နိုင်ငံရေး

စစ်တွေမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီးလူသုံးဦး သေဆုံး

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ပေါ်မှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကို ခံရလို့ အိမ် စီးကားပေါ်မှာရှိနေတဲ့ အမျိုးသား သုံးဦး သေဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ဒီကနေ့ ဇန်ဝါရီလ ၄ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အလယ်လျိုရွာမှာစစ်တပ်ကသတ်ဖြတ်ခဲ့သူ ရှစ်ဦးမှာအသက်မပြည့်သေးသူတွေနဲ့ အမျိုးသမီးတွေလည်းပါဝင်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အလယ်လျိုကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးနေချိန် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၈ဦးရဲ့ရုပ်အလောင်းတွေကို ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ဇန်နဝါရီ ၄ရက်မှာထုတ်ပြန်လာပါတယ်။   စစ်တပ်နဲ့ ပျူစောထီးတွေ အလယ်လျိူကျေးရွာကို စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်လာပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းမြို့မှာ နေအိမ်မီးလောင်မှုကြောင့် ပိတ်မိနေတဲ့ အမွှာညီအကို နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက် ၃ လမ်းမှာရှိတဲ့ နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုကြောင့်နေအိမ်ထဲတွင်  ပိတ်မိနေတဲ့ အမွှာညီအကိုနှစ်ဦး မီးလောင်သေဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁ နာရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းတိုင်းအတွင်းပညာသင်ကြားခွင့်မရတဲ့ကလေးငယ်ဦးရေတိုးပွားနေ

စစ်ကိုင်းတိုင်းအတွင်းစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်လာတာနဲ့အမျှပညာသင်ကြားခွင့်မရတဲ့ကလေးသူငယ်ဦးရေဟာလည်းတိုးပွားလာနေတယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။ “NUGကဖွင့်ထားတဲ့ကျောင်းတွေကပီဒီအက်စိုးမိုးထားတဲ့နေရာတွေမှာတော့ကောင်းကောင်းကြီးလည်ပတ်နိုင်တယ်၊ဒါပေမယ့်တချို့ရွာတွေကသုံးရွာ ပေါင်းမှတကျောင်းလောက်၊အဲ့တာတောင်မူလတန်းနဲ့မူလတန်းလွန်ပေါ့၊အထက်တန်းကနည်းတယ်၊ လိုင်းတွေကလဲမကောင်းတော့မြို့ပေါ်တွေလိုအွန်လိုင်းလဲမတတ်နိုင်ဘူး၊ပြီးတော့စစ်ကြောင်းထိုးတဲ့အခါတွေဆိုပြေးလို့ရတာရောမရတာရောလက်ယက်ကုန်းကိစ္စလဲအဲ့လိုဖြစ်ခဲ့တာပဲလေ”လို့ စစ်ကိုင်းတိုင်း အတွင်းက CDM ကျောင်းဆရာတဦးက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို လက်မခံဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေကို နိုင်ငံတဝန်းက အရွယ်စုံကျောင်းသားတွေ မတက်ဘဲ သပိတ်မှောက်တာတွေ လည်းရှိနေပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုမှုတွေအရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်မှာ တပတ်အတွင်း မြို့ခံ ဆယ့်သုံးဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ  NLDပါတီ တိုင်းပြန်ကြားရေးတာဝန်ခံအမျိုး သမီးတဦး အပါအဝင် တပတ်အတွင်း ဒေသခံ (၁၃)ဦးကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတဦးက DNA ကိုပြောပါတယ်။  NLDပါတီရဲ့ တိုင်းပြန်ကြားရေးတာဝန်ခံမမြရတနာထက်နဲ့အမျိုးသားဖြစ်သူ တို့ကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အနီးက ပင်လုံအိမ်ယာထဲမှာ စစ်ကောင်စီတပ်သားတွေကဝင်ရောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဓားစားခံအဖြစ် ဖမ်းခံရသူတွေကို စစ်ကောင်စီ ကထောင်သုံးနှစ်ကနေဆယ်နှစ်အထိချ

