ရမည်းသင်းအကျဉ်းထောင်က နိုင်ကျဉ်းတချို့ ပြန်လွတ်လာ ကဗျာဆရာမျိုးတေဇမောင်နဲ့ NLD ပါတီဝင်တချို့ပါဝင်

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အကျဉ်းထောင်ကနေ  စစ်တပ်အာဏသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ ဒီကနေ့ဇန်နဝါရီ ၄ရက် လွတ်လပ်ရေးနေ့စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့  ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့  ပျဉ်းမနားမြို့က ကဗျာဆရာ မျိုးတေဇာမောင်၊ ရမည်းသင်းခရိုင် NLD ဥက္ကဋ္ဌဟောင်း ဦးကျော်ကျော်ဦးနဲ့ ဥတ္တရသီရိမြို့နယ် NLD အလုပ်အမှုဆောင် ကိုဇော်မင်းတို့ လွတ်မြောက်လာတဲ့ အထဲပါဝင်လာပါတယ်။

စစ်ကောင်စီက ဒီကနေ့မှာ ကျရောက်တဲ့ လွှတ်လပ်ရေးနေ့မှာ တနိုင်ငံလုံးရှိ အကျဉ်းထောင်များမှာ အကျဉ်သား ၇၀၀၀ ကျော်ကို လွှတ်ငြိမ်ခွင့်ပေးနေတာပါ။

အဲဒီအထဲမှာ မန္တလေးတိုင်းက အကျဉ်ထောင် ၅ ခုနဲ့ အလုပ်စခန်း ၇ ခုမှာ အကျဉ်းသား စုစုပေါင်း ၁၃၈၅ ဦးပါဝင်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံကသိရပါတယ်။

မန္တလေးအိုးဘိုအကျဉ်ထောင်မှာလည်း အကျဉ်းသား ၆၇၆ ဦးပြန်လည်လွှတ်မြောက်လာမယ်လို့သိရပါတယ်။  အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား တချို့ပါမယ်လို့ သတင်းတွေထွက်နေပေမယ့် လက်ရှိအချိန်အထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ သိရပါတယ်။

အိုးဘိုထောင်က  ဗကသကျောင်းသားခေါင်းဆောင်ဟောင်းလည်းဖြစ် လူဘောင်သစ်ပါတီဝင်လည်းဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း အပါအဝင် NLDပါတီ ကျောက်ပန်းတောင်းအမတ် ဦးအေးခိုင်တို့ပြန််လွတ်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။