နိုင်ငံရေး

စစ်ကိုင်းတိုင်းအတွင်း ကျဆုံးသူရဲကောင်းနဲ့ဖမ်းဆီးခံစာရင်း ကောက်ယူနေ

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်းအတွင်း ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်း တွေနဲ့ မတရား ဖမ်းဆီးခံထား ရသူတွေ စာရင်းကို ဒေသတွင်းကျောင်းသားသမဂ္ဂတွေက ကောက်ယူနေတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ မတရားဖမ်းဆီးခံရသူတွေနဲ့ ကျဆုံးသွားသူတွေရဲ့ အချက်အလက်ကို ထုတ်ပြန်လေ့မရှိသလို ပြန်လွှတ်ပေးတဲ့အခါမှာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မြို့နယ် မော်တိတ်ရဲစခန်းကို မီးရှို့ဖျက်ဆီး

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ အင်းတော်မြို့နယ် မော်တိတ်နယ်မြေရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ Indaw Revolution IRအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၅ရက်နေ့ မနက် ၂နာရီခန့်မှာ မော်တိတ်နယ်မြေရဲစခန်းကို ဝင်ရောက်ပြီး စခန်းဝန်းအတွင်းရှိ အဆောက်အဦး ၃ခုကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နာမည်ကြီးမော်ဒယ်လ် သန္တာလှိုင်ကို ရန်ကုန်လေဆိပ်မှာ အရပ်ဝတ်တွေ လာဖမ်းသွား

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ နာမည်ကြီးမော်ဒယ်လ် သန္တာလှိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရပ်ဝတ်တွေက လာဖမ်းသွားတာလို့ လေဆိပ်အသိုင်းအဝိုင်းကနေသိရပါတယ်။ နိုဝင်ဘာ၁၄ရက်နေ့က သန္တာလှိုင်ဟာ မြန်မာ့အမျိုးသားလေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်သွားဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်နေစဉ် ဖမ်းဆီးခံရတာပါ။ ‘တစ်ယောက်ပြောတာက လေယာဉ်လက်မှတ်ယူပြီး လဝက စစ်တဲ့နေရာမှာ အဖမ်းခံရတာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး ၅ရက်တာလှုပ်ရှားမှု အီတလီမှာကျင်းပမယ်

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ “ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း – မြန်မာနိုင်ငံ ဒီမိုကရေစီအရေး” ခေါင်းစဉ်နဲ့မြန်မာ့အရေးလှုပ်ရှားမှုကို အီးတလီနိုင်ငံ၊ပါးမားမြို့မှာ ၅ရက်ကြာကျင်းပသွားမယ်လို့သိရပါတယ်။ မြန်မာ့အရေးလှုပ်ရှားမှုကို ဒေသစံတော်ချိန် နိုဝင်ဘာ၁၅ရက်ကနေ၁၉ရက်နေ့အထိ ပါးမားမြို့တော်၊ Celvi Institute နဲ့ အီတလီ-မြန်မာမိတ်ဆွေအဖွဲ့ Giuseppe [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုန်းကြီးကျောင်းမှာစုထားတဲ့ ရွာအပိုင်ရိက္ခာကို အကြမ်းဖက်စစ်တပ် လုယက်

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပုလဲမြို့နယ်၊နဂါးမတောင်ရွာ ဘုန်းကြီးကျောင်းမှာစုဆောင်းထားတဲ့ရွာအပိုင် ဆန်နဲ့ဆီတို့ကို အကြမ်းဖက်စစ်တပ် ကလာရောက်လုယက်သွားတယ်လို့သိရပါတယ်။ ယမန်နေ့မနက်၉နာရီကျော်လောက်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဆန်တင်း၃၀၊စားဆီပိဿ၃၀နဲ့ တခြားစားစရာတွေကို လာလုယက်သွားတယ်လို့ ဒေသခံပြောက်ကျားရဲဘော်တစ်ဦးကပြောပါတယ်။ ‘ကျွန်တော်တို့ပုလဲမြေပြန့်ရွာတွေက နဂါးမတောင်ရွာကိုလှူထားတဲ့ပစ္စည်းတွေပါ။ရွာသားတွေက ရွာမှာမနေရဲလို့ ထွက်ပြေးနေရတာဆိုတော့ ဘုန်းကြီးကျောင်းမှာ ရွာအပိုင်ပစ္စည်းတွေထားခဲ့တာ။’လို့သူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောင်းဆင်းချိန် မုန့်ထွက်ဝယ်တဲ့ ၆တန်းကျောင်းသားတစ်ဦးကို စစ်အုပ်စုက အကြောင်းမဲ့ပစ်ခတ်

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်မှာ ကျောင်းဆင်းချိန် မုန့်ထွက်ဝယ်တဲ့ ၆တန်းကျောင်းသားတစ်ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ရင်ဘက်ကျည်မှန်သွားခဲ့ပြီး အရေးပေါ်ဆေးရုံတင်ပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့ ညနေ ၄နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ စစ်အုပ်စုက ပရဟိတအလှူခံပုံးငွေတွေပါ လုယက်နေ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အောင်သာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေရဲ့ နေအိမ်အချို့ကို ဖျက်ဆီးဝင်ရောက်လုယက်ပြီး ပရဟိတအဖွဲ့တွေရဲ့ အများစုပေါင်းလစဉ်အလှူခံပုံးကိုပါ ဖျက်ဆီးကာ အလှူငွေ လုယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောရေးမှာကျဆုံးသွားတဲ့ လပွတ္တာလူငယ်ရဲ့အလောင်း မိသားစုကြည့်ခွင့်မရဘဲ မီးသင်္ဂြိုဟ် 

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊လပွတ္တာမြို့က စစ်ကြောရေးမှာကျဆုံးသွားတဲ့လူငယ်တစ်ဦးရဲ့အလောင်းကို မိသားစုဝင်တွေ ကြည့်ခွင့်မရဘဲ မီးသဂြိုဟ်လိုက်တယ်လို့ နီးစပ်တဲ့သတင်းအရင်းအမြစ်ဆီက သိရပါတယ်။ လပွတ္တာမြို့၊၇ရပ်ကွက်နေ ကိုကျော်သူဝင်း(ခ)ကိုကုလားလေး(၂၃နှစ်)အပါအဝင်သူ့မိဘ နှစ်ပါးစလုံးကို နိုဝင်ဘာ၁၂ရက်နေ့မနက်ကဖမ်းဆီးခဲ့ ပြီးနောက် ၁၃ရက်နေ့ညဘက်မှာ ကိုကျော်သူဝင်းသေဆုံးသွားခဲ့တယ်လို့ လပွတ္တာ မြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဦးမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုက ၅ဦးသေ

၁၄၊နိုဝင်ဘာလ၊ ၂၀၂၁။ ရေဦးမြို့နယ် ညောင်လည်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရေဦးမြို့ပြပြောက်ကျားတပ်ဖွဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့ မနက်ပိုင်းမှာ ရေဦးမြို့ပြပြောက်ကျားတပ်ဖွဲ့ YUGနဲ့ ဝေဟင်စွန်ရဲအဖွဲ့တို့က ပဒေသာမိုင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု စခန်း၂ခုကို KIAသိမ်းပိုက်ပြီးနောက် ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နန့်စမ်း ၃ကျေးရွာက စစ်အုပ်စုတပ်စခန်းနဲ့ အောင်လင်းမှော်ဒေသမှာရှိတဲ့ တပ်စခန်း ၂ခုကို KIAက သိမ်းပိုက်ပြီးနောက်မှာ စစ်အုပ်စုက တိုက်လေယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]