နိုင်ငံတကာရေးရာ

အမေရိကန် အောက်မေ့ဖွယ်နေ့ ပွဲတော်မှာ ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တာ့ဖ်မြို့မှာကျင်းပတဲ့ အောက်မေ့ဖွယ်နေ့ ပွဲတော်တစ်ခုမှာ မေလ ၂၉ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီဂျစ်သမ္မတလောင်း Aboul Fotouh ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်

အီဂျစ်တရားရုံးတစ်ခုဟာယခင်က သမ္မတလောင်း Abdel Moneim Aboul Fotouh နဲ့ မွတ်စလင်ညီအကိုတော်များ အဖွဲ့မှ အထင်ကရပုဂ္ဂိုလ်အများအပြားကို နိုင်ငံတော်အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုအပါအဝင် စွပ်စွဲချက် တွေ အတွက် မေလ ၂၉ ရက်မှာ နှစ်ရှည်ထောင်ဒဏ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ဂျီးရီးယားမှာ လူအုပ်ပြိုမှုဖြစ်ပွားပြီး လူ ၃၀ ကျော် သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Port Harcourt မြို့က ဘုရားကျောင်းပွဲတော်တခုမှာ မေလ ၂၈ရက် လူအုပ်ပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃၀ ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။ “အလှူအတန်းလုပ်ဖို့ စီစဉ်ထားတဲ့ Kings Assembly [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားဟာ ကိုဗစ်ကူးစက်မှုမကြေညာခင်ကတည်းက တရုတ်ဆီက ဆေးပစ္စည်းတွေဝယ်ယူခဲ့

ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ မြောက်ကိုရီးယားဟာ သန်းနဲ့ချီတဲ့ မျက်နှာဖုံးတွေ၊ အသက်ရှူစက် တစ်ထောင်နဲ့ ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံကနေ ရုတ်တရက် တင်သွင်းခဲ့တယ်လို့ ဘေဂျင်းက ထုတ်ပြန်တဲ့ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။  လွန်ခဲ့တဲ့ သီတင်းပတ်နှစ်ပတ်က မြောက်ကိုရီယား နိုင်ငံပိုင်မီဒီယာက ကိုဗစ်ရောဂါဖြစ်ပွားမှုကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘာကီနာဖာဆိုနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေကြောင့် လူ ၅၀ခန့် သေဆုံး

အစ္စလာမ်မစ် အကြမ်းဖက်ပဋိပက္ခတွေ မြင့်တက်နေတဲ့ ဘာကီနာဖာဆိုနိုင်ငံ အရှေ့ပိုင်းမှာ  လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေက  လူ ၅၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့  ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ရက်မှာ ပြောပါတယ်။ “Madjoari ကျေးလက်ဒေသနေထိုင်သူတွေအပေါ် ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လက်တင်အမေရိကရဲ့ပထမဆုံးမျောက်ကျောက်ရောဂါဖြစ်ပွားမှု အာဂျင်တီးနားနိုင်ငံ အတည်ပြု

အာဂျင်တီးနားနိုင်ငံက လက်တင်အမေရိကမှာ မျောက်ကျောက်ရောဂါ ပထမဆုံးဖြစ်ပွားသူ နှစ်ဦးကို မေလ ၂၇ ရက်မှာ အတည်ပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ဆေးမှုရလဒ်က မျောက်ကျောက်ရောဂါဖြစ်ပွားမှု တွေ့ရှိခဲ့တယ်။ အဲ့ဒီလူနာဟာ ကျန်းမာရေးကောင်းမွန်ပြီး သူနဲ့ အနီးကပ်ထိတွေ့နေရသူတွေကို စောင့်ကြည့်နေပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆီနီဂေါမှာ ဆေးရုံမီးလောင်မှု‌ကြောင့် မွေးကင်းစကလေးငယ် ၁၁ ဦး သေဆုံး

ဆီနီဂေါနိုင်ငံမှာ ဆေးရုံမီးလောင်မှု‌ကြောင့် မွေးကင်းစကလေးငယ် ၁၁ ဦး သေဆုံးခဲ့ပြီး မီးလောင်မှုဟာ လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီး Diouf Sarr  က မေလ ၂၆ ရက်က ပြောပါတယ်။ ဆီနီဂေါနိုင်ငံ အနောက်ဘက် ထီဗယ်ဝ်ဝါး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ၂၀၀ ကျော်ရှိလာ

  တကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၂၁၉ ခု စစ်ဆေးတွေ့ရှိထားတယ်လို့ အီးယူရဲ့ ရောဂါဗေဒဆိုင်ရာ အေဂျင်စီ ထုတ်ပြန်ချက်အရ သိရပြီး အဲဒီပမာဏဟာ ရောဂါအစုလိုက်ဖြစ်တဲ့ အာဖရိကအပြင်ဘက်မှာ တွေ့ရတဲ့ အရေအတွက် ဖြစ်ပါတယ်။   ကမ္ဘာ့နိုင်ငံပေါင်း ၁၂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Nike အမေရိကန်ကုမ္ပဏီ ရုရှားကနေ ထွက်ခွာမယ်

အမေရိကန် အားကစားဝတ်စုံထုတ်လုပ်တဲ့ Nike ကုမ္ပဏီဟာ ရုရှားနိုင်ငံရှိ အကြီးဆုံး လုပ်ငန်းလုပ်ပိုင်ခွင့်ရကုမ္ပဏီနဲ့ သဘောတူညီချက်တွေကို သက်တမ်းမတိုးတော့ဘူးလို့ သိရပါတယ်။  ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်ကစပြီး အထင်ကရ အမေရိကန်အမှတ်တံဆိပ်တစ်ခု ရုရှားကနေ နောက်ထပ် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ယူကရိန်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

 မြောက်ကိုရီးယားက ဒုံးကျည်သုံးစင်းထက်မနည်း ပစ်လွှတ်စမ်းသပ်

မြောက်ကိုရီးယားဟာ မေလ ၂၅ရက်က တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းအပါအဝင် ပဲ့ထိန်းဒုံးကျည်သုံးစင်းထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားကနေ ဒုံးကျည်နှစ်စင်းထက်မနည်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးကလည်း ပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပထမဆုံး အာရှခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားက အခုလို [ဆက်လက်ဖတ်ရှုရန်]