စစ်ကောင်စီက အလိုရှိနေတဲ့ တွံတေးမြို့က နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်မြင့်ကိုဖမ်းမမိလို့ ဓားစားခံအဖြစ် ဖမ်းသွားတဲ့ မိသားစုဝင်တွေကို ဒီဇင်ဘာလကုန်ပိုင်းမှာ သုံးနှစ်ကနေ ဆယ်နှစ် အထိ ထောင်ဒဏ်တွေချလိုက်တယ်လို့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ တွံတေးမြို့နယ်၊ကုန်းဝက်ချောင်းကျေးရွာမှာနေထိုင်တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း မချိုဇင်မြင့်ကို ဖမ်းမမိတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDM ကျောင်းဆရာဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်တဲ့အပေါ် ပညာရေးအဖွဲ့တွေကန့်ကွက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊အထက(ခွဲ)ထိန်ပုတ်ကုန်းကျောင်းကမူလတန်းပြ CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ပညာရေးသမဂ္ဂအဖွဲ့ တွေက ကန့်ကွက်ကြောင်းထုတ်ပြန်လိုက်ပါတယ်။ ဆရာဦးကောင်းခန့်ကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလကတည်းက စစ်ကောင်စီက သပြေကုန်းရွာက စစ်ကောင်စီသတင်းပေးအသတ်ခံရမှုမှာ မသင်္ကာမှုနဲ့ဖမ်းဆီးသွားပြီး ၂၀၂၂ ဒီဇင်ဘာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ တလအတွင်း ဒေသခံငါးဦးသတ်ဖြတ်ခံရပြီး နေအိမ် နှစ်ရာကျော်မီးရှို့ခံရ

စစ်တိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တလတည်းမှာတင် အသက်မပြည့်သေးတဲ့  ကျောင်းသားလူငယ်တဦးအပါအဝင် ဒေသခံ ၅ဦးသတ်ဖြတ်ခံရပြီး ကျေးရွာ နေအိမ် ၂၃၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှုတ်ထွက်ထားတဲ့ ရခိုင်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို AA က ပြန်လုပ်ခိုင်းနေတယ်လို့ဆို

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်တို့မှာ နုတ်ထွက်ထားကြတဲ့ စစ်ကောင်စီ လက်အောက်ခံကျေးရွာအုပ်ချုပ်ရေးမှူး တရာနီးပါးကို နုတ်ထွက်ခြင်းမပြုဘဲ မူလနေရာမှာ ပြန်လုပ်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ခေါ်ယူပြောဆိုလာတယ်လို့ ဆိုပါတယ်။ ULA/AAရဲ့နယ်မြေတာဝန်ခံကနုတ်ထွက်စာတင် ထားကြတဲ့ အုပ်ချုပ်ရေးမှူး တွေကို မနေ့က ဇန်နဝါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အလုပ်ထုတ်ခံထားရတဲ့မြန်မာပေါင်ချိန်စက်ရုံလုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့အရေး မပြေလည်

မြန်မာပေါင်ချိန်စက်ရုံက အလုပ်ထုတ်ခံလုပ်သားတွေထဲက လုပ်ငန်းခွင်ပြန်ဝင်ဖို့ဆုံးဖြတ်ထားသူတွေဟာ ဒီဇင်ဘာ (၂)ရက် မနေ့က စက်ရုံကိုသွားခဲ့ပေမယ့် ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းခွင်မယ့်အစီစဥ်ကိုဖျက်လိုက်တယ်လို့သိရပါတယ်။ မြန်ပေါင်ချိန်စက်ရုံက အလုပ်ထုတ်ထားတဲ့အလုပ်သမားတွေကို  လုပ်ငန်းခွင်ပြန်ဝင်ဖို့ခေါ်ခဲ့ပြီး အလုပ်မဝင်ခင် စက်ရုံကရေးထားတဲ့စည်းကမ်းချက်တွေကိုလက်မှတ်အရင်ထိုးခိုင်းတယ်လို့ဆိုပါတယ်။ အဲဒီစည်းကမ်းချက်တွေထဲမှာ လုပ်ငန်းခွင်ပြန်ဝင်ပြီးရင်အရင်ကတောင်းဆိုထားတဲ့အချက်တွေကို ပြန်ပြီးတောင်းဆိုတာမလုပ်တော့ဘူးဆိုတဲ့အချက်ပါဝင်နေတာကို လက်မခံနိုင်တာကြောင့် လက်မှတ်မထိုးဘဲပြန်ထွက်လာခဲ့ကြတာလို့ အလုပ်သမားတွေကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]