နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြောင်မှာ ဒေသခံလေးဦးအသတ်ခံရပြီး လူတသောင်းခွဲ တိမ်းရှောင်ထွက်ပြေးနေရ

မတ်၊​ ၁၄   စစ်ကောင်စီတပ်တွေဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းနှစ်ကြောင်းညှပ်ထိုးနေလို့ ဒေသခံတသောင်းခွဲ ထွက်ပြေးတိမ်းရှောင်နေရပြီး မနေ့ကတရက်တည်း လေးဦးပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။   စစ်ကောင်စီစစ်ကြောင်းနှစ်ခုဟာ မြောင်မြို့နယ်တောင်ပိုင်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာခွင့်ပြန်ရဖို့ မျှော်လင့်နေတယ်လို့ ICRC ပြော

မတ်၊ ၁၄   အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင်နဲ့ အခုလအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အကျဉ်းကျခံနေရသူတွေဆီ သွားရောက်လေ့လာသုံးသပ်ခွင့်ပြန်ရဖို့ မျှော်လင့်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC က ပြောပါတယ်။   “အကျဥ်း ကျခံနေရသူတွေဆီကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကကျွန်းလှမြို့အဝင်အထွက်ဂိတ်တွေမှာ ပြည်သူတွေကို ဖိအားပေး ကင်းစောင့်ခိုင်းနေ

မတ်၊ ၁၄ စစ်ကိုင်းတိုင်း ၊ ကျွန်းလှမြို့ အဝင်အထွက် ဂိတ်တွေမှာ ကင်းစောင့်ဖို့ မြို့ခံပြည်သူတွေကို စစ်ကောင်စီနဲ့ ပျူစော ထီးတွေက ဖိအားပေးစေခိုင်းနေပြီး မစောင့်နိုင်သူတွေကတော့ တအိမ်ထောင်ကျပ်တသောင်း ဒဏ်ကြေး ပေးနေရတယ်လို့ ကျွန်းလှဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေက ပြည်သူတွေကိုဖိအားပေးပြီး [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

နွားထိုးကြီးမြို့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မတ်၊ ၁၄ မန္တလေးတိုင်း ၊နွားထိုးကြီးမြို့နယ်ရှိ အထွေထွေ အုပ်ချူပ်ရေးမှူးရုံး၊လျှပ်စစ်ရုံးနဲ့ မြို့တော်ခန်းမသုံးနေရာကိုဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွင် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အုပ်စုနီးစပ်နီးစပ်သူတွေကပြောပါတယ်။ မနေ့က မတ်လ ၁၃ ရက်၊မနက် ၁၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်လက်ချက်နဲ့ဆယ်ရက်အတွင်းလူလေးဆယ်ကျော်သေဆုံး

မတ်၊ ၁၃ အခုလအတွင်း နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ငါးခုမှာ စစ်တပ်လက်ချက်နဲ့ သံဃာတော်တွေအပါအဝင် (၄၃)ဦး သေ ဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့် ခွဲရေး ဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယ်မြေမတည်ငြိမ်လို့ကျိုက်ထီးရိုးက အထမ်းသမားတွေ ကျပန်းလုပ်ကိုင်နေရ

