ခင်ဦးက စစ်ရှောင်စခန်းမှာမွေးဖွားတဲ့ အမွှာကလေးငယ်အပါအဝင် မိခင်နဲ့ကလေးငယ်တွေ အကူအညီလိုအပ်နေ
နေ့စဉ်လိုလိုစစ်ကြောင်းထိုးမှုတွေကြား စစ်ဘေးရှောင်သောင်းချီရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစကလေးငယ်တွေဟာ အကူအညီတွေ ပိုပြီးလိုအပ်နေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းထိုးမှုကြား ထွက်ပြေးတိမ်းရှောင်ရင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာတော့ စစ်ဘေးရှောင်အမျိုးသမီးတဦးဟာ အမွှာရင်သွေးငယ်တွေကို မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ နို့မှုန့်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]