ကလေးမြို့မှာဂိတ်စောင့်ဖို့ထွက်လာတဲ့ ရဲတပ်သားသုံးဦးတိုက်ခိုက်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာ မနေ့ဒီဇင်ဘာ ၁၀ ရက်နေ့ က မြောက်စည်းရွာရဲစခန်းကနေဂိတ်စောင့်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

မနက်အစောကြီး ပစ်ခတ်သံတွေတော်တော်ကျယ်တယ်။ အပြန်အလှန်ပစ်ကြတာဆိုတော့။ တော်တော်ကြာတော့ သူတို့ဘက်(စကစ) ကရှောက်ပစ်တဲ့တဖက်ပစ်သံပဲကြားရတော့တာ။ ရဲသုံးယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ကြားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

 

အဆိုပါတိုက်ခိုက်မူကို CDF – KKG ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုမှာ ရဲတပ်သား၃ဦးသေဆုံးတဲ့အကြောင်းကိုလည်း CDF – KKG အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။

 

 ဒီတိုက်ခိုက်မှုနောက်ပိုင်းမှာလည်း မိမိတို့အခြေပြုဒေသနဲ့ လှုပ်ရှားဧရိယာတွေမှာ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းအလိုက် ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

 CDF – KKG ဟာ ဂန့်ဂေါကလေးကဘော် ဒေသမှာ လှုပ်ရှားနေတဲ့ ချင်းအမျိုးသားဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။