မတ်၊ ၁၃ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးဘုရားတောင်အနီးတဝိုက်မှာတိုက်ပွဲမကြာခနဖြစ်ပွားတာနဲ့ နယ်မြေမတည်ငြိမ်တာတွေကြောင့်တောင်ထမ်းသမားသမားတွေဟာစားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန်နေကြရပါတယ်။ ကျိုက်ထီးရိုးဘုရားအနီးတဝိုက်ဖြစ်တဲ့ကဒိုင်ဒွတ်၊ကျောက်ဖျာ၊မဲရုံးကြီးစတဲ့ကျေးရွာတွေမှာပြီးခဲ့နှစ် နိုဝင်ဘာလကနေအခုနှစ်မတ်လဒုတိယအပတ်အထိတိုက်ပွဲဖြစ်ပွားနေတာနဲ့နယ်​မြေမတည်ငြိမ်မှုတွေရှိနေတာပါ။ အခုလိုနယ်မြေမတည်ငြိမ်တာနဲ့တိုက်ပွဲတွေမကြာခနဖြစ်ပွားတာတွေကြောင့် ကျိုက်ထီးရိုးဘုရားဖူးခရီးသည်လျော့နည်းလာတာနဲ့အတူဘုရားဖူးတွေအတွက်ဝန်ဆောင်မှုပေးနေကြတဲ့တောင်ထမ်းသမားအရေအတွက်တွေဟာလျော့နည်းလာတယ်လို့ ကင်းမွန်းချောင်းကျေးရွာကစျေးသည်အမျိုးသမီးတဦးကပြောပါတယ်။ “မနှစ်နိုဝင်ဘာလထဲက တောင်ထမ်းသမားတွေလျော့သွားတယ်။ ကြားထဲမှာပစ်ခတ်တာမကြာခဏဖြစ်တော့ ဘုရားဖူးခရီးသည်တွေလည်းနည်းသွားတာလည်းပါတယ်။နောက်ကားတွေနဲ့တက်တာရယ်တောင်တက်ရထားစီးတာရယ်ဆိုတော့အထမ်းသမားတွေအလုပ်ပါးသွားတယ်” လို့သူမကပြောပါတယ်။ ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၁၂ရက် ကျိုက်ထီးရိုးတောင်ခြေမှာပစ်ခတ်မှုဖြစ်ပွါးပြီး ဘုရားဖူးအမျိုူသမီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်လမြိုင်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ စစ်ကောင်စီက တပတ်အတွင်း ဆယ်ဦးထက်မနည်းဖမ်းဆီး

မတ်၊ ၁၃ မွန်ပြည်နယ်က မော်လမြိုင်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာစစ်ကောင်စီတပ်ဖွဲ့တွေက ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးပိုစိပ်လာပြီး ဖမ်းဆီးခံရတဲ့သူတွေ အများစုက မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ‘’သူတို့အားလုံးကို စစ်ကောင်စီက နေအိမ်မှာ ဧည့်စာရင်းဝင်စစ်ရာမှ အဖမ်းခံရတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့ NUG အပါအဝင် ကျောင်းသားသမဂ္ဂအင်အားစုတွေတိုက်တွန်း

မတ်၊ ၁၃ အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းဖို့အပါအဝင် တန်းတူညီမျှတဲ့ဖယ်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်နိုင်တဲ့အထိဆက်လက်တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့ မတ်လ ၁၃ ရက်မှာတိုက်တွန်းပြောကြားလိုက်ပါတယ်။ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့တဲ့(၃၅)နှစ်မြောက်မှာအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင်သက်ဆိုင်ရာတက္ကသိုလ်ကျောင်းသားသမဂ္ဂအသီးသီးနဲ့တကသကျောင်းသားဟောင်းများအင်အားစုတို့ ကသဝဏ်လွှာအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ အဲ့ဒီ့သဝဏ်လွှာအသီးသီးမှာကိုဖုန်းမော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တီးတိန်ဆေးရုံကြီးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီးထွက်ပြေး

မတ်၊ ၁၃ ချင်းပြည်နယ်၊ တီးတိန်မြို့ဆေးရုံကြီးမှာ ခြောက်လ ကြာတပ်စွဲထားတဲ့စစ်အုပ်စုကို ဒေသအခြေစိုက် PDF တပ်ဖွဲ့က စီး နင်းတိုက်ခိုက်ရာမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး ခဲယမ်းနဲ့စစ်အသုံးအဆောင်တချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ PDF-Zolandကသတင်းထုတ်ပြန်ပါတယ်။  တီးတိန်ဆေးရုံထဲ တပ်စွဲထားတဲ့စစ်အုပ်စုကို မတ်လ ၁၂ရက် မနေ့က ညပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ ရခိုင်ဝန်ကြီးချုပ် ကစစ် ရှောင်တွေကို နေရပ်မ​ဖြစ်မနေ ပြန်ဖို့ ဖိအားပေး

မတ်၊ ၁၃ အာဏာသိမ်းစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ထိန်လင်းဟာ ဘူးသီးတောင်မြို့နယ်က စစ်ရှောင်တွေနဲ့တွေ့ဆုံရာမှာ နေရပ်မပြန်မနေရ ပြန်ကြဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ကောင်စီဝန်ကြီးချုပ် ထိန်လင်းဟာ မတ်လ ၁၁ ရက်က ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဆီ [ဆက်လက်ဖတ်ရှုရန်]