နိုင်ငံရေး

လွိုင်ကော်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲပစ်လို့ အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံး

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်၊ မနက် ၇ နာရီခွဲလောက်က အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲမရှိဘဲ ပစ်ခတ်လို့အမျိုးသမီးတဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတဦးထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်စကောထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဉီးသေဆုံးပြီး ၃၅ ဦး ပျောက်ဆုံးနေ

ဇူလိုင်၊ ၁၀ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်ကနေ ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးထဲကနှစ်ဦးသေဆုံးကြောင်းသာအတည်ပြုထားနိုင်ပြီး ကျန်တဲ့ ၃၅ ဦးကတော့အခြေအနေမသိရသေးဘဲ ပျောက် ဆုံးနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။  ကျိုက်စကောအကျဥ်းထောင်ကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေဦးမှာ လေကြာင်းကတိုက်ခိုက်လို့ စေတီတဆူအပါအဝင် အဆောက်အအုံအချို့ပျက်စီး

ဇူလိုင်၊ ၁၀   စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းက ရေမျက်ကျေးရွာကို ဇူလိုင် ၁၀ ရက်ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စေတီတဆူအပါအဝင် စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံမှ စုံစမ်းသိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘားအံ-သထုံ လမ်းပိုင်းမှာ တံတားတစင်း ဖောက်ခွဲခံရ

ဇူလိုင်၊ ၁၀   ကရင်ပြည်နယ် ဘားအံမြို့နဲ့ မွန်ပြည်နယ် သထုံမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်က တံတားတစင်း ဒီကနေ့မနက်အစောပိုင်း တနာရီလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။   သထုံ-ဘားအံ လမ်းမကြီး၊ ဘုရင်ညီနောင်ဂူ နဲ့ ဝါးပိုးတော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း PDF တပ်ဖွဲ့ဝင် ၃၅ ဦးထက်မနည်း ကျဆုံးခဲ့

ဇူလိုင်၊ ၁၀   တနင်္သာရီတိုင်းမှာ အခု ၂၀၂၃ ခုနှစ် အစကနေ ဇွန်လကုန်အထိ ခြောက်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေထံကနေ သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံရေးအကျဉ်းသားတွေ ပစ်ခတ်ခံရပြီး သေဆုံးတာ စစ်ကောင်စီရဲ့ တရားမဲ့သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ဆို

ဇူလိုင်၊ ၁၀   အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းချိန် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေဟာ စစ်ကောင်စီရဲ့ တရားမဲ့သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောဆိုကြပါတယ်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညောင်ပင်ကြီးမှာ စစ်ကောင်စီက ဒေသခံတွေကို ဧည့်စာရင်းတိုင်ပြီးမှ နေထိုင်ခွင့်ပြုနေ

ဇူလိုင်၊ ၁၀   စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ဈေးကွေ့ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ နေရပ်ပြန်နေချင်တဲ့ ဒေသခံတွေကို ဧည့်စာရင်းတိုင်ခိုင်းပြီး အိမ်ထောင်စု ဇယားများ တောင်းယူနေတယ်လို့ သိရပါတယ်။   “ မနေ့တုန်းကတော့ ကျွန်တော်တို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီတိုင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် စစ်ရှောင်ဦးရေ ပိုများလာ

ဇူလိုင်၊ ၉   တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရင်နှစ်တွေကထက် အခု ၂၀၂၃ ခုနှစ်အတွင်း စစ်ရှောင်ဦးရေ ပိုများလာရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။   ” အခုနောက်ပိုင်းမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒုတိယအကြိမ်ဖွင့်မယ့် တအောင်းထီ ပထမလထက် ပိုရောင်းရဖို့ မျှော်လင့်တယ်ဆို

ဇူလိုင်၊ ၉   ဒုတိယအကြိမ်အဖြစ် အခုလကုန်မှာ ဖွင့်လှစ်မယ့် တအောင်းအောင်ဘာလေထီလက်မှတ် ပထမအကြိမ် အရင်လကထက် ပိုရောင်းရဖို့ မျှော်လင့်တယ်လို့ အဲဒီထီနဲ့ နီးစပ်သူတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။   ” ဒီပထမလ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ ဘုန်းကြီးကျောင်းကို မိုင်းခွဲဖျက်ဆီးပြီး နေအိမ်တွေကိုမီးရှို့လို့ ဒေသခံနှစ်ထောင်ကျော် စစ်ရှောင်နေရ

ဇူလိုင်၊ ၉   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဘုန်းကြီးကျောင်းတကျောင်းကို မိုင်းခွဲဖျက်ဆီးခဲ့သလို ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တတ်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။   “ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]