့ည ၈နာရီ ကျော် ခန့် က ဗုံးပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ ပျူစောထီးအဖွဲ့ဝင်တဦး ပစ်သတ်ခံရ

ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ (၁) မှာနေထိုင်တဲ့ စစ်တပ်သတင်းပေး ပျူစောထီးအဖွဲ့ဝင် ဝင်း မောင်ဆိုသူ ဒီကနေ့ စက်တင်ဘာ ၁၇ရက် ညနေပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ကလေး မြို့ခံတွေက DNA ကိုပြောပါတယ်။ “တစ်ရပ်ကွက်လုံးတိတ်သွားတယ်၊ခေါင်းကိုပစ်သွားတာ၊မိန်းမကိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့စခန်းတခု စီးနင်းခံရပြီး ကျပ်သိန်းငါးရာခန့် တန်ဖိုးရှိအသုံးအဆောင် များဆုံးရှုံး

မ​ကွေးတိုင်း​၊ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ သင်တန်းသားတွေနေတဲ့ စခန်းတခု စီးနင်း ဖျက်ဆီး ခံရလို့ ကျပ်သိန်းငါးရာဝန်းကျင် တန်ဖိုးရှိတဲ့အသုံးအဆောင်တွေ ဆုံးရှုံးခဲ့တယ်လို့ ရေစကြိုပကဖက ထုတ်ပြန် ပါတယ်။ “ကျွန်​တော်တို့စခန်းကို စကစ​တွေ လာတာက လမ်းပြပါလာတယ်”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သ တင်းထုတ်ပြန်ရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ ဂန့်ဂေါ မဲရွာမှာ မီးရှို့ထားတဲ့ အလောင်းနှစ်လောင်းတွေ့

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ ဂန့်ဂေါတောင်ပိုင်း မဲရွာထဲနဲ့ ရွာအနီး တောထဲမှာ သတ်ဖြတ်ပြီး မီးရှို့ခံထားရတဲ့ ရုပ်အလောင်းနှစ်လောင်းတွေ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာ ကွယ် ရေးတပ်တွေက DNA ကို ပြောပါတယ်။ အဲ့ဒီရုပ်အလောင်း နှစ်လောင်းထဲက တဦးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေကြောင်းက တိုက်ခိုက်ခံရတဲ့ ဒီပဲယင်းမှာ ဆရာမတွေနဲ့ကျောင်းသား နှစ်ဆယ်ဝန်းကျင်ဖမ်းဆီးခံရပြီး သေဆုံးသူ (၁၁)ဦးအထိရှိလာ

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ပြီးနောက် ဗုဒ္ဓ ယဉ်ကျေးမှုသင်တန်းကျောင်းတစ်ခုက စေတနာ့ဝန်ထမ်းဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသား (၂၀) ဝန်းကျင်ကို ဖမ်းဆီးသွားတယ်လို့ မြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တဦးက DNAကို ပြောပါတယ်။ လက်ယက်ကုန်းကျေးရွာကိုစီးနင်းတိုက်ခိုက်ခံရချိန်ဟာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်း ဖွင့်လှစ်သင်ကြား နေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟံသာဝတီစည်ပင်ရဲဝန်းထဲက ဗုံးပေါက်ကွဲမှု မြို့တော်ဝန်နဲ့အဖွဲ့ကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆို

ကမာရွတ်မြို့နယ်၊ဟံသာဝတီစည်ပင်ရဲဝန်းအတွင်းဗုံးပေါက်ကွဲမှုဟာ စစ်ကောင်စီခန့် ရန်ကုန် မြို့တော်ဝန် ဗိုလ်ဌေးနဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Special Task Agency (STA)အဖွဲ့ကထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိရဲ့ကားနောက်ပိုင်းထိမှန်ပျက်စီးခဲ့ပြီး တခြားထိခိုက်သေဆုံးမှုရှိမရှိကို ဆက် လက်စုံစမ်းနေတယ်လို့လည်း အဲ့ဒီအဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တိုက်ခိုက်မှုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်က တော့ အထိအခိုက်မရှိ [ဆက်လက်ဖတ်ရှုရန်]