စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပညာရေးအခွင့်အရေးကို ချိုးဖောက်နေတာလို့ NUG ထုတ်ပြန်

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပညာရေးအခွင့်အရေးကို ချိုးဖောက်နေတာလို့ NUG ထုတ်ပြန်

Kaung For You ဖယ်ဒရယ်ပညာရေးကျောင်း အချက်အလက်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ချိတ်ဆက်ပြီး တက်နိုင်တဲ့ဘက်က ကူညီပေးသွားမယ်လို့ အမျိုးသား ညီညွတ်​ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ အချက်အလက်ပေါက်ကြားမှုကြောင့် ကျောင်းအပ်နှံထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ပညာရေး၊ အဖမ်းဆီးခံရတဲ့ဆရာ၊ ဆရာမတွေနဲ့ပတ်သတ်ပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်တွေဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးအခွင့်အရေး တွေကို ဖော်ပြထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာချက်စာ တမ်း…

Read More
ကျောင်းသားတွေနဲ့  ဆရာတွေကို  လူသားတံတိုင်းသဖွယ် အသုံးချလာနိုင်ဖွယ်ရှိတယ်လို့ ပညာရေးဘုတ်အဖွဲ့သတိပေး

ကျောင်းသားတွေနဲ့ ဆရာတွေကို လူသားတံတိုင်းသဖွယ် အသုံးချလာနိုင်ဖွယ်ရှိတယ်လို့ ပညာရေးဘုတ်အဖွဲ့သတိပေး

အခြေခံပညာကျောင်းတွေကို အဓမ္မဖွင့်လှစ်ဖို့ကြိုးပမ်းနေတာဟာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျိုး အမြတ်ရှာခြင်းသာဖြစ်တယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင်ထိစပ်၄မြို့နယ် ပညာရေးဘုတ်အဖွဲ့တွေက ထုတ်ပြန် လိုက်ပါတယ်။ ခရမ်း၊သုံးခွ၊သန်လျင်နဲ့ကျောက်တန်းပညာရေးဘုတ်အဖွဲ့တွေက ကျောင်းဖွင့်လှစ်တာနဲ့ပတ်သက်ပြီး ဒီကနေ့ မှာပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တာပါ။ စစ်အုပ်စုက အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ အတင်းအဓမ္မကြိုးပမ်းနေမှုဟာ ကလေးတွေရဲ့ ပညာရေးအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းလိုတဲ့ စိတ်စေတနာမှန်ကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်အုပ်စုအနေနဲ့  နိုင်ငံတကာမျက်နှာစာမှာ အရာမဝင်အရေးနိမ့်နေတာတွေ၊ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေ ၊ မြေပြင်သပိတ်တိုက်ပွဲတွေ ၊  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတော်လှန်ရေးတွေ၊စတာတွေကြောင့် …

Read More
ဒီနေ့ကျောင်းပြန်ဖွင့်ပေမယ့် ကျောင်းတက်သူဦးရေနည်းပါး

ဒီနေ့ကျောင်းပြန်ဖွင့်ပေမယ့် ကျောင်းတက်သူဦးရေနည်းပါး

 အကြမ်းဖက်စစ်အုပ်စုက မြန်မာတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းတွေကို ဒီကနေ့စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်အပါအဝင် မြို့တချို့တို့မှာ ကျောင်းတက်သူရှားနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ရန်ကုန်၊သုံးခွ၊ခရမ်း၊မော်လမြိုင်၊ပြည်၊မန္တလေး၊မုံရွာ၊ယင်းမာပင်နဲ့ပုလဲမြို့ပေါ်နေပြည်သူတို့ကို မေးမြန်းခဲ့ရာမှာ အဲဒီဒေသခံတွေအားလုံးက ကျောင်းတက်သူတော်တော်နည်းတယ်လို့ ပြောဆိုကြတာ ရှိနေပါတယ်။ ရန်ကုန်မြို့မှာတက္ကစီမောင်းနေသူတစ်ဦးက ကျောင်းအဆင်းအတက်တိုင်းမှာ ယာဉ်ကြောပိတ်ဆို့လေ့ရှိတဲ့ ရန်ကင်းတီတီစီနဲ့ ပြည်လမ်းပေါ်ကတီတီစီတို့မှာ ကျောင်းကားတွေကိုလည်းမတွေ့ရသလို ပုံမှန်အတိုင်း လမ်းရှင်းနေတယ်လို့ ဆိုပါတယ်။ ‘အခုရန်ကင်းတီတီစီနားရပ်နေတာ ကျောင်းသား၃ယောက်လောက်တွေ့တယ်။ဒီနေ့မနက်ကတည်းက ရန် ကုန်မြို့ပတ်နေတာ အဖြူအစိမ်းနဲ့ အဲဒီ၃ယောက်ပဲမြင်ဖူးတယ်။ရန်ကုန်တစ်မြို့လုံးအခြေအနေကိုခြုံပြီးပြော ရရင် ကျောင်းမတက်တာ ၉၉ရာခိုင်နှုန်းတောင်ကျော်မယ်ထင်တယ်’လို့သူကပြောပါတယ်။ လှိုင်မြို့နယ်၂ရပ်ကွက်မှာနေထိုင်သူအိမ်ထောင်ရှင်မတစ်ဦးက အကြမ်းဖက်စစ်အုပ်စုကို…

Read More
နိုဝင်ဘာလ ၁ရက်နေ့ ကျောင်းပြန်ဖွင့်နိုင်ဖို့ စစ်အုပ်စုကြိုးပမ်းနေ

နိုဝင်ဘာလ ၁ရက်နေ့ ကျောင်းပြန်ဖွင့်နိုင်ဖို့ စစ်အုပ်စုကြိုးပမ်းနေ

၁၀ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ နိုဝင်ဘာလ ၁ရက်နေ့မှာ အခြေခံပညာစာသင်ကျောင်းတွေ ပြန်လည်ဖွင့်နိုင်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေပါတယ်။   အခြေခံပညာကျောင်းတွေအချို့ကို စစ်အုပ်စုက ညွှန်ကြားထားတဲ့စာတွေအရ အခုလ အတွင်းမှာ စာသင်ကျောင်းတွေကို သန့်ရှင်းရေးလုပ်ထားဖို့နဲ့ နိုဝင်ဘာလဆန်းမှာ ကျောင်းပြန်ဖွင့်နိုင်ဖို့ အတွက် အသင့်ပြင်ထားကြဖို့ ထည့်သွင်းဖော်ပြထားပါတယ်။   အကြမ်းဖက်စစ်အုပ်စုဟာ အသက် ၁၂နှစ်အောက် ကလေးငယ်တွေကိုပါ စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေးတွေ လိုက်ထိုးပေးနေပြီးနောက်မှာ ပညာသင်နှစ်တစ်နှစ် နောက်မကျရေးအတွက်လို့…

Read More