အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ အရပ်သား သုံးရာကျော်သေဆုံး
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားသေဆုံးမှုသုံးရာကျော်ထိရှိလာတယ်လို့ တနင်္သာရီတိုင်းအတွင်းကသတင်းတွေကိုသုတေသနပြုစုထားတဲ့ Southern Monitor ရဲ့စစ်တမ်းအရသိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရတာနဲ့ သာမာန်ပြည်သူတွေကိုလုံခြုံရေးအကြောင်းပြချက်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့တာတွေကြောင့် အရပ်သားပြည်သူတွေသေဆုံးခဲ့ရတာလို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]