လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေဆက်လုပ်နေရင်း လူ့အခွင့်အရေးကိုလေးစားဖို့ စစ်ခေါင်းဆောင်ပြောနေ

လူထုကို ဘက်ပေါင်းစုံကနေ အခွင့်အရေးချိုးဖောက်နေပြီး သူ့ကိုဆန့်ကျင်သူတွေကို ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်ဖမ်းဆီးနေတဲ့ ငြင်းမရတဲ့သက်သေတွေကိုလူ့အခွင့်အရေ းအကဲခတ်တွေက ထောက်ပြနေကြပါတယ်။

 

စစ်အာဏာသိမ်းပြီး ၂၂ လကျော် ကြာမြင့်တဲ့ကာလအတွင်း တရားမဝင်စစ်အုပ်စုဟာ ကျေးရွာတွေကိုဗုံးကျဲ၊ မီးရှို့တာ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်တာ၊ လူငယ်တွေကိုဖမ်းဆီးညှင်းပန်းနိုပ်စက်တာ၊ ကလေးသူငယ်တွေကိုသတ်ဖြတ်တာ၊ အစားအစာမရရှိအောင် ဖြတ်တောက်တာတွေကို စစ်တပ်ကကျူးလွန်ခဲ့တယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

နိုဝင်ဘာ(၃၀) ရက်နေ့က တက္ကသိုလ်ကျောင်းသားလူငယ် () ဦးကို တံခါးပိတ် တရားရုံး ကသေဒဏ်ချမှတ်လိုက်တာဟာ ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးကိုပင် အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။

 

တဖက်မှာလည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မတရားချိတ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်ပေါင်း (၉၀၀) ကျော်၊ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ပြည်သူပေါင်း ( ၁၃၀၇၀)ဦး၊ သေဒဏ်ချမှတ်ခံထား ရသူ (၁၃၉) ဦးရှိပြီး စစ်အာဏာသိမ်းမူကို ဆန့်ကျင်တော်လှန်ကြတဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူပေါင်း ( ၂၅၆၆) ဦး ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကထုတ်ပြန်ထားပါတယ်။

 

အဆိုပါကိန်းဂဏန်းတွေဟာ AAPP ကလက်လှမ်းမီသမျှကောက်ယူထားသာ ဖြစ်ပြီး မြေပြင်အခြေအနေမှာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့ဆိုပါတယ်။

 

 NUG အနေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း တန်းတူအခွင့်အရေးနှင့် ထိခိုက်နစ်နာမူတွေကို ကုစားဖို့အာမခံချက်ပေးပြီး ကျူးလွန်သူတွေကို တာဝန်ခံမူရှိစေဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင်အခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသားနေ့ဆောင်ပုဒ်ဖြစ်တဲ့လူသားတိုင်းအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မူနှင့်တရားမျှတမူဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဖော်ဆောင်ရေးအတွက်သန်န္နိဌာန်ပြု ကြောင်းနဲ့  နိုင်ငံတကာအသိုင်းဝိုင်းကလည်း ရှေ့တန်းကနေ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်နေကြသူတွေကို ပံပိုးကြဖို့ NUG က နိူးဆော်တိုက်တွန်းထားပါတယ်။