No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ကျွန်းလှမြို့နယ်မှာဒေသခံတွေကို ပြည်သူ့စစ်သင်တန်းတတ်ရောက်ဖို့ပျူစောထီးတွေကဖိအားပေး

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေကအခုရက်ပိုင်းမှာဒေသခံပြည်သူတွေကိုပြည်သူ့စစ်သင်တန်းတတ်ရောက်ဖို့အတင်းအကျပ်ဖိအားပေးနေတယ်လို့သိရပါတယ်။ “ဒီမတ်လ၁၄ရက်နဲ့၁၅ရက်မှာကျွန်းလှမြို့နဲ့ကပ်လျက်က ရှမ်းစုကျေးရွာနဲ့တပ်ကုန်းကျေးရွာကိုပျူစောထီးတွေကအစည်းအဝေးခေါ်၊မဲနိုက်ပြီးကျတဲ့သူတွေကိုမတတ်မနေရတတ်ရောက်ရမယ် ။မတက်ရင်နေအိမ်မီးရှို့မယ်ခြိမ်းခြောက်တယ်”လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) က DNAကိုပြောပါတယ်။ အဆိုပါအစည်းဝေးကိုမတ်လ၁၄ရက်နေ့က ရှမ်းစု  ကျေးရွာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး သန်းထိုက် နဲ့ နောက်လိုက်ငတူးနဲ့ငဝင်းတို့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ် လက်ချက်နဲ့ အစုအပြုံလိုက်အသတ်ခံရတဲ့ဖြစ်စဉ် ခြောက်ဆယ်ကျော်အထိရှိနေ

မတ်၊ ၁၅ အာဏာသိမ်းစစ်တပ်က ဒီကနေ့အထိ လူငါးဦးနဲ့အထက် အစုအပြုံလိုက်သတ်ဖြတ်တဲ့ ဖြစ်စဉ် (၆၄) ခုအထိကျူးလွန်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေအတွင်း လူ (၇၆၆)ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG)က ဒီကနေ့ထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးနောက် လူထုသပိန်ဆန္ဒပြပွဲတွေကတည်းက အစုအပြုံလိုက်သတ်ဖြတ်မှုတွေကျူး လွန်ခဲ့တဲ့စစ်ကောင်စီဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီဖျက်ဆီးသွားတဲ့ ထူးကြီးရွာအတွက် ရက်ကန်းစင်တွေ စတင်လှူဒါန်း

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်ဆီးသွားတဲ့ ရိုးရာ ရက်ကန်းစင်တွေကို ဒေသခံတွေ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် လက်ရက်ကန်းစင်အသစ်တွေကို မနေ့ကစပြီး လှူဒါန်းမှုတွေလုပ်နေတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမှာ တိုက်ပွဲတွေကြောင့် ဒေသခံတထောင်ကျော် ထပ်မံစစ်ရှောင်နေ

မတ်၊ ၁၅ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ရှောင်စခန်းရှိတဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုဝင်ရောက် ခိုက်တိုက်နေတာကြောင့် အရပ်သားတွေထောင်နဲ့ချီ ဘေးလွတ်ရာကို ထပ်မံရွေ့ပြောင်းနေရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေထံမှ သိရပါတယ်။ အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

PDF အလိုမရှိကြောင်း ဆန္ဒပြပွဲကို တအိမ်တယောက်တက်ဖို့ PNO ကဖိအားပေးခဲ့

မတ်၊ ၁၅ ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ တပေါင်းကွင်းမှာ ဒီကနေ့မနက်ပိုင်းကလုပ်ခဲ့တဲ့ KNDFနဲ့PDF တွေအလိုမရှိကြောင်း ဆန္ဒပြပွဲကို တအိမ်တယောက် မဖြစ်မနေတက်ဖို့ PNO/PNA အဖွဲ့က ဖိအားပေးခိုင်း စေခဲ့ တယ်လို့ ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။  “ပအိုဝ်းဝတ်စုံ ပြည့်နဲ့ တက်ရမယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညောင်ရွှေအကျဉ်းထောင်မှာ ထောင်တွင်းအကြမ်းဖက်မှုကြောင့် နိုင်ကျဉ်းတဦးသေဆုံး၊ ဆယ်ဦးထက်မနည်းဒဏ်ရာရ

မတ်၊ ၁၅ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင်မှာ မတ် ၁၄ ရက် နံနက်ပိုင်းက ထောင်တွင်းဆူပူမှုဖြစ်ပွားရာမှာ နိုင်ငံရေး အကျဉ်းသားတဦး သေဆုံးပြီး အကျဉ်းသား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နမ်းနိန်းရွာဖြစ်စဉ် အပြန်အလှန်စွပ်စွဲမှုမှာ ဦးအောင်ခမ်းထီရဲ့ PNO က စစ်ကောင်စီဖက်ရပ်တည်

မတ်၊ ၁၄ ရှမ်းပြည်နယ်နဲ့ ကရင်နီ(ကယား(ပြည်နယ်အစပ် ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာမှာ မတ်လ ၁၁ရက်က ဖြစ်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဦးအောင်ခမ်းထီရဲ့ PNO တပ်ဖွဲ့က စစ်အုပ်စုဘက်က ရပ်တည်ကာ KNDF နဲ့အပေါင်းအပါတွေလက်ချက်ဖြစ်တယ်လို့ ဒီကနေ့ စွပ်စွဲထုတ်ပြန်လိုက်ပါတယ်။ နမ်းနိန်းရွာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီမော့ဆိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးနှစ်ဦးဒါဏ်ရာရ

မတ်၊ ၁၄ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူတွေ ရှိနေတဲ့နေရာတခုကို မြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး ၆လုံးထက်မနည်းပစ်ခေတ်ခဲ့တဲ့အတွက်  လမ်းမကြီးပေါ်သွားလာနေတဲ့ ကားတစီးထိမှန် ပြီးအမျိုးသမီးနှစ်ဦးထိခိုက်ဒါဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ မတ်လ ၁၄ရက်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်တစ်နေရာကို စစ်ကောင်စီတပ်မှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

မတ်၊ ၁၄ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင် ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ ရန်ကုန် ရွှေပြည်သာနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေပြည်တော်ရှိ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းကို လက်နက်ကြီးနဲ့ ထုခဲ့လို့ ပကဖတွေဆို

မတ်၊ ၁၄   အာဏာသိမ်းစစ်ခေါင်းဆောင် နေထိုင်တဲ့ နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အမှတ် ၆၀၄ ခြေမြန်တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပဖက) က အတည်ပြုပြောဆိုပါတယ်။   မနေ့က မတ်လ [ဆက်လက်ဖတ်ရှုရန်]